စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုရောက်နေပြန်ပါပြီ။တရုတ်သမ္မတရှီကျင့်ပင်ဖိတ်လို့ စစ်ရေးပြအခမ်းအနားနဲ့စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ရောက်ရန်သွားတာဖြစ်တယ်။အရင်တစ်ခေါက်က ခန့်မှန်းခဲ့သလိုပါပဲ။ရုရှားမှာတရုတ်သမ္မတနဲ့တွေ့ဆုံအပြီးမှာ တရုတ်ပြည်ကိုဖိတ်ခေါ်ခံရတယ်။တရုတ်မြေမှာသမ္မတရှီကျင့်ပင်နဲ့လဲ သီးခြားတွေ့ဆုံခွင့်ရတယ်။စစ်ကော်မရှင်ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကိုလဲ ထောက်ခံသွားမယ်ပြောတယ်။ဒါတွေကိုကြည့်ရင် တရုတ်ရောရုရှားပါ စစ်ကော်မရှင်ကိုအတိအလင်း ထောက်ခံနေတဲ့သဘောပါပဲ။နောက်ပိုင်းမှာလဲ စစ်ကော်မရှင်ဟာသူအသက်ဆက်နိုင်ရေးအတွက် တရုတ်ဆီကအကူအညီများစွာ ဆက်လက်ရရှိသွားမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


