နိုင်ငံတဝန်းတော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာချိန်မှာ NUGကသူတို့ပြုလုပ်မယ့်အထွေထွေထိုးစစ်ကြီးအကြောင်းကို မကြာခဏထုတ်ပြောလာနေတယ်။NUGကာကွယ်ရေးဝန်ကြီးက လက်နက်၊ရိက္ခါနဲ့အခြားလိုအပ်တာတွေ စုဆောင်းပြင်ဆင်နေပြီးမဖြစ်မနေပြုလုပ်သွားမယ့်အကြောင်း ထပ်လောင်းပြောတယ်။ဒါ့အပြင် NUGလက်အောက်ခံတပ်တွေအတွက် ဒုစစ်ဦးစီးချုပ်ရာထူးကို MDY PDF ခေါင်းဆောင်ဒေါက်တာစိုးသူရဇော်ကို နေရာပေးထားတယ်လို့သိရတယ်။တော်လှန်ရေးစကတည်းက လိုအပ်နေတဲ့NUGရဲ့စစ်ဦးစီးချုပ်နေရာကတော့ အခုချိန်ထိ ဘယ်သူဘယ်ဝါမှန်မသိရသေးပါဘူး။ အထွေထွေထိုးစစ်ဆိုတာကြီးကို လုပ်ဖြစ်မယ်ဆိုရင်တော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီဒါမှမဟုတ်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်လုပ်ဆောင်နိုင်မှသာ စစ်ကော်မရှင်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်မှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


