ချင်းပြည်နယ်ဟားခါးနဲ့ထန်တလန်ကြားသီးမစ်လွင်ပြင်ဒေသမှာစစ်ကောင်စီတပ်တွေနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်။စစ်သူပုန်တွေဖက်ကအင်အား၂၀၀ခန့်နဲ့ချီတက်လာပြီးသူတို့ထိန်းချုပ်လို့မရတော့တဲ့ထန်တလန်မြို့ကိုအင်အားဖြည့်ကိုအဓိကရည်ရွယ်တာဖြစ်တယ်။တိုက်ပွဲတွေမှာလေကြောင်းပစ်ကူနဲ့လက်ကြီးဒဏ်တွေကြောင့်ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖက်မှာအကျအဆုံးများနေတယ်။အနည်ဆုံး၁၀ဦးကျော်ကျဆုံးသွားပြီးအရေအတွက်ဟာဒီထပ်ပိုတိုးလာနိုင်တယ်။ဒါပေမယ့်လဲချင်းကာကွယ်ရေးအဖွဲ့တွေဖက်ကတော့အစွမ်းကုန်ခုခံလျက်ရှိတယ်။
ချင်းပြည်နယ်ကိုပြီးခဲ့တဲ့လကစစ်ယာဉ်တန်းနှစ်ခုနဲ့စစ်တပ်ဖက်အင်အားဖြည့်တင်းလာလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုတခေါက်ထိတွေ့မှုကြီးကြီးမားမားပြန်လည်ဖြစ်ပေါ်လာတာပဲ။စစ်ကောင်စီဖဖက်ကထန်တလန်မြို့ကိုအင်အားဖြည့်ဖို့ကြိုးစားပေမယ့်မကြာမီချင်းတောင်တန်းဒေသမှာမိုးကျတော့မှာဖြစ်တာကြောင့်အောင်မြင်မယ်မထင်ဘူး။
ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့...