တရုတ်ပြည်ရောက်နေတဲမင်းအောင်လှိုင်ဟာ မြန်မာပြည်မှာအကောင်အထည်ဖော်မယ့်မြစ်ဆုံဆည်လို တရုတ်စီမံကိန်းကြီးတွေအားလုံးကို အမြန်ပြန်လည်စတင်ဖို့အာမခံခဲ့တယ်။ထိုစီမံကိန်းတွေအားလုံးဟာ မြန်မာပြည်အကျိုးအတွက် တစ်ခုမှမပါပဲတရုတ်ပြည်ကောင်းစားရေး စီမံကိန်းတွေပါ။ဒါ့ကြောင့်အရပ်သားအစိုးရလက်ထက်တွေမှာ တချို့စီမံကိန်းတွေကိုဖျက်သိမ်းပြီးတစ်ချို့ကို အရွယ်အစားလျော့ချခဲ့တယ်။အခုမင်းအောင်လှိုင်ကတော့ သူရှင်သန်ရေးအတွက် တရုတ်ကိုဖားပြီးတရုတ်ကျွန်လုပ်တော့မယ့်သဘောပဲ။
ဒါ့အပြင်မင်းအောင်လှိုင်ဟာ တရုတ်ပြည်မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့လဲ တွေ့ဆုံနိုင်ခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာသံတမာန်ရေးရာမှာ စစ်အုပ်စုဟာတဖြည်းဖြည်းနဲ့လက်တန်ရှည်လာပါပြီ။စစ်ခေါင်းဆောင်နောက်တစ်ခေါက်အလည်အပတ် သွားရောက်မယ်ံနိုင်ငံကအိန္ဒိယနိုင်ငံဖြစ်လာတော့မှာပါ။စစ်အုပ်စုကိုနိုင်ငံကြီးတွေ တနိုင်ငံပြီးတနိုင်ငံထောက်ခံနေချိန်မှာတော်လှန်ရေးအင်အားစုတွေကတော့ ဖိအားတွေနဲ့ တဖြည်းဖြည်းရင်ဆိုင်နေရပါတယ်။
 
			 
                                         
                                         
			

