စစ်ကောင်စီကအကယ်ဒမီပေးပွဲကိုသုံးနှစ်စာပေါင်းပြီးပြုလုပ်လိုက်တယ်။ထိုပွဲကိုပြည်တွင်းကအနုပညာရှင်တွေအကုန်မတက်မနေရလို့ခြိမ်းခြောက်ထားတာကြောင့်တော်တော်များများတက်ရောက်ကြတာတွေ့ရတယ်။ဒါပေမယ့်လဲထိုအကယ်ဒမီပေးပွဲသတင်းတွေလူထုကြားမှာမပြန့်နှံခဲ့ဘူး။ဘယ်သူတွေဘာရသွားတယ်ဆိုတာတောင်မသိလိုက်ဘူး။စစ်ကောင်စီလုပ်သမျှပွဲတွေအကုန်ပြည်သူကသပိတ်မှောက်ထားကြတယ်။
ထိုပွဲမှာအကယ်ဒမီရတဲ့သူတွေအတွက်လဲတကယ့်ကိုအောက်သက်သက်ဖြစ်နေမှာပဲ။စစ်ကောင်စီပေးတဲ့အကယ်ဒမီကိုပြည်သူကသပိတ်မှောက်ထားတဲ့အတွက်သူတို့လဲလွတ်လွတ်လပ်လပ်ပျော်နိုင်မယ်မထင်ဘူး။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...