NUGကဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလက်နက်တပ်ဆင်မှုတွေသိသိသာသာတွေ့မြင်လာရတယ်။အရင်ကEAOနယ်မြေတွေကကော်ဘရာစစ်ကြောင်းလိုအဖွဲ့တွေကိုသာတပ်ဆင်ပေးခဲ့ပေမယ့်အခုဆိုပြည်မနယ်မြေတွေဖြစ်တဲ့စစ်ကိုင်း၊မကွေးနဲ့ပဲခူးကဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုအပြည့်အဝမဟုတ်ပေမယ့်တစိတ်တပိုင်းတော့လက်နက်တပ်ဆင်ပေးလာနိုင်တယ်။အခုနောက်ဆုံးသိရတာကစစ်ကိုင်းတိုင်းယင်းမာပင်နယ်မြေကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၃၀ကျော်ကိုတဖွဲ့ငါးလက်နှုန်းနဲ့လက်နက်ငယ်တွေပေးအပ်လိုက်တယ်။ငါးလက်ဆိုတာအဖွဲ့တစ်ခုအတွက်ဘာမှမပြောပလောက်ပေမယ့်ချို့တဲ့တဲ့အဖွဲ့တွေအတွက်ဆိုရင်တော့အားတစ်ခုပဲ။NUGကဒီလိုလုပ်ပေးတာအချိန်အားဖြင့်နောက်ကျနေပေမယ့်ဘာမှမလုပ်ပေးနိုင်တာထပ်စာရင်တော့ပိုကောင်းတာပေါ့လေ။
ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့...