စစ်ကောင်စီကမိုခါမုန်တိုင်းသင့်ရခိုင်ပြည်နယ်မှာပြည်တွင်းပြည်ပအဖွဲ့အစည်းတွေခရီးသွားလာခွင့်ရပ်ဆိုင်းလိုက်တာကြောင့်အရေးပေါ်အကူအညီများလိုအပ်နေတဲ့ပြည်သူတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ရခိုင်မှာကုန်ဈေးနှုန်းတွေတအားတက်နေပြီးပြင်ပကအကူအညီတွေလိုအပ်နေချိန်မှာအခုလိုစစ်ကောင်စီကတင်းကျပ်လိုက်တာပဲ။သူတို့ကိုယ်တိုင်လဲနိုင်ငံတချို့ကပေးအပ်တဲ့အကူအညီတွေကိုစနစ်တကျမစီမံနိုင်ပဲလာဘ်စားမှုတွေရှိနေတယ်။
ပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အိမ်ဆောက်ပစ္စည်းတွေဝယ်ယူရာမှာလဲကန့်သတ်ချက်တွေရှိနေတယ်။ရန်ကုန်အပါအဝင်တခြားမြို့တွေကသယ်ယူမယ့်အိမ်ဆောက်ပစ္စည်းတွေကိုစစ်ကောင်စီခန့်နယ်လုံဝန်ကြီးခွင့်ပြုချက်နဲ့တင်သွင်းနေရတယ်။ကိုယ်အိမ်ကိုယ်ပြန်ပြင်ဖို့သွပ်ဝယ်ရန်နယ်လုံဝန်ကြီးလက်မှတ်လိုတယ်တဲ့။မကြားဖူးတာတွေကြားနေရတယ်။