ဟစ်ဟော့အဆိုတော်ဗျူဟာဟာလူမှုကွန်ယက်ကနေစစ်ကောင်စီကိုဝေဖန်မိလို့ဖမ်းဆီးခြင်းခံလိုက်ရတယ်။အဆိုတော်ဗျုဟာဟာသူ့ဖေ့ဘုတ်ပေ့ကနေပြီးရန်ကုန်မှာဆိုးရွားစွာပြတ်တောက်နေတဲ့လျှပ်စစ်မီးအကြောင်းကိုဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကအခြေအနေနဲ့နှိုင်းယှဉ်ဝေဖန်မိရာကနေအိမ်မှာအင်အားအများအပြားသုံးပြီးလာရောက်ဖမ်းဆီးခြင်းခံလိုက်ရတယ်။ဖမ်းဆီးခံရပြီးနောက်စစ်ကောင်စီဘက်တော်သားလူမှုကွန်ယက်စာမျက်နှာတွေမှာထိုးကြိတ်ခံထားရတဲ့မျက်နှာနဲ့ပုံတွေတက်လာတယ်။သူ့ကိုဘယ်ပုဒ်မတပ်မယ်သေချာမသိသေးပေမယ့်နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ၅၀၅ပဲတပ်ဖို့များတယ်။စစ်ကောင်စီလက်အောက်မှာပြည်သူတွေဟာလွတ်လပ်စွာပြောဆိုခွင့်လုံးဝဆုံးရှုံးလျက်ရှိတယ်။ကအကြည်ညိုပျက်ရအောင်ကြည်ညိုစရာတစက်မှမရှိတဲ့စစ်ကောင်စီပဲ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...