နိုင်ငံတဝန်းတော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာချိန်မှာ NUGကသူတို့ပြုလုပ်မယ့်အထွေထွေထိုးစစ်ကြီးအကြောင်းကို မကြာခဏထုတ်ပြောလာနေတယ်။NUGကာကွယ်ရေးဝန်ကြီးက လက်နက်၊ရိက္ခါနဲ့အခြားလိုအပ်တာတွေ စုဆောင်းပြင်ဆင်နေပြီးမဖြစ်မနေပြုလုပ်သွားမယ့်အကြောင်း ထပ်လောင်းပြောတယ်။ဒါ့အပြင် NUGလက်အောက်ခံတပ်တွေအတွက် ဒုစစ်ဦးစီးချုပ်ရာထူးကို MDY PDF ခေါင်းဆောင်ဒေါက်တာစိုးသူရဇော်ကို နေရာပေးထားတယ်လို့သိရတယ်။တော်လှန်ရေးစကတည်းက လိုအပ်နေတဲ့NUGရဲ့စစ်ဦးစီးချုပ်နေရာကတော့ အခုချိန်ထိ ဘယ်သူဘယ်ဝါမှန်မသိရသေးပါဘူး။ အထွေထွေထိုးစစ်ဆိုတာကြီးကို လုပ်ဖြစ်မယ်ဆိုရင်တော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီဒါမှမဟုတ်ရွေးကောက်ပွဲနဲ့...
Read moreDetailsရှမ်းမြောက်မှာလဲ စစ်ကော်မရှင်ကကျောက်မဲမြို့ဘက်ကို တရစပ်ထိုးစစ်ဆင်နေပါတယ်။ကျောက်မဲမြို့ကို ရရှိဖို့အတွက် မိုးကုတ်မြို့ဘက်ကို ထိုးစစ်ဆင်တာရပ်ထားတယ်။ဒါပေမယ့် မိုးကုတ်မြို့ကိုမကြာခဏဆိုသလို ဗုံးကြဲပြီးပြည်သူတွေကိုခြိမ်းခြောက်နေပါတယ်။စစ်ကော်မရှင်ရဲ့ ကျောက်မဲထိုးစစ်ဟာအခုဆိုရင်မြို့နဲ့ဆယ်မိုင်ခန့်အကွာအထိ ရောက်ရှိနေပါပြီ။TLNAဘက်ကလဲ အပြင်းအထန်ခုခံနေပါတယ်။လောလောဆယ်မှာဖျက်စီးခံထားရတဲ့ မန္တလေးလားရှိုးလမ်းမကြီးပေါ်ကဂုတ်တွင်းနဲ့ ဂုတ်ထိပ်တံတားတွေကို စစ်အုပ်စုကအပူတပြင်းပြင်ဆင်နေပါတယ်။ထိုတံတားတွေ ကောင်းသွားရင်တော့ စစ်ကူတွေလက်နက်ရိက္ခါတွေအများအပြားကို စစ်အုပ်စုကပိုမိုပို့ဆောင်နိုင်တော့မှာပါ။အဲဒီလိုဖြစ်လာရင်တော့ကျောက်မဲမြို့ကိုလဲ စစ်အုပ်စု သိမ်းယူသွားနိုင်တော့မှာပါ။
Read moreDetailsရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာအေအေနဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။အေအေတပ်တွေဟာ စစ်အုပ်စုရဲ့လက်နက်ထုတ်တဲ့စက်ရုံတစ်ခုဖြစ်တဲ့ ကပစ၆အနီးထိ ရောက်ရှိလာနေပြီဖြစ်တယ်။ဒါ့ကြောင့် စစ်အုပ်စုဟာအလန့်တကြားနဲ့ အေအေတပ်တွေပြန်ဆုတ်သွားအောင် အင်ဖြည့်တင်းပြီး တိုက်စစ်ဆင်နေတာပါ။စစ်အုပ်စုက တိုက်စစ်ဆင်နေပေမယ့်လဲ အကြိမ်ကြိမ်ပြန်လန်ကြနေတယ်။အဆိုပါတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်ကအင်အားငါးရာကျော်သေဆုံးသွားပြီး ပျောက်ဆုံးထွက်ပြေးသူတွေလဲ အများအပြားရှိနေတယ်။ဒါပေမယ့်လဲ ထပ်မံအင်အားဖြည့်တင်းပြီး အေအေတပ်တွေကို မောင်းထုတ်ဖို့ကြိုးစားနေတယ်။ စစ်ကော်မရှင်ဟာ...
