LATEST STORIES

မေ ၂၀၊ ၂၀၂၃။ (စနေ)

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။

Read moreDetails

မေ ၁၉၊ ၂၀၂၃။ (သောကြာ)

မြန်မာနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ပုဂံက နာမည်ကျော် ဘုရား၊စေတီ၊ ပုထိုးတွေ မုန်တိုင်းကြောင့်ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်။ ပုဂံ -ညောင်ဦးဒေသမှာ မေ(၁၃)ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လေပြင်းတွေလည်း တိုက်ခတ်ခဲ့တာကြောင့် အာနန္ဒာဘုရား ရေဝင်နစ်မြုပ်တာ၊ ဓမ္မရာဇကဘုရား အောက်ခြေအုတ်ခုံ ပြိုကျပျက်စီးတာ၊ ထီးလိုမင်းလိုဘုရားနဲ့...

Read moreDetails

မေ ၁၈၊ ၂၀၂၃။ (ကြာသပတေး)

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်ကသူတို့အစိုးရဖွဲ့ပြီးရင်မြန်မာ့အရေးကိုအထူးအာရုံစိုက်မယ်လို့ပြောသွားတယ်။လူသားချင်းစာနာမှုအကူအညီပေးရေးပလက်ဖောင်းတစ်ခုဖော်ဆောင်မှာဖြစ်ပြီးအမေရိကန်ရဲ့Burma Acts ကိုအကောင်အထည်ဖော်ဖို့USအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်မယ်။မြန်မာ့အရေးမှာသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံမယ်စသဖြင့်ပြောသွားတယ်။ဒီအတိုင်းဆိုရင်အခုလက်ရှိစစ်ကောင်စီကိုပံ့ပိုးနေတဲ့ဗိုလ်ချုပ်ကြီးဟောင်းပရာရွတ်ဦးဆောင်တဲ့အစိုးရနဲ့အတော်ကွာခြားသွားလိမ့်မယ်။လက်ရှိအနေအထားမှာထိုင်းအစိုးရအဖွဲ့အသစ်ကိုဒီမိုကရေစီအင်အားစုတွေညွန့်ပေါင်းပုံစံနဲ့ဖွဲ့နိုင်ဖို့များတယ်။သူတို့တွေအစိုးရတကယ်ဖြစ်လာရင်တော့မြန်မာပြည်အရေးအတွက်ကြီးစွာသောအထောက်အပံဖြစ်မှာသေချာတယ်။တစ်ခုပဲစိုးရိမ်စရာရှိတာကိုထိုင်းစစ်တပ်အနေနဲ့မြန်မာပြည်လိုအာဏာပြန်မသိမ်းပါစေနဲ့လို့တော့ဆုတောင်းမိတယ်။

Read moreDetails

မေ ၁၇၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

မိုခါမုန်တိုင်းဝင်ရောက်မှုကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာဒုက္ခသည်စခန်းတွေအားလုံးနီးပါးပျက်စီးသွားပြီးဒုက္ခသည်စခန်းကရိုဟင်ဂျာလူမျိုးတွေသေဆုံးမှုတွေရှိခဲ့တယ်လို့သိရတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတောင်ရိုဟင်ဂျာ၁၄၀ဦးသေဆုံးသွားပြီးNUGကတော့လေးရာကျော်သေဆုံးတယ်လို့ပြောထားတယ်။ဘယ်လောက်ပဲသေသေဒါဟာမုန်တိုင်းကိုအကြောင်းပြုပြီးစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိသတ်ဖြတ်လိုက်တာပဲ။ဘာလို့လဲဆိုတော့မုန်တိုင်းရှိနေပေမယ့်စစ်ကောင်စီကထိုသူတွေကိုလွတ်လပ်စွာရွေ့ပြောင်းခွင့်မပေးခဲ့ဘူး။ဒုက္ခသည်စခန်းတွေကလဲအနိမ့်ပိုင်းဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းဒီရေဝင်ရောက်ပြီးရိုဟင်ဂျာတွေသေဆုံးကုန်တာဖြစ်တယ်။ ဒါအပြင်စစ်ကောင်စီဟာမုန်တိုင်းကာလမှာတောင်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်။ဒေသခံတွေခင်မျာမုန်တိုင်းကိုလဲကြောက်ရ၊စစ်သူပုန်တွေရန်ကိုလဲကြောက်ရနဲ့အတော်အတိဒုက္ခရောက်နေကြတယ်။

Read moreDetails

မေ ၁၆၊ ၂၀၂၃။ (အင်္ဂါ)

အိမ်နီးချင်းထိုင်းနိုင်ငံမှာရွေးကောက်ပွဲတွေပြုလုပ်နေပါတယ်။အခုပြုလုပ်တဲ့ရွေးကောက်ပွဲမှာထိုင်းဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့လူငယ်တွေဦးဆောင်တဲ့Move Forward ပါတီနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးပါတီတို့မဲအများဆုံးနဲ့အနိုင်ရရှိခဲ့တယ်။လက်ရှိထိုင်းဝန်ကြီးချုပ်ပရာရွတ်ရဲ့စစ်တပ်ကျောထောက်နောက်ခံပါတီကတော့မဲအနည်းငယ်သာရရှိခဲ့တယ်။ဒါဟာထိုင်းပြည်သူတွေအနေနဲ့မြန်မာပြည်သူတွေလိုပဲဒီမိုကရေစီကိုဘယ်လောက်လိုလားတယ်ဆိုတာပြသလိုက်တာပဲ။ထိုင်းရွေးကောက်ပွဲမှာဒီမိုကရက်စီအင်အားစုတွေအနိုင်ရသွားတဲ့အတွက်ထိုအခင်းအကျင်းဟာမြန်မာပြည်ရဲ့တော်လှန်ရေးကိုသက်ရောက်မှုရှိလာနိုင်တယ်။မြန်မာတော်လှန်ရေးအင်အားစုတွေအနေနဲ့အကောင်းဖက်ကိုမျှော်လင့်လို့ရလာနိုင်တယ်။

Read moreDetails

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း

ပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက မှတ်ချက်ပြုထားကြပါတယ်။ ငရဲခန်းလို့ သတ်မှတ်ခေါ်တွင်ရလောက်တဲ့အထိ ဖိနှိပ်ရက်စက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ ရှိနေတာဖြစ်ပါတယ်။ မကြာသေးမီက စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မောင်ကျော် (အမည်လွှဲ)က သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံတွေ၊ ထောင်တွင်းဖိနှိပ်မှုတွေအကြောင်းကို...

Read moreDetails

ဒဲ့ညှိကြတော့ကွာ

ဒီစာက ကျနော့်သဘောထား မဟုတ်ပါဘူး။ နိုင်ငံတကာရဲ့ သဘောထားကို နားလည်သလောက် ပြန်ရေးပြတာပါ။ ဒီနေ့ ဧပြီ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံကို (၂) ရက်ကြာ လာရောက်ပြီး၊ စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့ကိစ္စ ...

Read moreDetails

မေ ၁၅၊ ၂၀၂၃။ (တနင်္လာ)

မိုခါဆိုင်ကလုံးမုန်တိုင်းဝင်ရောက်မှုကြောင့်စစ်တွေမြို့ရဲ့ကိုးဆယ်ရာခိုင်နှုန်းပျက်စီးသွားတယ်။လူသေဆုံးမှုတစ်ချို့ရှိပေမယ့်အတိအကျတော့မသိရသေးဘူး။မြို့ပေါ်မှာတော့အိမ်ဆောက်ပစ္စည်းဈေးတွေတဟုန်ထိုးမြင့်တက်ကုန်တယ်။ပိုက်ဆံရှိရင်တောင်ဝယ်လို့မရတော့ဘူး။ မုန်တိုင်းဟာရခိုင်ပြည်နယ်ကိုဝင်ရောက်ပြီးနောက်စစ်ကိုင်းတိုင်းဘက်ဆက်လက်ဝင်ရောက်ခဲ့တယ်။ဒါကြောင့်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်းကဒေသတချို့မှာရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်။တချို့ရွာတွေမှာဆိုရင်ချောင်းရေရုတ်တရက်မြင့်တက်လာတက်အတွက်ဘေးလွတ်ရာကိုချက်ချင်းရှောင်တိမ်းနေရတယ်။ထိုဒေသတွေဟာမိုးခေါင်ရေရှားအညာဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းအတွေ့အကြုံမရှိကြဘူး။မိုခါမုန်တိုင်းကြောင့်အညာဒေသတွေမှာပါလူသေဆုံးမှုတွေရှိခဲ့တယ်။

