မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို မနေ့က ညနေပိုင်း ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်တပ်က သီးခြားခေါ်ထုတ်ပြီးသွားပြီးနောက် အဲဒီလူတွေကို ပြန်လွှတ်ပေးဖို့ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက မေလ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းကစလို့ အစာငတ်ခံ ဆန္ဒပြနေပါတယ်။မြင်းခြံထောင် အဆောင် (၂) မှာရှိတဲ့ နိုင်ငံရေး ကျဉ်းသားတွေထဲက ခြောက်ဦးကို အကျဉ်းဦးစီး၊ ရဲနဲ့ စစ်တပ်တို့ ပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေကခေါ်ထုတ်သွားတာပါ။မနေ့က ညနေပိုင်းမှာ အဆောင်တွေကို တန်းပိတ်ထားပြီး ရုတ်တရက်ခေါ်ထုတ်သွား ခံရတာဖြစ်ပြီး ခေါ်ထုတ်ခံရသူတွေနဲ့အဆက်အသွယ်မရတာကြောင့်အသက်အန္တရာယ်စိုးရိမ်ရတယ်။အကျဉ်းထောင်ထဲမှာ ဒီနေ့နေ့လယ်ထိ လုံခြုံရေး တင်းကျပ်ထားပြီး အကျဉ်းသားတွေနေတဲ့ အဆောင်တွေကိုလည်း အပြင်ထွက်ခွင့်မပေးဘဲပိတ်လှောင်ထားသလိုအင်းအားသုံးရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်။ခေါ်ထုတ်သွားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက တစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်။စစ်ကောင်စီဟာနိုင်ငံတဝန်းအကျဉ်းထောင်တွေကနိုင်ငံရေးအကျဉ်းသားတွေအပေါ်နည်းအမျိုးမျိုးနဲ့ဥပဒေမဲ့ညှင်းပမ်းနှိပ်စက်လျက်ရှိတယ်။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...