Read moreDetailsရန်ကုန်မြို့မြေနီကုန်းကလူသွားလူလာနည်းနဲ့ လမ်းတစ်ခုမှာfoodpandaပို့သမားလေးတစ်ယောက်ရဲ့ Delivery Bag ပုံလေးတစ်ခုဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံနှံလာတယ်။အိတ်ထဲမှာလဲ ပို့ရမယ့်ပစ္စည်းလေးတွေရှိနေသေးတယ်တဲ့။ဒါဆိုထိုဒယ်လီသမားလေးက ဘယ်ရောက်သွားတာလဲ။လုယက်ခံလိုက်ရတာ ဖြစ်နိုင်တယ်။အဖြစ်နိုင်ဆုံးကတော့ ပေါ်တာဆွဲခံလိုက်ရတာပဲ။ ဒီကာလမှ Deliveryသမားလေးတွေလို အခြေခံလူတန်းစားတွေရဲ့ဘဝတွေက အတော်သနားဖို့ကောင်းပါတယ်။ဝမ်းစာအတွက် လမ်းပေါ်မှာပင်ပန်းကြီးစွာရုန်းကန်နေရချိန်မှာ အချိန်မရွေးစစ်အုပ်စုရဲ့ ပေါ်တာဆွဲခြင်းကိုခံသွားရနိုင်တယ်။ရန်ကုန်မှာလဲ တပတ်ကိုလူငယ်နှစ်ဆယ်ဦးခန့်ပေါ်တာဆွဲခံနေရတယ်လို့ သတင်းအချို့ကဆိုပါတယ်။စစ်ကော်မရှင် အုပ်ချုပ်မှုအောက်က...
Read moreDetailsမန္တလေးမြို့နဲ့စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ဧရာဝတီမြစ်ကူးတံတားပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲနေတာအခြေအနေ အတော်ဆိုးလာပါတယ်။နေ့စဥ်နီးပါး ပေါ်တာဆွဲနေတာကြောင့် စစ်ကိုင်းမှမန္တလေးကိုအလုပ်သွားလုပ်မယ့် လူငယ်တွေ အလုပ်နားလိုက်ရတယ်။ဒေသတွင်းက ခရီးသယ်တင်ယာဥ်လိုင်းတွေလဲ နားထားကြတယ်။စစ်ကိုင်းမြို့ပေါ်မှာလဲ လူသွားလူလာ ကင်းရှင်းပြီးတိတ်ဆိတ်နေတယ်။ ဒီထပ်ပိုဆိုးတာကတံတားပေါ်မှာ ပေါ်တာဆွဲနေလို့တံတားအောက်ကနေ စက်လှေတွေဇက်ရေယာဥ်တွေနဲ့ မြစ်ကိုဖြတ်ကူးတဲ့ပြည်သူတွေကိုပါ ဆိပ်ကမ်းမှာဖမ်းပြီး ပေါ်တာဆွဲနေတာပါ။ထိုနေရာဟာဖြတ်သန်းသွားလာသူများတဲ့အတွက် စစ်အုပ်စုအတွက် စိတ်ကြိုက်ပေါ်တာဆွဲဖို့...
Read moreDetailsရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ကိုသတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မှီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်က ဖျက်သိမ်းလိုက်ပါတယ်။ထိုပါတီဟာတနိုင်ငံလုံးမှာဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီအနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။NDFပါတီအပြင်အခြားပါတီနှစ်ခုလဲ ဖျက်သိမ်းခြင်းခံလိုက်ရတယ်။ NDFပါတီဟာ ၂၀၁၀ရွေးကောက်ပွဲကာလကတည်းက NLDပါတီကခွဲထွက်ပြီး ထူထောင်ထားတဲ့ပါတီဖြစ်တယ်။အစပိုင်းမှာတော့ ဒီမိုကရေစီပါတီတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာတော့စစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တယ်။ဒါပေမယ့်နောက်ဆုံးမှာတော့စစ်ကော်မရှင်ဟာ သူတို့အတွက်အတိုက်အခံပါတီဖြစ်လာနိုင်မယ့် ပါတီတစ်ခုကို...
Read moreDetailsစစ်ကော်မရှင်နဲ့ တော်လှန်ရေးအင်အားစုတွေအားပြိုင်နေတဲ့ နွေဦးတော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ ဒီနှစ်ကုန်နောက်နှစ်ဆန်းအချိန်လောက်မှာ ပြတ်ပြတ်သားသားထွက်ပေါ်လာနိုင်ပါတယ်။စစ်ကော်မရှင်ဟာရွေးကောက်ပွဲမတိုင်ခင် ဆုံးရှုံးထားတဲ့နယ်မြေတွေကို ရသလောက် ပြန်တိုက်ယူမှာပါ။လက်ရှိစစ်ရေးအခြေအနေတွေအရ ရွေးကောက်ပွဲမတိုင်မှီမှာပဲ ရှမ်းမြောက်က ကျောက်မဲ၊သီပေါမြို့၊မန္တလေးတိုင်းထဲမှာ စဉ့်ကူးနဲ့မိုးကုတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံလက်လွတ်ရနိုင်ပါတယ်။ဒါ့အပြင် ကချင်ပြည်နယ်ဗန်းမော်မြို့နဲ့ကရင်ပြည်နယ်ကိုလဲ ပြန်လည်ထိန်းချုပ်သွားမှာပါ။ဒီအတိုင်းဆိုရင် ဒီနှစ်ကုန်လောက်မှာ စစ်ကော်မရှင်ဘက်ကသိသိသာသာ စစ်ရေးအရအသာစီးရလာနိုင်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ရွေးကောက်ပွဲအပြီးမှာ...