Read moreDetails

မေ ၁၄၊ ၂၀၂၃။ (တနင်္ဂနွေ)

အားကောင်းသောဆိုင်ကလုံးမုန်တိုင်းမိုခါဟာဒီနေ့မနက်ပိုင်းကစစ်တွေမြို့ကိုဖြတ်သန်းဝင်ရောက်ခဲ့ပါတယ်။လေတိုက်နှုန်းမိုင်တစ်ရာကျော်ရှိခဲ့ပြီးမုန်တိုင်းဒီရေပေနှစ်ဆယ်အထိတက်လာခဲ့တယ်။စစ်တွေမြို့ရပ်ကွက်တချို့ရေဝင်ရောက်ခဲ့ပြီးမပြောင်းရွှေ့ခဲ့တဲ့ဒေသခံတချို့ပိတ်မိနေတယ်လို့ကြားရတယ်။အခုလောလောဆယ်တော့ကူညီကယ်ဆယ်ရေးတွေမလုပ်နိုင်သေးဘူး။စစ်တွေမြို့ရဲ့အမြင့်ဆုံးဆက်သွယ်ရေးတာဝါတိုင်ကြီးကတော့ထက်ပိုင်းကျိုးသွားပြီ။ဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်သေဆုံးထိခိုက်မှုသတင်းတွေတော့မသိရသေးဘူး။ ထိုမုန်တိုင်းဟာစစ်တွေမြို့ကိုဖြတ်ပြီးနောက်စစ်ဘေးဒဏ်ခံစားနေရတဲ့စစ်ကိုင်းတိုင်းကိုဆက်လက်ဝင်ရောက်လိမ့်မယ်။NUGကတော့ကူညီကယ်ဆယ်ရေးရန်ပုံငွေဒေါ်လာတစ်သန်းမတည်ထားတယ်လို့သတင်းထုတ်ပြန်ထားတယ်။

Read moreDetails

မေ ၁၃၊ ၂၀၂၃။ (စနေ)

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာအားအလွန်ကောင်း‌သောဆိုင်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိလာခဲ့ပြီ။ပထမခန်းမှန်းထားသလိုဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုမဝင်ပေမယ့်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးကဖြတ်ကျော်ဖို့သေချာသွားခဲ့ပြီ။စစ်တွေအနီးအနားမြို့တွေကဒေသခံတချို့ကတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပေမယ့်တချို့တွေကတော့မရွှေ့ပြောင်းပဲကျန်နေကြဆဲပဲ။ရခိုင်ကမ်းရိုးတန်းဒေသဟာမုန်တိုင်းနဲ့ရင်းနှီးနေတော့တချို့တွေကမကြောက်ကြဘူးပေါ့။စစ်ကောင်စီကတော့မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုတွေဘာမှလုပ်ပေးတာမတွေ့ရပဲမုန်တိုင်းကိုရှောင်ဖို့ဂါထာရွတ်ပြီးဖောင်မျှောနေလေရဲ့။မုန်တိုင်းကဒီနေ့ညသို့မဟုတ်မနက်ဖြန်မနက်စစ်တွေကိုဝင်မှာပါ။ဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာတော့မပြောတတ်သေးဘူး။

Read moreDetails
Page 105 of 235 1 104 105 106 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist