ကရင်ပြည်နယ်ကစစ်ရေးနဲ့စီးပွားရေးအရ အလွန်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကိKNUနဲ့ပူးပေါင်းအဖွဲ့တွေရုတ်တရက် ဆုတ်ခွာပေးလိုက်ခြင်းမှာနောက်ကွယ်က အကြောင်းတရားတွေ ရှိနေပါတယ်။ထိုလမ်းကြီးတလျောက်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအပြင် စောချစ်သူရဲ့နယ်ခြားစောင့်တပ် BGFတွေလဲရှိနေတယ်။စစ်ကောင်မရှင်ရဲ့ အောင်ဇေယျစစ်ကြောင်းစတင်ကတည်းက BGFဟာနှစ်ဘက်လုံးဘက်မပါပဲခွထိုင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။အခုတော့BGFဟာ စစ်ကော်မရှင်ကိုကူညီပြီး ဒေါနတောင်ပေါ်တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို လမ်းပြပေးတယ်။မြဝတီဘက်ကတက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုလဲ လမ်းဖွင့်ပေးလိုက်တယ်။ဒါကြောင့်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ ဆက်လက်ခုခံဖို့မဖြစ်နိုင်တော့ပဲအာရှလမ်းမကြီးကို လက်လွတ်လိုက်ရတာဖြစ်တယ်။တကယ်တော့ BGFက ကရင်လူမျိုးအချင်းချင်းသစ္စာဖောက်သွားတာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


