မြန်မာပြည်ရဲ့လျှပ်စစ်ဓာတ်အားပေးနိုင်မှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေပါပြီ။ရေအားလျှပ်စစ်အပြည့်အဝ ထုတ်လုပ်နိုင်တဲ့မိုးရာသီမှာတောင် ဓာတ်အားပြတ်တောက်မှုတွေ ဆိုးရွားလာနေတယ်။အာဏာသိမ်းကာစက မိုးရာသီဆိုရင် တစ်နိုင်ငံလုံးကို ၂၄နာရီဓာတ်အားအပြည့်ပေးနိုင်ခဲ့တယ်။နောက်ပိုင်းနှစ်တွေမှာတော့ နေ့ပိုင်းတွေမှာအလှည့်ကျ ဓာတ်အားပေးလာရပြီးညပိုင်းတွေကိုတော့ မီးမှန်အောင်ပေးထားတယ်ပေါ့။ဒီနှစ်မှာတော့ မိုးရာသီမှာတောင်နေ့ရောညပါ အလှည့်ကျစနစ်နဲ့ မီးပေးနေရတယ်။နောက်လကစပြီး မနက်အစောပိုင်းတွေပါ မီးပျက်တော့မှာပါ။မနက်အစောကြီး လျှပ်စစ်မီးမရတဲ့အတွက် အလုပ်သမားတွေ၊ကျောင်းသားတွေမနက်စာထမင်းဘူးအတွက် ချက်ပြုတ်ဖို့ဒုက္ခရောက်ကြတော့မယ်။ဒါဟာရန်ကုန်က...
Read moreအထွေထွေကုန်ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွားရေးကြပ်တည်းနေချိန်တွင် စစ်ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ပါတယ်။ တိုးမြှင့်လိုက်သည့် မီတာခ နှုန်းများအရ ယခင် က ၅,၀၀၀ ကျပ်ကျသည့် အိမ်သုံးမီတာ များမှာ ၁၂, ၀၀၀ ကျပ်ပေးရနိုင်ပြီး စက်မှုသုံး...
Read moreရခိုင်ပြည်နယ်၊သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းကို အေအေတပ်တော်က သိမ်းပိုက်လိုက်ပါပြီ။သံတွဲတစ်မြို့နယ်လုံးမှာ ထိုရေတပ်စခန်းတစ်ခုပဲ ကျန်တော့ပြီး စစ်တပ်ကထိုနေရာကနေ ကြည်း၊ရေ၊လေသုံးခုပေါင်းပြီး ခုခံနေလို့တလကျော်ကြာ တိုက်ခိုက်ခဲ့ရတယ်။တော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ရေတပ်စခန်းတစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်တာဖြစ်ပြီး သံတွဲမြို့ဟာလဲ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပါပြီ။အေအေဟာသံတွဲမြို့တောင်ဘက်ရှိဂွမြို့ကိုပါဆက်လက်တိုက်ခိုက်နေပါပြီ။ မန္တလေးတိုင်းမြောက်ဘက်က သပိတ်ကျင်းမြို့ကိုလဲ MDYPDFတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုမြို့ကိုရလိုက်တာကြောင့် မန္တလေးတိုင်းမြောက်ပိုင်းတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပါပြီ။ထီးချိုင့်မြို့ကိုသာ...
Read moreစက်သုံးဆီလို ပြည်တွင်းမှာ ပြတ်လတ်နေတာက စားသုံးဆီပါ။စားသုံးဆီကိုလဲ ပြည်ပကနေဒေါ်လာဘီလီယံနဲ့ချီပြီး တင်သွင်းနေရတဲ့အချိန်မှာ စစ်ကောင်စီဟာဆီတင်သွင်းမှုကို တဖြည်းဖြည်းနဲ့လျော့ချလာပါတယ်။ဒါကြောင့်စားသုံးဆီစျေးဟာ ပြင်ပစျေးကွက်မှာ တပိသာ၁၈၀၀၀ကျပ်အထိဖြစ်လာတယ်။စစ်ကောင်စီကတော့ ရည်ညွန်းစျေး၆၀၀၀ကျပ်လောက်နဲ့ရောင်းပေးနေတယ်ဆိုပေမယ့် အလွယ်တကူဝယ်မရပဲ တန်းဆီတိုးကြိတ်ဝယ်နေရတယ်။ဒါပေမယ့်လဲ လိုသလောက်မရပဲတစ်အိမ်ထောင်ကို ရေသန့်ဘူးတစ်ဘူးသာရပါတယ်။စူပါမားကတ်ကြီးတွေမှာတောင်မှ ဆီကိုဝယ်ယူလို့မရတော့ပါဘူး။ အခုဆိုရင်စစ်ကောင်စီဟာ စားသုံးဆီဝယ်ယူခွင့်စာအုပ်တွေ ထုတ်ပေးတော့မယ်တဲ့။ထိုစာအုပ်ပါမှ ဆီဝယ်လို့ရတော့မယ်ပေါ့။ထိုစနစ်ဟာ၁၉၈၈ခုနှစ်မတိုင်မီက...
Read moreမြောက်ပိုင်းနဲ့ဆန့်ကျင်စွာပဲ တောင်ပိုင်းမှာတော့အတော်လေး ငြိမ်သက်နေပါတယ်။မြောက်ပိုင်းမှာ စစ်ဆင်ရေးကြီးတွေပြန်စလာတာ ၂လကြာပြီဖြစ်ပေမယ့်တောင်ပိုင်းကတော့ သူနဲ့မဆိုင်သလိုပါပဲ။ တောင်ပိုင်းကရင်ပြည်နယ်မှာဧပြီလကတည်းက တိုက်ပွဲတွေငြိမ်သက်သွားတာ အခုဆိုရင်လေးလကျော်ရှိလာပါပြီ။မြဝတီမြို့ကိုရရှိခဲ့ပေမယ့် BGFလက်ထဲ ထိုးပေးခဲ့ရတယ်။BGFကလဲ စစ်ကောင်စီကိုပြန်လွဲပေးခဲ့တယ်။ကြားထဲကအသက်တွေရင်းပြီး တိုက်ယူခဲ့တဲ့KNUပဲနစ်နာခဲ့ရတယ်။ဖြစ်ဖြစ်မြောက်မြောက်ဘာမှမလုပ်ပြသေးပဲ KNUခေါင်းဆောင်တွေဟာလေလှိုင်းပေါ်မှာ လေလုံးထွားနေဆဲပါပဲ။ကိုယ်ကျိုးစီးပွားတွေနဲ့ စစ်ရေးနိုင်ငံရေးဆက်နွယ်နေတဲ့KNUဟာ မြဝတီတိုက်ပွဲပြီးတဲ့နောက် ဦးကျိုးသွားပြီလား။
Read more၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဟာ နှစ်လတိတိပြည့်သွားပါပြီ။ဒီနှစ်လအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ၈မြို့ခန့် ထပ်မံသိမ်းပိုက်ထားနိုင်တယ်။တစ်ပတ်ကိုတစ်မြို့ခန့် သိမ်းယူနေတဲ့သဘောပါပဲ။ထိုရှစ်မြို့ထဲမှာ လားရှိုးလိုတိုင်းစစ်ဌာနချုပ်ကြီးတွေပါဝင်လာတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။မန္တလေးမြို့နားထိ တော်လှန်ရေးအဖွဲ့တွေရောက်လာဖို့ဆိုတာဒီနှစ်လယ်ခန့်အထိ အတော်အလှမ်းဝေးနေဆဲအခြေအနေကနေ အခုဆိုရင်မန္တလေးကိုအချိန်မရွေးဝင်တိုက်နိုင်တဲ့ အခြေအနေတွေဖြစ်လာပါပြီ။ဒါတွေဟာ ရှမ်းမန်းစစ်ဆင်ရေးတွေရဲ့တိုးတက်မှုတွေပါ။ ဒါ့အပြင် နိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာလဲ အေအေတပ်တော်ဟာစစ်ကောင်စီကို မရပ်မနားအစွမ်းကုန်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေတောင်ပိုင်းအထိရောက်ရှိလာတယ်။တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အမ်းမြို့ကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။ကျွမ်းကျင်သူတွေကတော့...
Read moreအာဏာသိမ်း စစ်ကောင်စီက စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်ပြီး ကျန်ဒေသများကို ကာကွယ်နိုင်ရေးအတွက် အရပ်ဘက်များ ပါဝင်လာသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်တယ်။ ထိုအဖွဲ့ကို တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမယ်လို့ သိရတယ်။...
Read moreပီးခဲ့တဲ့ရက်တွေထဲအကြပ်အတည်းဖြစ်နေတဲ့ ဒေါ်လာစျေးနဲ့စက်သုံးဆီကိစ္စကတော့ အတိုင်းအတာတစ်ခုအထိပြေလည်သွားပါပြီ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကဒေါ်လာသန်းတစ်ရာခန့် စက်သုံးဆီလုပ်ငန်းရှင်တွေကို ထုတ်ရောင်းခဲ့တယ်။ဒါကြောင့်ဒေါ်လာစျေးဟာလဲ ၇၂၀၀ကျပ်မှ၆၀၀၀ကျပ်ခန့်အထိ ကျဆင်းသွားခဲ့တယ်။ဒါပေမယ့်လဲဒေါ်လာစျေးနဲ့အတူ လိုက်တက်သွားခဲ့တဲ့ကုန်စျေးနှုန်းတွေကတော့ ပြန်မဆင်းလာတော့ပါဘူး။နှစ်ပတ်ဆက်တိုက်ဒေါ်လာစျေးဟာ အတက်ဘက်ပဲဖြစ်ခဲ့တာကြောင့်လမ်းဘေးဆိုင်ကမုန့်တွေကအစစျေးတက်သွားခဲ့တယ်။ စက်သုံးဆီအခြေအနေကလဲ ဒီရက်ပိုင်းမှာပြန်ပြေလည်သွားခဲ့တယ်။ဒါပေမယ့်ဒါဟာလဲ ခဏတာဖြစ်မှာပါ။ဗဟိုဘဏ်ကထုတ်ရောင်းခဲ့တဲ့ ဒေါ်လာသန်း၁၀၀ရဲ့အရှိန်ကုန်သွားရင် စက်သုံးဆီပြတ်လတ်မှုကပြန်ဖြစ်လာမှာပဲ။ဒီပြသနာတွေဟာ ဆေးမှီးတိုနည်းတွေနဲ့ကုနေသမျှ ဘယ်တော့မှပြေလည်မှာမဟုတ်ပါဘူး။
Read moreစစ်ကိုင်းတိုင်း၊မန္တလေးတိုင်းစတဲ့မြန်မာပြည်အလယ်ပိုင်းမြေလတ်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ တိုးလာတာအားရစရာပါ။အခုဆိုရင်မန္တလေးတိုင်းမြင်းခြံ၊တောင်သာ၊နွားထိုးကြီးမြို့နယ်တွေကတိုက်ပွဲတွေကြောင့် စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေအားလုံးထွက်ပြေးသွားကြပြီးအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီ။ထိုဒေသတွေမှာမြို့တွေမသိမ်းနိုင်သေးပေမယ့် စစ်ကောင်စီအနေနဲ့မစိုးမိုးနိုင်တော့ပါဘူး။ ရှမ်းမြောက်မှာတော့စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုး အသစ်ခန့်အပ်လိုက်ပါတယ်။မရှိတော့တဲ့စစ်ဌာနချုပ်တစ်ခုအတွက် တိုင်းမှုးခန့်တယ်ဆိုတော့ရယ်စရာပဲ။ဒါပေမယ့်သူတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနန့်လမ်မြို့မှာ ပြန်လည်အင်အားစုစည်းနေပါတယ်။ထိုမြို့ဟာTLNAသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ရဲ့တောင်ဘက်မှာ တည်ရှိတယ်။ထိုဒေသကိုအခြေပြုပြီး စစ်ကောင်စီဟာလားရှိုးမြို့ကိုပြန်လည်ရယူဖို့ ကြံစည်နေပါတယ်။အခုလဲနောင်ချိုမြို့ဘက်ကိုစစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်တယ်။လက်ရှိအခြေအနေတွေအရစစ်အုပ်စုဟာ တန်ပြန်ထိုးစစ်ပြုလုပ်နိုင်ဖို့ထပ်ရှမ်းတောင်ပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ ဆင်းမလာရေးကာကွယ်ဖို့က ပိုအရေးကြီးနေပါတယ်။
Read moreစစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်ကမြို့သုံးခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုက်နက်တိုက်ခိုက်နေပါတယ်။KIAကဦးဆောင်ပြီး အင်းတော်၊ပင်လယ်ဘူးနဲ့ ထီးချိုင့်မြို့တွေကို တိုက်ခိုက်နေတာပါ။စစ်ကိုင်းတိုင်းထဲ မြို့သုံးခုလောက်ကို တပြိုက်နက်ထိုးစစ်ဆင်တာဒါပထမဆုံးပါပဲ။ KIAဟာကချင်ဟာ ကချင်ပြည်နယ်ထဲစစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်နဲ့မိုးမောက်ကြားကစစ်တပ်ရဲ့အမာခံတပ်ရင်းတစ်ခုကို တလကျော်ကြာတိုက်ခိုက်ပြီးနောက်သိမ်းပိုက်နိုင်လိုက်တယ်။ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကစစ်တပ်စခန်းတွေလဲ ဖြည်းဖြည်းခြင်းဆီသိမ်းယူလျက်ရှိတယ်။ပြည်နယ်မြို့တော်မြစ်ကြီးနားအနီးကိုလဲ KIAတပ်တွေတဖြည်းဖြည်းချဥ်းကပ်လာနေပါပြီ။ဘယ်နေရာကိုဦးစားပေးပစ်မှတ်အဖြစ် တိုက်မလဲဆိုတာတော့ခန့်မှန်းရခက်နေဆဲပါပဲ။
Read moreYou can copy without credits to our site. We Need Freedom.