LATEST STORIES

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့် ဒုက္ခမှ နေပြည်တော်ရှိ စစ်တပ်အာဏာပိုင်အဟောင်းနှင့် အသစ်များ၊ ဝန်ကြီးဌာနနှင့် တပ်ဧရိယာများ၊ ဝန်ထမ်းအိမ်ရာများ၊ ငွေပေးနိုင်သူများ ကင်းလွတ်နေကြောင်း စုံစမ်းသိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်မှ စစ်ရုံးချုပ်နှင့် တပ်ပိုင်နေရာများ၊...

Read moreDetails

မေ ၀၃၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

မြန်မာစစ်တပ်ဟာအင်အားချိနဲ့လာပြီးတပ်ဖွဲ့ဝင်အင်အားလျော့နည်းလာတယ်လို့နိုင်ငံတကာစစ်တမ်းတစ်ခုကဆိုပါတယ်။အာဏာမသိမ်းခင်ကမြန်မာစစ်တပ်ဟာတပ်ဖွဲ့ဝင်အင်အားသုံးသိန်းမှလေးသိန်းအထိရှိမယ်လို့ခန့်မှန်းခဲ့ပေမယ့်အခုအချိန်မှာထက်ဝက်ခန့်သာကျန်တော့တယ်။တကယ်တမ်းအင်အားတစ်သိန်းခွဲခန့်သာရှိပြီးအာဏာသိမ်းပြီးနောက်ပိုင်းCDMနဲ့တိုက်ပွဲမှာသေဆုံးမှုတွေကြောင့်နှစ်သောင်းကျော်ဆုံးရှုံးခဲ့တယ်။ဒါ့ကြောင့်အာဏာသိမ်းစစ်ကောင်စီဟာ အတိုက်အခံတွေရဲ့ လက်နက်ကိုင်တော်လှန်မှုကို နှိမ်နင်းဖို့နဲ့ အာဏာ ချုပ်ကိုင်မှု ခိုင်မာကျစ်လစ်အောင် မလုပ်ဆောင်နိုင်တော့ဘူးလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ကထိခိုက်သေဆုံးတဲ့အချက်အလက်တွေကိုအဆင့်အသီးသီးမှာလိမ်လည်ထားတာကြောင့်သူတို့ရဲ့အင်အားအမှန်ကိုစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေတောင်အသေအချာမသိနိုင်တော့တဲ့အခြေအနေဖြစ်နေပါပြီ။ဒီအချက်ဟာတော်လှန်ရေးအင်အားစုတွေကောင်းကောင်းအသုံးချရမယ့်အချက်တစ်ခုဖြစ်လာလိမ့်မယ်။

Read moreDetails

မေ ၀၂၊ ၂၀၂၃။ (အင်္ဂါ)

စစ်ကိုင်းတိုင်းရှိ စစ်ရှောင် ပြည်သူများအဖို့ စစ်ကောင်စီ၏ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ ကြုံတွေ့နေရသည့်အပြင် ပူပြင်း​ခြောက်​သွေ့လှ​သောဧပြီလက စတင်ကာ တစ်ပူပေါ်နှစ်ပူဆင့်စေသည်မှာ ရေရှားပါးမှုပြဿနာပဲ။စစ်ကိုင်းတိုင်းမှာ မိုးခေါင်ရေရှားမှုကြောင့် ချိုးရေအသာထား၊ သောက်သုံးရေပင် ရရှိရန်ခက်ခဲနေတယ်။ရေဆိုတစ်ရက်ခြားလောက်ပဲချိုးနေရတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဝင်ရောက်ခဲ့တဲ့ ကျေးရွာများတွင်လည်း လျှပ်စစ်ထရန်စဖော်မာများ၊ ရေဘုံဘိုင်များကို...

Read moreDetails

မေ ၀၁၊ ၂၀၂၃။ (တနင်္လာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်ကိုရောက်လာပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဒါဟာအာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံတဲ့ပထမဆုံးတရုတ်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပဲ။တရုတ်ဟာအခုနောက်ပိုင်းမှာစစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်ထောက်ခံမှုတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်။ ဒီတခေါက်တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာထူးခြားမှုတစ်ခုကအာဏာရှင်ဟောင်းဦးသန်းရွှေကိုသွားရောက်တွေ့ဆုံခဲ့တာပဲ။တရုတ်ဟာမင်းအောင်လှိုင်ကိုထိန်းချုပ်ပြောဆိုလို့မရတော့တဲ့နောက်မှာအရင်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့အကူအညီကိုရယူလိုနေတယ်လို့သုံးသပ်ကြတယ်။တချို့ကတော့အနားယူနေတဲ့ဦးသန်းရွှေပြန်ပါလာရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းမှာအပြောင်းအလဲတွေဖြစ်နိုင်မယ်လို့ယူဆကြတယ်။ဒါပေမယ့်ဘယ်လိုပဲပြောင်းလဲပါစေပြည်သူတွေအတွက်တော့ထူးမယ်မထင်ဘူး။သူတို့အချင်းချင်ကပုလင်းတူဗူးဆို့တွေပဲလေ။တရုတ်ကဘာလိုချင်တာလဲ၊စစ်ကောင်စီဘာဆက်လုပ်မှာလဲဆိုတာကိုတော့သတိထားစောင့်ကြည့်ရမယ်။

Read moreDetails

စစ်ကိုင်း၊ ထီးချိုင့်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မင်းဝံတောင်ခြေအနီးရှိ ကျေးရွာများကို စစ်ကောင်စီက ယနေ့ (ဧပြီ ၂၄) နံနက်တွင် တိုက်လေယာဉ်ဖြင့် ၆ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ထီးချိုင့်မြို့မှ အဖြောင့်တိုင်းလျှင် အနောက်ဘက်...

Read moreDetails

ဧပြီ ၃၀၊ ၂၀၂၃။ (တနင်္ဂနွေ)

မန္တလေးမြို့မှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံနေရတယ်။မန္တလေးမြို့မှာစည်ပင်သာယာရေးကော်မတီနယ်နမိတ်မြို့ပေါ်ရပ်ကွက်နေသူများကစည်ပင်ပေးသည့် ရေကို အသုံးများပြီး အခု အချိန်ကန့်ချက်ဖြင့် ရေပေးနေသလို အဝီစိတွင်းရေကို အားထားနေသည့် မြို့သစ်ပိုင်း နေသူများမှာလည်း မီးပျက်ချိန်များလို့ ရေတင်မရသည့် အခက်အခဲနှင့် ကြုံနေရတယ်။ ရေကို မီးလာတဲ့အချိန်လေး...

Read moreDetails

ဧပြီ ၂၉၊ ၂၀၂၃။ (စနေ)

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကိုရန်ပုံငွေရှာဖွေပေးနေတဲ့တော်လှန်ရေးထောက်ပို့YouTubeချန်နယ်တွေဖြစ်တဲ့ပဒေသာပင်ချန်နယ်များကိုဒီလကုန်မှာရပ်နားတော့မယ်တဲ့။အဓိကကတော့လူဝင်နှုန်းကျနေတာပဲ။အရင်ကတသိန်းလောက်ဝင်ခဲ့ရာကနေအခုနေ့တိုင်း၁၅၀၀၀လောက်ပဲဝင်တယ်။တခြားချန်နယ်တွေဆိုဒီထက်ပိုဆိုးသေးတယ်။ဒါ့ကြောင့်တလကိုဝင်ငွေသိန်း၃၀ကျော်သာရရှိတော့လို့ရပ်နားဖို့ဆုံးဖြတ်လိုက်ရတာပဲ။ အခုလိုချန်နယ်တွေ၊ကလစ်အပ်ပလီကေးရှင်းတွေအားနည်းလာနေတာတော့ကြာပါပြီ။အဓိကတော့လူတွေငြီးငွေ့လာကြတာပဲ။ပီးတော့အခုနောက်ပိုင်းမီးတွေတအားပြတ်တော့အဲ့ဒီအတွက်ကိုအချိန်မပေးနိုင်ကြတော့ဘူး။တော်လှန်ရေးကာလနှစ်နှစ်ကျော်ကြာလာပြီးတဲ့နောက်မှာထို့ကဲ့သို့အင်တာနက်အားပြုထောက်ပို့လုပ်ငန်းတွေပျောက်ကွယ်သွားတော့မယ်။

Read moreDetails

ဧပြီ ၂၈၊ ၂၀၂၃။ (သောကြာ)

ဓာတ်အားပြတ်တောက်မှုဆိုးရွားစွာဖြစ်ပေါ်နေမှုကိုဖြေရှင်းဖို့ရှော့ပင်းစင်တာတွေ၊စက်ရုံတွေမှာတပ်ထားတဲ့တနိုင်တပိုင်ဆိုလာစနစ်ကနေပိုလျှံဓာတ်အားတွေဝယ်ယူမယ်လို့စစ်ကောင်စီကစာထုတ်လိုက်တယ်။ ရှော့ပင်းစင်တာကြီးတွေနဲ့စက်ရုံတွေဟာဓာတ်အားအလုံအလောက်မရလို့အဆောက်အအုံခေါင်မိုးတွေပေါ်မှာဆိုလာပြားတွေတပ်ပြီးအဆင်ပြေသလိုဖြေရှင်းနေရတာပါ။မီးစက်ကြီးတွေရှိပေမယ့်မိုးထိုးနေတဲ့ဆီစျေးကြောင့်၂၄နာရီမီးစက်မသုံးနိုင်ကြဘူးလေ။ထိုကဲ့သို့သောကိုယ်ထူကိုယ်ထဓာတ်အားပေးစနစ်ကနေပြန်လည်ဝယ်ယူမယ်ဆိုတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာတကယ့်ကိုရီစရာဖြစ်နေတယ်။တသက်နဲ့တကိုယ်ဒါမျိုးတစ်ခါမှမကြားဖူးပါဘူး။စစ်ကောင်စီဟာနွေရာသီမှာပြတ်လတ်လေ့ရှိတဲ့ဓာတ်အားပေးစနစ်အတွက်ဘာမှကြိုတင်စီစဉ်ထားတာမရှိမှန်းသိသာစေတယ်။နောက်နှစ်နွေအတွက်တော့မတွေးရဲစရာပဲ။

Read moreDetails

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

အာဏာရှင်စနစ်တိုင်းသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် လျှို့ဝှက် စစ်ထောက်လှမ်းရေး ပုလိပ်တပ်ဖွဲ့တခု လိုအပ်သည်ဟု ယုံကြည်ကြပြီး ပိုမို ရက်စက်ကြမ်းကြုတ်လေလေ ပိုမို ထိရောက်လေလေဟု ယူဆကြသည်။ နာဇီ ဂျာမနီတွင် ၎င်းတို့၏ ဂက်စ်တာပို သို့မဟုတ် Geheime Staatzpolizei ဟု...

Read moreDetails

ဧပြီ ၂၇၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များ မြေပွေးကိုက်ခံရသောကြောင့် သေဆုံးသူများ ရှိနေသည့်အတွက် မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေတယ်။ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံများသည် စစ်ကောင်စီဘေးရန်အပြင် မြွေပွေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်။ဟိုတလောက ရှစ်နှစ်သားကျောင်းသားလေးတစ်ယောက် မြွေကိုက်ခံရတဲ့အတွက် အချိန်မှီမကုနိုင်လို့ အသက်ဆုံးရှုံးသွားတယ်။ အပူပိုင်းဒေသဖြစ်တဲ့ ကန့်ဘလူမြို့နယ်မှာ အဆိပ်ပြင်းမြွေပွေးအမျိုးအစား ပေါများသည့်အပြင်...

Read moreDetails
Page 107 of 235 1 106 107 108 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist