ဘင်္ဂလားပင်လယ်အော်ဘက်မှာမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးဆိုင်ကလုံးမုန်တိုင်းအဖြစ်အားကောင်းလာကာမြန်မာနိုင်ငံဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖက်ဝင်လာနိုင်တယ်လို့မိုးလေဝသကျွမ်းကျင်သူတွေကခန့်မှန်းထားတယ်။၂၀၀၈ခုနှစ်ကမြန်မာပြည်သူအသက်ပေါင်းများစွာကိုနုတ်ယူသွားခဲ့တဲ့နာဂစ်မုန်တိုင်းဟာလဲဒီလိုအချိန်မှာပဲဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုဝင်ရောက်ခဲ့တယ်။တူညီတာတစ်ခုကဒီကာလမှာစစ်အာဏာရှင်တွေမြန်မာပြည်မှာရှိနေတာပဲ။သူတို့တွေလက်ထက်မှာမုန်တိုင်းဒဏ်သာခံရရင်မြန်မာပြည်သူတွေနူရာဝဲဆွဲဖြစ်တော့မယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆိုတာလူဦးရေသန်းချီပြီးနေထိုင်ရာဒေသတစ်ခုပါ။ထိုနေရာကိုမုန်တိုင်းဝင်လာရင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်အမြောက်အများဆုံးရှုံးလိမ့်မယ်။စစ်ကောင်စီကဘာမှလုပ်ပေးမှာမဟုတ်ဘူး။မုန်တိုင်းတကယ်ဝင်မလာဖို့ပဲဆုတောင်းရမှာပဲ။