LATEST STORIES

မေ ၁၂၊ ၂၀၂၃။ (သောကြာ)

စစ်ကောင်စီဟာသူတို့ဘက်လက်နက်ချတဲ့သူတွေကိုမက်လုံးတစ်ခုပေးလိုက်ပြီ။လက်နက်နဲ့တကွသူတို့ဘက်ကိုပြန်လာရင်လက်နက်အမျိုးအစားပေါ်မူတည်ပြီးဆုငွေတွေပေးမယ်လို့သတင်းထုတ်ပြန်လိုက်တယ်။ရိုင်ဖယ်တလက်ကိုသိန်းငါးဆယ်ကစပြီးပစ္စတို၊လက်လုပ်သေနတ်၊လမ်းလျှောက်စကားပြောစက်တွေအတွက်ဆုငွေအမျိုးမျိုးပေးမယ်လို့မက်လုံးပေးထားတယ်။ သူတို့ဘယ်လိုမက်လုံးပေးပါစေ၊လက်နက်လာအပ်မယ့်တော်လှန်ရေးအဖွဲ့အဝင်တစ်ဦးတစ်ယောက်မှရှိမှာမဟုတ်ဘူး။တော်လှန်ရေးအဖွဲ့တွေကလူတိုင်းဟာပြင်းထန်တဲ့ခံယူချက်တွေနဲ့တိုက်ပွဲဝင်နေကြတာဆိုတော့ငွေဘယ်လောက်များနေပါစေမက်လုံပေးလဲအလကားပါပဲ။ပြီးတော့စစ်ကောင်စီဆိုတာယုံရတာမှာမဟုတ်တာ။တစ်ဦးတစ်လေလောက်များစိတ်ပြောင်းပြီးလက်နက်သွားအပ်ရင်တောင်မှဆုကြေးရမှာမဟုတ်ပဲစစ်ကြောရေးရောက်သွားဖို့သာပိုနီးစပ်နေတယ်။စစ်အုပ်စုဟာသူတို့ရဲ့ဉာဏ်တထွာတမိုက်လောက်နဲ့တော်လှန်ရေးကိုသွေးခွဲဖို့ကြိုးစားနေတယ်။

Read moreDetails

မေ ၁၁၊ ၂၀၂၃။ (ကြာသပတေး)

ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်ညောင်ပင်သာရွာမှာကလေးငယ်၇ဦးအပါအဝင်စုစုပေါင်းဒေသခံ၁၈ဦးကိုစစ်သူပုန်တွေကဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်သွားပါတယ်။ကလေးငယ်တွေထဲမှာခြောက်နှစ်အရွယ်ကလေးငယ်တစ်ယောက်ပါပါဝင်တယ်။ ထိုရွာအနီးမှာPDFတွေနဲ့စစ်သူပုန်တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်သူပုန်၃၀ခန့်အကျအဆုံးတွေရှိခဲ့တယ်။ထိုတိုက်ပွဲတွေပြီးနောက်စစ်သူပုန်တွေကလက်စားချေတဲ့အနေနဲ့မဆိုင်တဲ့အရပ်သားပြည်သူရွာသားတွေကိုသတ်ဖြတ်သွားတာပဲ။ ပဲခူးတိုင်းအတွင်းမှာအရင်ကတည်းကစစ်တပ်ဖက်ကစစ်ကြောင်းထိုးတာတွေရှိခဲ့ပေမယ့်အခုလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမရှိခဲ့ဘူး။အခုတော့စစ်သူပုန်တွေဟာနေရာမရွှေး၊ဒေသမရွှေးစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်မယ့်ပုံပဲ။

