ကရင်ပြည်နယ်ဒေါနတောင်ပေါ်ကစစ်အုပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာစစ်ကြောင်းလေးခုခန့်ခွဲပြီး ထိုးစစ်ဆင်လာတာလို့သိရတယ်။ပင်မစစ်ကြောင်းကို ဒေါ်နတောင်ပေါ်မှာတော်လှန်ရေးတပ်ဖွဲ့တွေက ကောင်းစွာပိတ်ဆို့ထားနိုင်ပေမယ့်တောလမ်းကနေ နောက်ထပ်စစ်ကြောင်းနှစ်ခု ပတ်တက်လာခဲ့တယ်။ဒါ့အပြင်မြဝတီမြို့မှ စုစည်းနေတဲ့စစ်ပြေးစစ်သားတွေက နောက်ထပ်စစ်ကြောင်းတစ်ခုအဖြစ် တပ်လာတာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့သုံးဘက်ညှပ်ပြီး တိုက်ခိုက်ခံနိုင်ရခြေရှိတာကြောင်း ဆုတ်ခွာပေးလိုက်ရတာလို့သိရတယ်။အခုတော့စစ်တပ်စစ်ကြောင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်ခဲ့တဲ့ သင်္ဃန်းညီနောင်အထိ ရောက်ရှိလာပါပြီ။အာရှလမ်းမကြီးမှာလဲအတားအဆီးမရှိသလောက် ဖြစ်သွားတာမို့သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ မြဝတီမြို့အထိမကြာခင် ရောက်ရှိသွားပါလိမ့်မယ်။ ထိုအောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ဧပြီလကတည်းကမြဝတီမြို့ကိုသုံးရက်အတွင်း...
Read moreDetailsမြဝတီမြို့အနီးဒေါ်နတောင်တန်းပေါ် အာရှလမ်းမပေါ်မှာစစ်ကော်မရှင်ရဲ့အောင်ဇေယျစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့KNUနဲ့ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်လာရပြီလို့သိရတယ်။စက်တင်တာဘာလတစ်ရက်နေ့ကစပြီး စစ်ကော်မရှင်ကမြဝတီမြို့ကို ရက်ကိုးဆယ်နဲ့ချီတက်မယ်လို့ကြွေးကြော်ပြီးအင်အားအများအပြားနဲ့ ဒေါ်နတောင်ပေါ်စစ်ကြောင်းပြန်ထိုးလာလို့ဒီရက်တွေအတွင်း တိုက်ထိုဒေသတဝိုက်မှာတိုက်ပွဲတွေ အလွန်ပြင်းထန်နေပါတယ်။အစောပိုင်းရက်တွေက တိုးလာတဲ့စစ်တပ်စစ်ကြောင်းတွေအကြိမ်ကြိမ် ပြန်လန်ကျနေတဲ့သတင်းတွေကို သာသိနေရတယ်။အခုမှရုတ်တရက်ကြီးအောင်ဇေယျစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အဖွဲ့တွေ ပြန်ဆုတ်လာရတဲ့အခြေအနေကိုတော့သေချာမသိရသေးပါဘူး။ထိုနေရာကဆုတ်ခွာပေးရရင် အာရှလမ်းမကြီးကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်မှုကို လက်လွတ်ရနိုင်ပါတယ်။
Read moreDetailsတရုတ်ပြည်ရောက်နေတဲမင်းအောင်လှိုင်ဟာ မြန်မာပြည်မှာအကောင်အထည်ဖော်မယ့်မြစ်ဆုံဆည်လို တရုတ်စီမံကိန်းကြီးတွေအားလုံးကို အမြန်ပြန်လည်စတင်ဖို့အာမခံခဲ့တယ်။ထိုစီမံကိန်းတွေအားလုံးဟာ မြန်မာပြည်အကျိုးအတွက် တစ်ခုမှမပါပဲတရုတ်ပြည်ကောင်းစားရေး စီမံကိန်းတွေပါ။ဒါ့ကြောင့်အရပ်သားအစိုးရလက်ထက်တွေမှာ တချို့စီမံကိန်းတွေကိုဖျက်သိမ်းပြီးတစ်ချို့ကို အရွယ်အစားလျော့ချခဲ့တယ်။အခုမင်းအောင်လှိုင်ကတော့ သူရှင်သန်ရေးအတွက် တရုတ်ကိုဖားပြီးတရုတ်ကျွန်လုပ်တော့မယ့်သဘောပဲ။ ဒါ့အပြင်မင်းအောင်လှိုင်ဟာ တရုတ်ပြည်မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့လဲ တွေ့ဆုံနိုင်ခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာသံတမာန်ရေးရာမှာ စစ်အုပ်စုဟာတဖြည်းဖြည်းနဲ့လက်တန်ရှည်လာပါပြီ။စစ်ခေါင်းဆောင်နောက်တစ်ခေါက်အလည်အပတ် သွားရောက်မယ်ံနိုင်ငံကအိန္ဒိယနိုင်ငံဖြစ်လာတော့မှာပါ။စစ်အုပ်စုကိုနိုင်ငံကြီးတွေ တနိုင်ငံပြီးတနိုင်ငံထောက်ခံနေချိန်မှာတော်လှန်ရေးအင်အားစုတွေကတော့ ဖိအားတွေနဲ့ တဖြည်းဖြည်းရင်ဆိုင်နေရပါတယ်။
Read moreDetailsလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျဥ်းထောင်ထဲမှာကျန်းမာရေးမကောင်းတဲ့ သတင်းတွေထွက်ပေါ်နေတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာနှလုံးရောဂါခံစားနေရတယ်။စစ်အုပ်စုကသမားတော်နဲ့ ကုသခွင့်မပေးပဲ သာမာန်ထောင်ဆရာဝန်နဲ့သာ လွတ်ထားတာကြောင့်အခြေအနေပိုဆိုးလာတယ်လို့သိရတယ်။ပြီးခဲ့တဲ့တစ်ခေါက်ကလဲ သူမဟာသွားကိုက်ဝေဒနာ ခံစားနေရတဲ့သတင်းတွေ တက်လာသေးတယ်။စစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုအနုနည်းနဲ့သတ်ချင်ရင်ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မပေးယုံနဲ့ ပြုလုပ်နိုင်တာကြောင့် သူမရဲ့အခြေအနေကစိုးရိမ်စရာပါ။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုရောက်နေပြန်ပါပြီ။တရုတ်သမ္မတရှီကျင့်ပင်ဖိတ်လို့ စစ်ရေးပြအခမ်းအနားနဲ့စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ရောက်ရန်သွားတာဖြစ်တယ်။အရင်တစ်ခေါက်က ခန့်မှန်းခဲ့သလိုပါပဲ။ရုရှားမှာတရုတ်သမ္မတနဲ့တွေ့ဆုံအပြီးမှာ တရုတ်ပြည်ကိုဖိတ်ခေါ်ခံရတယ်။တရုတ်မြေမှာသမ္မတရှီကျင့်ပင်နဲ့လဲ သီးခြားတွေ့ဆုံခွင့်ရတယ်။စစ်ကော်မရှင်ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကိုလဲ ထောက်ခံသွားမယ်ပြောတယ်။ဒါတွေကိုကြည့်ရင် တရုတ်ရောရုရှားပါ စစ်ကော်မရှင်ကိုအတိအလင်း ထောက်ခံနေတဲ့သဘောပါပဲ။နောက်ပိုင်းမှာလဲ စစ်ကော်မရှင်ဟာသူအသက်ဆက်နိုင်ရေးအတွက် တရုတ်ဆီကအကူအညီများစွာ ဆက်လက်ရရှိသွားမှာပါ။
Read moreDetailsမန္တလေးမြို့အနီးကMDY PDFတွေ သိမ်းပိုက်ထားတဲ့ဖယောင်းတောင်ရွှေလုပ်ကွက်နဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အယ်လဖာဘိလပ်မြေစက်ရုံတို့ကို စစ်အုပ်စုကထိုးစစ်ဆင်ပြီးပြန်လည်သိမ်းပိုက်လိုက်ပါတယ်။ထိုဒေသကထိုးစစ်တွေမှာတော့ စစ်အုပ်စုဟာ လူအင်အားအလုံးအရင်းအသုံးမပြုပဲ နည်းပညာအင်အားသုံးဒရုန်းတွေနဲ့ တိုက်ခိုက်သွားတာလို့သိရတယ်။ထိုနေရာတွေကို MDY PDFကတစ်နှစ်နီးပါးခန့် ထိန်းချုပ်ထားရာမှ အခုပြန်လက်လွတ်လိုက်ရတာပါ။စစ်အုပ်စုရဲ့သာလွန်လာတဲ့ ဒရုန်းတွေကို တုန့်ပြန်ဖို့တော်လှန်ရေးအင်အားစုတွေမှာ လုံလောက်နဲ့နည်းပညာမရှိသေးပါဘူး။ထိုဒရုန်းနည်းပညာကို သေချာမကာကွယ်နိုင်ရင် တော်လှန်ရေးအင်အားစုတွေ တဖြည်းဖြည်းနဲ့...
Read moreDetailsတရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့် သိန္ဒီမြို့ကို စစ်ကော်မရှင်ထံပြန်ပေးရဖို့က ရာခိုင်နှုန်းငါးဆယ်ခန့်ရှိနေတယ်။ TLNAဘက်မှာလဲကကျောက်မဲမြို့နဲ့ သီပေါမြို့ကို ဆက်ထိန်းထားနိုင်ဖို့မလွယ်လောက်ပါဘူး။ဒီကြားထဲဝတပ်ဖွဲ့က ဘာမှမကူညီနိုင်တော့ဘူးလို့ ပြောထားတော့အခြေအနေက ပိုဆိုးသွားတယ်။ရှမ်းမြောက်မှာ ပြင်းထန်နေတဲ့စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကိုTLNAတစ်ဖွဲ့ထဲ ခုခံဖို့မဖြစ်နိုင်သလောက်ပါပဲ။ခန့်မှန်းတာ မမှားဘူးဆိုရင်လာမယ့် အောက်တိုဘာလကုန်လောက်မှာပဲ ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေ...
Read moreDetailsတရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတဲ့ ရှမ်းမြောက်ကနောက်တစ်ဖွဲ့ဖြစ်တဲ့ MNDAAအဖွဲ့ကိုလဲ စစ်ကော်မရှင်ကသိန္ဒီမြို့ကို ပြန်တောင်းနေတယ်လို့ သိရတယ်။တရုတ်ရဲ့ ဖိအားကြောင့် MNDAAဟာလားရှိုးမြို့ကို စစ်ကောင်စီထံပြီးခဲ့တဲ့ ဧပြီလကလွှဲအပ်ခဲ့ရပြီးပြီ။ဒါကိုစစ်ကော်မရှင်ကလားရှိုးမြို့အထက်က စစ်ရေးနဲ့စီးပွားရေးအချက်အခြာကျတဲ့ သိန္ဒီမြို့ကိုထပ်တောင်းနေတာပါ။ထိုမြို့မှာတော့ အခုချိန်ထိ MNDAAကအုပ်ချုပ်ရေး၊စီးပွားရေးနဲ့စည်ပင်သာယာရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လည်ပတ်နေဆဲပါ။ ဒါပေမယ့် အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ စစ်ကော်မရှင်ရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလမယ့် စက်တင်ဘာလမှာ မြို့ပေါ်ကိုဝင်ရောက်လာတော့မယ်လို့...
Read moreDetailsစစ်ကောင်မရှင်နဲ့ TNLAတို့တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံတဲ့ဆွေးနွေးပွဲကတော့ အဖြေမထွက်ပဲပြီးဆုံးသွားပါပြီ။စိတ်ဝင်စားဖို့ကောင်းတာက ထိုဆွေးနွေးပွဲမှာ TLNAကကျောက်မဲနဲ့သီပေါမြို့တွေကို စစ်ကော်မရှင်ကို ပြန်ပေးပြီးအပစ်ရပ်ဖို့ လိုက်လျောခဲ့တယ်လို့သိရတယ်။ဒါကိုစစ်ကော်မရှင်က လက်မခံပဲ TLNAသိမ်းပိုက်ထားတဲ့မြို့တွေအားလုံးနီးပါး ပြန်ပေးဖို့တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲပျက်သွားခဲ့တယ်။ရှမ်းမြောက်မှာTLNAက မြို့ပေါင်း၁၂မြို့ခန့် သိမ်းယူထားပြီးထိုမြို့တွေထဲကမှ ၁၀မြို့ကို စစ်ကောင်မရှင်က သေနတ်တချက်မှမဖောက်ရပဲ အလကားပြန်လိုချင်တယ်ဆိုတော့ အတော်ကိုတရားလွန်တာပဲ။...
Read moreDetailsစစ်ကိုင်းတိုင်းအတွင်းမှာလဲ နေရာဒေသအနှံအပြားကို စစ်အုပ်စုကစစ်ကြောင်းတွေ ပြန်ထိုးနေပါတယ်။စစ်အုပ်စုဟာ အင်အားလျော့ပါးလာတာကြောင့် စစ်ကိုင်းတိုင်းထဲကိုစစ်ကြောင်းမထိုးနိုင်တာ ၁၀၂၇ စစ်ဆင်ရေးကာလကတည်းကပါ။အခုအချိန်မှာတော့ အင်အားပြန်လည်ဖြည့်တင်းနိုင်လာတာကြောင်း စစ်ကြောင်းတစ်ခုကို အနည်းဆုံးလူအင်အားတစ်ရာခန့်သုံးပြီး နယ်မြေစိုးမိုးဖို့ ပြန်လည်ကြိုးစားလာတယ်။စစ်ကိုင်းတိုင်းအတွင်းက မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့လုပ်လာတယ်။လတ်တလောမှာတော့ရွှေဘို၊မြစ်ကြီးနားကားလမ်းကို စစ်အုပ်စုပြန်လည်ထိန်းချုပ်သွားနိုင်တာကြောင့် ကချင်ပြည်နယ်ဘက်သွားမယ့် ကုန်ကားတွေထိုလမ်းပေါ်မှာ ပိတ်မိနေကြတယ်။...
Read moreDetailsYou can copy without credits to our site. We Need Freedom.