မြန်မာနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ပုဂံက နာမည်ကျော် ဘုရား၊စေတီ၊ ပုထိုးတွေ မုန်တိုင်းကြောင့်ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်။ ပုဂံ -ညောင်ဦးဒေသမှာ မေ(၁၃)ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လေပြင်းတွေလည်း တိုက်ခတ်ခဲ့တာကြောင့် အာနန္ဒာဘုရား ရေဝင်နစ်မြုပ်တာ၊ ဓမ္မရာဇကဘုရား အောက်ခြေအုတ်ခုံ ပြိုကျပျက်စီးတာ၊ ထီးလိုမင်းလိုဘုရားနဲ့ သဗ္ဗညုဘုရား တံတိုင်းပျက်စီးတာ၊ ပုထိုးသားများဘုရား ဆင်ဝင်ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်။
ပုဂံလိုဒေသကရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေကြားမှာရေဝင်ရောက်ရင်ရှေးဟောင်းအဆောက်အဦးတွေမြန်မြန်ပျက်စီးလိမ့်မယ်။ဒါကိုကျွမ်းကျင်သူတွေကထောက်ပြကြပေမယ့်ခေတ်အဆက်ဆက်ပြုပြင်မှုမရှိခဲ့ဘူး။စစ်အာဏာရှင်တွေလက်အောက်မှာဆိုတော့ပိုဆိုးတာပေါ့။ဒါ့အပြင်စစ်ကောင်စီကဘုရားတွေကြားရေဝင်နေတဲ့ပုံတွေကိုရိုက်ပြီးလိုင်းပေါ်တင်တဲ့လူတွေကိုလိုက်လံဖမ်းဆီးနေတယ်လို့သိရတယ်။ဒီဓာတ်ပုံတွေဟာသူတို့ကိုဘာထိခိုက်မှာမို့လို့လဲ။အဓိပ္ပါယ်မရှိတာတွေချည်းလျောက်လုပ်နေတဲ့ဦးနှောက်မရှိတဲ့ခွေးတွေပဲ။