အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းနေသည့် တီမောက စစ်ကော်မရှင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပြီးနောက် အာဏာသိမ်း စစ်ကော်မရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ခွင့်ပြုမည် မဟုတ်ကြောင်း စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံကတိပေး ပြောဆိုခဲ့တယ်။ လက်ရှိမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရန် ကြိုးပမ်းနေသည့် တီမော လက်စ်တေနိုင်ငံကို စစ်ကော်မရှင်က ကန့်ကွက်ထားသဖြင့် ထိုကဲ့သို့ လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်တယ်။
တီမောနိုင်ငံဟာ အရှေ့တောင်အာရှမှာ NUGကိုထောက်ခံတဲ့တစ်ခုထဲသောနိုင်ငံပါ။ အခုသတင်းအတိုင်းဆိုရင်တော့ တီမောမှာဖွင့်ထားတဲ့ NUGရုံးကိုပိတ်သိမ်းရဖွယ်ရှိပါတယ်။ NUGအတွက်တော့ ရှားရှားပါးပါးထောက်ခံထားတဲ့ နိုင်ငံတစ်ခုဆုံးရှုံးသွားတာပေါ့။ ဒါဟာ နိုင်ငံတကာစာမျက်နှာမှာ NUGအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်ကဘလက်တွေ့နိုင်ငံရေးဟာ ဒီလိုပဲဆိုတာကိုပြသလိုက်တာပါပဲ။