Read moreDetailsမနေ့ဟာNUGအနေနဲ့ မတရားအာဏာလုယူထားတဲ့ စစ်အာဏာရှင်တွေကို ခုခံတော်လှန်စစ်စတင်ပြီလို့ကြေညာခဲ့တဲ့နေ့ပါ။၂၀၂၁ခုနှစ်ကကြေညာခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင်လေးနှစ်ကျော်ရှိလာခဲ့ပါပြီ။လေးနှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဟာ နယ်မြေအတော်များများ သိမ်းပိုက်စိုးမိုးနိုင်နေပေမယ့် လက်ရှိအချိန်မှာတော့ စိန်ခေါ်မှုတွေအကြပ်အတည်းတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်။ စစ်ကော်မရှင်ဟာ တရုတ်အကူအညီနဲ့တနိုင်ငံလုံံးမှာ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် စစ်ပွဲတွေပြင်းထန်နေတယ်။ပြည်နယ်နဲ့တိုင်း ၁၄ခုမှာတိုက်ပွဲတွေလုံးဝမရှိသေးတဲ့ မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းကလွဲပြီး ကျန်တဲ့ဒေသကြီး၁၂ခုလုံးမှာတန်ပြန် ထိုးစစ်ဆင်နေတာပါ။စစ်ကော်မရှင်ရဲ့ထိုးစစ်တွေကြောင့်...
Read moreDetailsအာရှလမ်းမကြီးကို ပြန်လည်လက်လွတ်ရတာဟာ ကရင်ပြည်နယ်ကတော်လှန်ရေးတပ်ဖွဲ့တွေအတွက် များစွာနစ်နာပါတယ်။ကော့ကရိတ်မြို့ကနေ မြဝတီမြို့မထိထိုဒေသတကြောလုံးကို ၁၀၂၇စစ်ဆင်ရေးကာလနဲ့အပြိုင်အသက်သွေးချွေးနဲ့ အချိန်များစွာရင်းနှီးပြီးတိုက်ယူခဲ့ရတာပါ။အခုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ခြေကုတ်ယူထားတဲ့ဒေသတစ်ခုလုံးနီးပါးကို အလွယ်တကူပြန်လည် လက်လွတ်လိုက်ရတယ်။ကရင်ပြည်နယ်ထဲကတော်လှန်ရေးကို အရှိုက်ထိစေခဲ့တယ်။ အခုချိန်မှာတော့ စစ်ကောင်မရှင်တပ်တွေဟာ နယ်မြေထိန်းချုပ်ရေးကို လုပ်ဆောင်နေတယ်။ပြီးရင်တော့ဒေသတွင်းက အခြားနေရာတွေကိုပါ ဆက်လက်ထိုးစစ်ဆင်လာတော့မှာပါ။ဒီတိုင်းဆိုရင် မကြာသေးမှီကသိမ်းပိုက်ထားတဲ့ ထိုင်းနယ်စပ်ကဥကရစ်ထစခန်းလို့...
Read moreDetailsကရင်ပြည်နယ်ကစစ်ရေးနဲ့စီးပွားရေးအရ အလွန်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကိKNUနဲ့ပူးပေါင်းအဖွဲ့တွေရုတ်တရက် ဆုတ်ခွာပေးလိုက်ခြင်းမှာနောက်ကွယ်က အကြောင်းတရားတွေ ရှိနေပါတယ်။ထိုလမ်းကြီးတလျောက်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအပြင် စောချစ်သူရဲ့နယ်ခြားစောင့်တပ် BGFတွေလဲရှိနေတယ်။စစ်ကောင်မရှင်ရဲ့ အောင်ဇေယျစစ်ကြောင်းစတင်ကတည်းက BGFဟာနှစ်ဘက်လုံးဘက်မပါပဲခွထိုင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။အခုတော့BGFဟာ စစ်ကော်မရှင်ကိုကူညီပြီး ဒေါနတောင်ပေါ်တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို လမ်းပြပေးတယ်။မြဝတီဘက်ကတက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုလဲ လမ်းဖွင့်ပေးလိုက်တယ်။ဒါကြောင့်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ ဆက်လက်ခုခံဖို့မဖြစ်နိုင်တော့ပဲအာရှလမ်းမကြီးကို လက်လွတ်လိုက်ရတာဖြစ်တယ်။တကယ်တော့...
Read moreDetailsYou can copy without credits to our site. We Need Freedom.