ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်ညောင်ပင်သာရွာမှာကလေးငယ်၇ဦးအပါအဝင်စုစုပေါင်းဒေသခံ၁၈ဦးကိုစစ်သူပုန်တွေကဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်သွားပါတယ်။ကလေးငယ်တွေထဲမှာခြောက်နှစ်အရွယ်ကလေးငယ်တစ်ယောက်ပါပါဝင်တယ်။
ထိုရွာအနီးမှာPDFတွေနဲ့စစ်သူပုန်တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်သူပုန်၃၀ခန့်အကျအဆုံးတွေရှိခဲ့တယ်။ထိုတိုက်ပွဲတွေပြီးနောက်စစ်သူပုန်တွေကလက်စားချေတဲ့အနေနဲ့မဆိုင်တဲ့အရပ်သားပြည်သူရွာသားတွေကိုသတ်ဖြတ်သွားတာပဲ။
ပဲခူးတိုင်းအတွင်းမှာအရင်ကတည်းကစစ်တပ်ဖက်ကစစ်ကြောင်းထိုးတာတွေရှိခဲ့ပေမယ့်အခုလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမရှိခဲ့ဘူး။အခုတော့စစ်သူပုန်တွေဟာနေရာမရွှေး၊ဒေသမရွှေးစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်မယ့်ပုံပဲ။