Read moreDetails

မေ ၁၀၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဘင်္ဂလားပင်လယ်အော်ဘက်မှာမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးဆိုင်ကလုံးမုန်တိုင်းအဖြစ်အားကောင်းလာကာမြန်မာနိုင်ငံဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖက်ဝင်လာနိုင်တယ်လို့မိုးလေဝသကျွမ်းကျင်သူတွေကခန့်မှန်းထားတယ်။၂၀၀၈ခုနှစ်ကမြန်မာပြည်သူအသက်ပေါင်းများစွာကိုနုတ်ယူသွားခဲ့တဲ့နာဂစ်မုန်တိုင်းဟာလဲဒီလိုအချိန်မှာပဲဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုဝင်ရောက်ခဲ့တယ်။တူညီတာတစ်ခုကဒီကာလမှာစစ်အာဏာရှင်တွေမြန်မာပြည်မှာရှိနေတာပဲ။သူတို့တွေလက်ထက်မှာမုန်တိုင်းဒဏ်သာခံရရင်မြန်မာပြည်သူတွေနူရာဝဲဆွဲဖြစ်တော့မယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆိုတာလူဦးရေသန်းချီပြီးနေထိုင်ရာဒေသတစ်ခုပါ။ထိုနေရာကိုမုန်တိုင်းဝင်လာရင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်အမြောက်အများဆုံးရှုံးလိမ့်မယ်။စစ်ကောင်စီကဘာမှလုပ်ပေးမှာမဟုတ်ဘူး။မုန်တိုင်းတကယ်ဝင်မလာဖို့ပဲဆုတောင်းရမှာပဲ။

Read moreDetails

မေ ၀၉၊ ၂၀၂၃။ (အင်္ဂါ)

အာဆီယံအစည်းအဝေးဟာမြန်မာ့အရေးမှာထုံးစံအတိုင်းရှုံချကြောင်းထုတ်ပြန်ချက်တွေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဌဟာအင်ဒိုနီးရှားဆိုတော့မြန်မာ့အရေးအပြောင်းအလဲတချို့များဖြစ်လာမလားလို့မျှော်လင့်ခဲ့ပေမယ့်နှစ်တစ်ဝက်သာကုန်သွားတယ်၊ဘာမှထူးခြားမလာခဲ့ပါဘူး။အင်ဒိုနီးရှားဘက်ကတော့သက်ဆိုင်သူအားလုံးနဲ့တိတ်တဆိတ်တွေဆုံနေကြောင်းပြောတယ်။ဒါပေမယ့်လဲတစ်ခုခုထူးခြားလာမယ်လို့မထင်တော့ပါဘူး။ကမ္ဘာကြီးဟာမြန်မာ့အရေးတစ်ခုလုံးကိုအာဆီယံအပေါ်ပုတ်ထုတ်ပြီးခေါင်းခံခိုင်းထားတယ်။အာဆီယံကလဲဘာမှမလုပ်နိုင်တော့စစ်ကောင်စီအပေါ်ထိရောက်တဲ့အရေးယူမှုတစ်စုံတရာမရှိပဲဒီအတိုင်းပဲဆက်သွားမယ်ထင်ပါတယ်။

Read moreDetails

မေ ၀၈၊ ၂၀၂၃။ (တနင်္လာ)

အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးယာဉ်တန်းဟာရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့အနီးမှာပစ်ခတ်ခံလိုက်ရတယ်။ထိုယာဉ်တန်းဟာPNLOဆက်ဆံရေးရုံးမှာစစ်ဘေးဒုက္ခသည်တွေကိုကူညီရေးဆွေးနွေးဖို့သွားချိန်လမ်းမှာပစ်ခတ်ခံရလို့လှည့်ပြန်သွားရတယ်။ပစ်ခတ်မှုကြောင့်လူတွေထိခိုက်တာမရှိ‌ပေမယ့်ကားတွေတော့ပျက်စီးသွားတယ်။တိုက်ခိုက်မှုရဲ့တရားခံတော့မပေါ်သေးဘူး။စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေတဖက်နဲ့တဖက်လွှဲချနေကြတယ်။ တကယ်ကထိုနေရာဟာစစ်တပ်ထိန်းချုပ်မှုနယ်မြေအောက်မှာရှိနေပြီးတော်လှန်ရေးအဖွဲ့တွေအလွယ်တကူလှုပ်ရှားလို့မရတဲ့နေရာဖြစ်တယ်။ပြီးတော့အာဆီယံအစည်းအဝေးရှိတဲ့အချိန်မှာဒီကိစ္စဖြစ်လာတာဆိုတော့ဘယ်သူလုပ်တာဖြစ်နိုင်မလဲစဉ်းစားကြည့်ပေါ့။

Read moreDetails

မေ ၀၇၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ကောင်စီကအကယ်ဒမီပေးပွဲကိုသုံးနှစ်စာပေါင်းပြီးပြုလုပ်လိုက်တယ်။ထိုပွဲကိုပြည်တွင်းကအနုပညာရှင်တွေအကုန်မတက်မနေရလို့ခြိမ်းခြောက်ထားတာကြောင့်တော်တော်များများတက်ရောက်ကြတာတွေ့ရတယ်။ဒါပေမယ့်လဲထိုအကယ်ဒမီပေးပွဲသတင်းတွေလူထုကြားမှာမပြန့်နှံခဲ့ဘူး။ဘယ်သူတွေဘာရသွားတယ်ဆိုတာတောင်မသိလိုက်ဘူး။စစ်ကောင်စီလုပ်သမျှပွဲတွေအကုန်ပြည်သူကသပိတ်မှောက်ထားကြတယ်။ ထိုပွဲမှာအကယ်ဒမီရတဲ့သူတွေအတွက်လဲတကယ့်ကိုအောက်သက်သက်ဖြစ်နေမှာပဲ။စစ်ကောင်စီပေးတဲ့အကယ်ဒမီကိုပြည်သူကသပိတ်မှောက်ထားတဲ့အတွက်သူတို့လဲလွတ်လွတ်လပ်လပ်ပျော်နိုင်မယ်မထင်ဘူး။

Read moreDetails

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ဗိုလ်ချုပ်ကြီးများက တော်လှန်ရေးသမားတို့ တုံ့ပြန်၊ ခုခံနိုင်စွမ်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများကို အားပြု စစ်ဆင်နေသည်။ ဒေသအလိုက် မှိုလိုပေါက်နေသည့် တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားခုခံမှု၊ မိုင်းကို အားပြုခုခံမှုများကြောင့် မြေပြင်စစ်ကြောင်းများ...

Read moreDetails

မေ ၀၆၊ ၂၀၂၃။ (စနေ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြီးခဲ့တဲ့တပ်မတော်နေ့မှာPDFတွေနဲ့သူတို့ကိုကူညီထောက်ပံပေးနေတဲ့EAOတွေကိုအပြတ်တိုက်မယ်လို့ကြိမ်းဝါးသွားတယ်။အဲ့ဒီနောက်စစ်အသုံးစားရိတ်ကိုဒီနှစ်မှာနှစ်ဆနီးပါးမြှင့်တင်လိုက်တယ်။စစ်တပ်ကတော့ဒီနှစ်မှာမီးကုန်ရမ်းကုန်ကြမ်းမယ့်သဘောရှိတယ်။တဖက်မှာလဲNUGကနောက်ဆုံးအဆင့်တန်ပြန်ထိုးစစ်ဆင်ကာလအတွက်ပြင်ဆင်နေကြောင်းပြောထားတယ်ဆိုတော့ဒီနှစ်ထဲမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာမယ့်ပုံပဲ။မိုးရာသီကရောက်တော့မယ်ဆိုတော့မိုးတွင်းမှာပဲစစ်ဆိုင်ကြမလား၊မိုးကုန်မှဖြစ်လာမလားမပြောတတ်သေးဘူး။ပြည်သူတွေကတော့မြေဇာပင်ဖြစ်ဦးမှာပဲ။

Read moreDetails

မေ ၀၅၊ ၂၀၂၃။ (သောကြာ)

စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ လူအင်အား man power ဟာ စစ်တပ်ရဲ့လူအင်အားထက် သာလွန်နေပြီ ဖြစ်တဲ့အကြောင်း၊ အခုအချိန်မှာ တန်ပြန် ထိုးစစ် အကြို ကာလကို ရောက်နေပြီး နောက်ဆုံးအဆင့် တန်ပြန်ထိုးစစ်ဆင်ကာလအတွက်ပြင်ဆင်နေကြောင်းNUGကပြောလိုက်ပြန်တယ်။NUGကထိုကဲ့သို့လေနဲ့ပဲတိုက်နေတာအခုဆိုရင်၂၀၂၃နှစ်တဝက်ကုန်ခါနီးပါပြီ။မကြာမီမှာမိုးရာသီကာလရောက်လာပါတော့မယ်။မိုးရာသီဆိုတာမြန်မာပြည်မှာစစ်တိုက်ရခက်ခဲတဲ့ရာသီတစ်ခုပါ။အဲ့ဒီတော့NUGရဲ့ပြင်ဆင်မှုဟာမိုးကုန်တဲ့အထိသွားမယ့်သဘောရှိတယ်။ NUGကအဲ့လိုလေကြီးမိုးကြီးတွေပြောပြီးအချိန်တွေကုန်လာလိုက်တာအခုဆိုရင်တော်လှန်ရေးကာလသုံးနှစ်ထဲဝင်လာပြီ။တချို့ဒေသတွေမှာစစ်တပ်ရဲ့နောက်တန်းအခြေစိုက်တပ်ရင်းစခန်းတွေကိုတိုက်ခိုက်နိုင်မှုတွေရှိလာပေမယ့် ခုအချိန်ထိမဟာဗျူဟာမြောက်ထိုးစစ်ဆင်မှုတွေတစ်ခုမှမတွေ့ရသေးပါဘူး။တဖြည်းဖြည်းနဲ့NUG ရဲ့ထိုးစစ်ဟာသူပြောနေတဲ့လေလုံးတွေကြားမှာပဲပြီးဆုံးမသွားဖို့မျှော်လင့်တယ်။

Read moreDetails

မေ ၀၄၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကောင်စီဟာမနေ့ကကဆုန်လပြည့်နေ့မှာနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကိုပြန်လွှတ်ပေးခဲ့တယ်။ဒါပေမယ့်ထိုပြန်လွှတ်ပေးမှုဟာမြန်မာပြည်ကိုတရုတ်၊ရုရှားအပါအဝင်နိုင်ငံတကာကလာရောက်ချိန်နှင့် ချိန်ကိုက်လွှတ်ပေးခြင်းသာဖြစ်တယ်။ ဖမ်းဆီးထားတဲ့လူတွေကိုပြန်လွှတ်ပြီးသူ့ရဲ့လမ်းစဉ်ကိုလက်ခံအောင်လုပ်တာကဟိုအရင်တွေကတည်းကလည်း လုပ်နေကျပဲ။ အခုတော့ စကစနဲ့ တွေ့ဆုံမှုတွေ လုပ်လာနေကြတာနဲ့အချိန်ကိုက် စီစဉ်ထားတဲ့ အတိုင်းလျော့ပေးနေတယ်။လက်ရှိမှာစစ်ကောင်စီ၏ဖိတ်ကြားချက်ဖြင့်မြန်မာနိုင်ငံကိုတရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း၊ ရုရှားအစိုးရကိုယ်စားလှယ်အဖွဲ့တို့အပြင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN-BAC) ဥက္ကဋ္ဌတို့ရောက်ရှိနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အခါကြီးရက်ကြီးတွေမှာအကျဉ်းသားတွေလွှတ်ပေးလေ့ရှိပေမယ့်နိုင်ငံအကျဉ်းသားတွေအများဆုံးလွှတ်ပေးတာဟာဒီတကြိမ်ပထမဦးဆုံးပဲ။ဒါပေမယ့်လဲဒါဟာဖိအားတွေများနေတဲ့စစ်ကောင်စီရဲ့လှည့်ကွက်တစ်ခုပဲ။

Read moreDetails
Page 106 of 235 1 105 106 107 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist