LATEST STORIES

ဧပြီ ၂၆၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ရှမ်းကယားနယ်စပ်၊ဖယ်ခုံမြို့နယ်ထဲကစစ်ဘေးရှောင်အရပ်သားတွေအားထားနေရတဲ့ဆေးပေးခန်းတစ်ခုကိုစစ်ကောင်စီတပ်ကအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ထိုဆေးခန်းဟာကိုယ်ထူကိုယ်ထဆေးခန်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား၃ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်။ဆေးပေးခန်းအဆောက်အဦးနဲ့ဆေးပစ္စည်းတွေလဲလုံးဝပျက်စီးသွားတယ်။ အကြမ်းဖက်စစ်အုပ်စုဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပါရန်သူသဖွယ်သတ်မှတ်ကာဗုံးကြဲတိုက်ခိုက်ပြီးတော့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်။

Read moreDetails

ဧပြီ ၂၅၊ ၂၀၂၃။ (အင်္ဂါ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်းဘန်ကီမွန်ဟာကြိုတင်ကြေငြာခြင်းမရှိပဲမြန်မာနိုင်ငံကိုရုတ်တရက်ရောက်လာတယ်။စစ်ကောင်စီကဖိတ်ကြားထားလို့တော့ပြောတာပဲ။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဘာရည်ရွယ်ချက်နဲ့လာလဲတော့သေချာမသိသေးဘူး။ ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာကပုဂ္ဂိုလ်တွေခပ်စိတ်စိတ်လာရောက်တွေ့ဆုံနေတယ်။အထူးသဖြင့်တရုတ်နဲ့ထိုင်းကပေါ့။ဘန်ကီမွန်ရဲ့ခရီးစဉ်ကတော့ဟိုနိုင်ငံတွေလိုမင်းအောင်လှိုင်လိမ်ညာပြောသမျှနားထောင်ပြီးပြန်သွားမယ့်သူတော့မဟုတ်လောက်ဘူး။ဆက်လက်စောင်ကြည့်ရဦးမယ်။

Read moreDetails

ဧပြီ ၂၄၊ ၂၀၂၃။ (တနင်္လာ)

သင်္ကြန်နောက်ပိုင်းကစပြီးနိုင်ငံတဝန်းမှာလျှပ်စစ်မီးပြတ်တောက်မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်။စက်မှုဇုန်တွေကစက်ရုံအလုပ်ရုံတွေကိုလဲလျှပ်စစ်မီးမပေးနိုင်လို့လုပ်ငန်းရှင်တွေလဲအခက်ကြုံနေရတယ်။မြို့ကြီးတွေမှာခံရတဲ့ဒုက္ခကပိုဆိုးတယ်။မြို့ထဲကတိုက်ခန်းကျဉ်းကျဉ်းလေးတွေဖြစ်တော့နွေရာသီမှာမီးမလာရင်ညဘက်တွေအရမ်းပူတယ်။အဲ့ဒီတော့အပြင်သစ်ပင်အောက်မှာလူငယ်လေးတွေသုံးလေးယောက်စုထိုင်ပြီဆိုရင်စစ်တပ်ကလာဆွဲသေးတယ်။ပီးရင်ရဲစခန်းမှာတယောက်သုံးလေးသိန်းနဲ့လာရွှေးခိုင်းတယ်။စစ်ကောင်စီဟာပြည်သူတွေကိုအဖက်ဖက်ကစိတ်ဖိစီးပြီးသေအောင်သတ်နေတာပဲ။ နွေရာသီဆိုရင်စစ်ကောင်စီဟာတနိုင်ငံလုံးကိုခွဲတမ်းနဲ့လျှပ်စစ်ဓာတ်အားကိုအလှည့်ကျပေးနေပြီးဒီနှစ်မှာအခြေအနေပိုဆိုးလာတယ်။အရင်အစိုးရအဆက်ဆက်ဘယ်တော့မှလျှပ်စစ်မီးမပြတ်ခဲ့တဲ့သူတို့ရုံးစိုက်ရာနေပြည်တော်ကိုတောင်အပြည့်မပေးနိုင်တော့ပဲအလှည့်ကျစနစ်ကိုကျင့်သုံးလာတယ်။တခြားဒေသတွေဆိုရင်ပြောဖို့တောင်မလိုတော့ဘူး။မီးတောင်မမြင်ရတဲ့နေရာတွေအများကြီးဖြစ်လာပြီ။

Read moreDetails

ဧပြီ ၂၃၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ကောင်စီလက်အောက်ခံရွှေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားရေးမှုးတစ်ဦးလမ်းမှာကားမောင်းနေရင်းနဲ့ပစ်သတ်ခံလိုက်ရတယ်။ထိုသူဟာဒေါ်အောင်ဆန်းစုကြည်ကိုအမှုဆင်ဖမ်းဆီးရာမှာစစ်ကောင်စီဘက်ကသက်သေအဖြစ်ပါဝင်ခဲ့သူတဦးပဲ။ သင်္ကြန်အပြီးကလဲသန်လျင်မှာလေတပ်ကအရာရှိတစ်ဦးအပစ်ခံရလို့သေဆုံးသွားတယ်။ဒီရက်ပိုင်းစစ်ကောင်စီရဲ့ဒေါက်တိုင်တွေခပ်စိတ်စိတ်ရှင်းလင်းခံနေရတယ်။စစ်ကောင်စီနဲ့ပေါင်းစားနေသူမှန်သမျှအသက်အန္တရာယ်အာမခံချက်မရှိဘူးဆိုတာပြသလိုက်တာပဲ။စစ်တပ်ကအားလုံးကိုလုံခြုံရေးလဲမပေးနိုင်ဘူးလေ။နေပြည်တော်အပြင်ဘက်ထွက်တာနဲ့ဘယ်နယ်မြေသွားသွားမလုံခြုံတဲ့စိတ်ခံစားချက်မျိုးသူတို့ဘက်လူတွေကိုတဖြည်းဖြည်းခံစားလာစေရမယ်။

Read moreDetails

မြန်မာ့တော်လှန်ရေးနှင့်NUGတို့ရဲ့လက်ရှိအခြေအနေ

ဒေးဗစ်လည်းသိတဲ့အတိုင်းNUGကြေညာထားတာကစစ်အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ပတ်သက်ပြီး အခုနှစ်ထဲမှာ အဆုံးအဖြတ်ဖြစ်စေမယ့် အပြောင်းအလဲတွေ တွေ့လာရမယ်လို့ ပြောထားပါတယ်။ အခုအချိန်က NUG ထူထောင်တာ ၂ နှစ်ပြည့်ချိန်လည်းဖြစ်၊ အခုနှစ်ရဲ့ ပထမ ၄ လတာလည်း ရောက်လာပြီ ဖြစ်တော့ .... တကယ့်ကို အပြောင်းအလဲဖြစ်စေမယ့်အခြေအနေမျိုးဆီ...

Read moreDetails

ဧပြီ ၂၂၊ ၂၀၂၃။ (စနေ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထားတယ်။အကြမ်းဖက် စစ်တပ်က...

Read moreDetails

ဧပြီ ၂၁၊ ၂၀၂၃။ (သောကြာ)

ချင်းပြည်နယ်လိုပဲနောက်ထပ်လွတ်မြောက်နယ်မြေဖြစ်နိုင်ခြေရှိတဲ့ဒေသတစ်ခုကတော့ကယားပြည်နယ်ပါပဲ။နေပြည်တော်နဲ့အနီးဆုံးနေရာမှာရှိနေတဲ့ကယားပြည်နယ်ကိုစစ်ကောင်စီကမတ်လဆန်းကတည်းကအင်အား၃၀၀၀နီးပါးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။မှတ်မိသလောက်၂၀၂၁ခုနှစ်ကကချင်ပြည်နယ်KIAအလော့ဘွန်တောင်ကုန်းကိုအင်အားထောင်ချီသုံးပြီးစစ်ဆင်ရေးလုပ်ပီးနောက်ကယားပြည်နယ်ကိုအခုအင်အားထောင်ချီပြန်သုံးနေတာပဲ။အဲ့တုန်းကလဲစစ်ကောင်စီရဲ့စစ်ဆင်ရေးဟာအောင်မြင်ခြင်းမရှိခဲ့ပါဘူး။အခုလဲလူသူလက်နက်ခဲယမ်းများစွားဆုံးရှုံးလျက်ရှိတယ်။ကယားပြည်နယ်သေးသေးလေးကိုစစ်မျက်နှာခြောက်ခုလောက်ဖွင့်ပြီးတိုက်ခိုက်နေပေမယ့်နှစ်လနီးပါအကြာမှာတော့စစ်သူပုန်၃၀၀ကျော်သေဆုံးပြီးလက်နက်မျိုးစုံငါဆယ်ခန့်တော်လှန်ရေးအဖွဲ့တွေဖက်ကသိမ်းဆည်းရမိထားတယ်။ဒါပေမယ့်စစ်သူပုန်တွေဘက်ကတော့နောက်မဆုတ်ပဲဆက်လက်တိုက်ခိုက်နေတုန်းပဲ။ဒီတခေါက်မှာတော့ကယားပြည်နယ်ဟာစစ်ကောင်စီရဲ့ထိုးစစ်ကိုကောင်းကောင်းခုခံနိုင်သွားပါပြီ။စစ်ကောင်စီဟာကယားပြည်နယ်ကတော်လှန်ရေးအင်အားစုတွေကိုဘယ်လိုမှချေမှုန်းနိုင်တော့မှာမဟုတ်ဘူး။ အခု ကယားနဲ့ချင်း ဖက်ကို စစ်သူပုန်တွေ လုံးဝနီးပါး လက်လျှော့လိုက်ရတဲ့ အနေအထားဖြစ်နေပါပြီ။

Read moreDetails

ဧပြီ ၂၀၊ ၂၀၂၃။ (ကြာသပတေး)

အပြစ်မဲ့အရပ်သားပြည်သူ၁၅၀ ကျော်အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ခံလိုက်ရတဲ့ပဇီကြီးကျေးရွာကိုစစ်တပ်ကဒီနေ့ဆက်လက်ဗုံးကြဲခံပါတယ်။ဒါအပြင်အရှေ့ဖက်မှာရှိတဲ့ဧရာတီမြစ်ကနေစစ်ကောင်စီစစ်ကြောင်းတစ်ခုဟာပဇီကြီးကျေးရွာဖက်ဦးတည်လာနေလို့အနီးအနားဝန်းကျင်ရွာတွေကဒေသခံတွေပါထွက်ပြေးနေရတယ်။သူတို့ဗုံးကြဲလူသတ်ခဲ့တဲ့ဖြစ်ရပ်ဟာကမ္ဘာကျော်သွားလို့သက်သေအထောက်အထားတွေဖျောက်ဖျက်ချင်လို့ဖြစ်မယ်။ဒါပေမယ့်မမှီတော့ပါဘူး။ထိုဖြစ်ရပ်ဟာသမိုင်းဝင်မှတ်တမ်းတစ်ခုအဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်။ကျန်ခဲ့တဲ့သက်သေတွေနဲ့စစ်မိစ္ဆာတွေကိုခုံရုံးတင်နိုင်ဖို့ကြိုးစားရမယ်။

Read moreDetails

ဧပြီ ၁၉၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ချင်းပြည်နယ်၊ဟားခါးမြို့ကိုရိက္ခာနဲ့လက်နက်ဖြည့်တင်းဖို့ကလေးမြို့ကနေချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချေမှုန်းခြင်းကိုခံလိုက်ရပီးနောက်လက်ကျန်အင်အား၅၀ခန့်ဟာဟာခါးမြို့နဲ့၁၀မိုင်အကွာကရွာတစ်ရွာမှာတပ်စွဲထားတယ်။ထိုစစ်သူပုန်လက်ကျန်အဖွဲ့ကိုလဲတော်လှန်ရေးအဖွဲ့တွေကနေ့စဉ်ရက်ဆက်ဆိုသလိုဆက်လက်တိုက်ခိုက်နေတယ်။ဟားခါးဘက်ကစစ်ကူပေးဖို့ဆင်းလာတဲ့စစ်ကြောင်းဟာလဲကြားဖြတ်တိုက်ခိုက်ခြင်းခံနေရတာကြောင့်အခုချိန်ထိထိုနေရာကိုရောက်မလာသေးဘူး။ဘာပဲဖြစ်ဖြစ်ဒါဟာချင်းပြည်နယ်ကိုအင်အားဖြည့်တင်းဖို့စီစဥ်ထားတဲ့စစ်ကောင်စီရဲ့ရည်ရွယ်ချက်တစ်ခုကိုဖျက်စီးလိုက်နိုင်တာပဲ။ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချင်းပြည်နယ်ကိုအင်အားဖြည့်တင်းဖို့ကုန်းလမ်းကြောင်းကိုသာအသုံးပြုခဲ့တယ်။သူတို့မှာတခြားရွှေးချယ်စရာလဲမရှိဘူး။စစ်ကြောင်းတွေတက်လာတိုင်းတော်လှန်ရေးအဖွဲ့တွေကရသလောက်ခုခံကြပေမယ့်အခုလိုစစ်ကြောင်းတစ်ခုလုံးကိုဖျက်စီးလိုက်နိုင်ဒါပထမဆုံးအကြိမ်ပဲ။ချင်းပြည်နယ်တောင်ဘက်ခြမ်းမှာလဲမကွေးတိုင်း၊ပခုက္ကူကနေချင်းပြည်နယ်မတူပီမြို့ကိုရိက္ခာပို့မယ့်စစ်ကြောင်းတစ်ခုဟာလမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရမှုကြောင့်မတူပီကိုမသွားနိုင်တော့ပဲမင်းတပ်မြို့ကနေလှည့်ပြန်သွားရတယ်။ပြောရရင်တော့ချင်းပြည်နယ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ခုလုံးဒီတကြိမ်မှာတော့ရည်မှန်းချက်ကိုမရောက်ခဲ့ဘူး။နောင်လဲတက်လာနိုင်မှာမဟုတ်ဘူး။ဒီပုံစံကိုသာဆက်ထိန်းထားနိုင်ရင်မကြာခင်မှာချင်းပြည်နယ်ဟာလွတ်မြောက်တယ်မြေဖြစ်လာနိုင်တယ်။

Read moreDetails

ဧပြီ ၁၈၊ ၂၀၂၃။ (အင်္ဂါ)

ဒီနေ့ဟာစစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးတေကျးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသွားတဲ့ပြည်သူတွေရဲ့ရက်လည်နေ့ပါ။ဒါပေမယ့်တရွာလုံးထွက်ပြေးနေရတာကြောင့်ရက်လည်ဆွမ်းသွတ်မလုပ်ကြဘူး။လုပ်မယ်ဆိုရင်လဲတရွာလုံးတအိမ်မကျန်အောင်လုပ်ရမှာပါ။ထိုနေ့ကဖြစ်ရပ်ကြောင့်တရွာလုံးမှာသေဆုံးသူမရှိတဲ့မိသားစုမရှိတဲ့အထိဖြစ်သွားခဲ့တယ်။တပတ်ပြည့်ခဲ့ပေမယ့်စစ်တပ်ရဲ့လေကြောင်းခြိမ်းခြောက်မှုတွေဆက်လက်ရှိနေတာကတကြောင်း၊ရွာသူရွာသားတေခမျာစိတ်ဒဏ်ရာပြင်းထန်စွာရနေကြလို့ရွာကိုပြန်မဝင်နိုင်သေးပဲနီးစပ်ရာတောထဲတောင်ထဲတွေမှာခိုအောင်းနေကြရတယ်။ရက်လည်နေ့အတွက်တရားဟောပေးမယ့်ဘုန်းကြီးမရှိတာကြောင့်ဖုန်းနဲ့ပဲအဆင်ပြေသလိုလုပ်လိုက်ကြရတယ်။ ဒီလောက်ပြည်သူတွေဒုက္ခရောက်နေတာတောင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာစစ်ကောင်စီကိုရှုံ့ချကန့်ကွက်ကြောင်းစာထုတ်ဖို့ကိုတောင်တရုတ်နဲ့ရုရှားကကန့်ကွက်လို့ဘာမှလုပ်လို့မရခဲ့ဘူး။မြန်မာပြည်သူတွေအတွက်အတော်ရင်နာစရာကောင်းတယ်။ကူရာကယ်ရာမဲ့အခြေအနေမှာကမ္ဘာကြီးဆီကဘာမှမျှော်လင့်လို့မရတော့ပါဘူး။

Read moreDetails
Page 108 of 235 1 107 108 109 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist