ရှမ်းမြောက်မှာလဲ စစ်ကော်မရှင်ကကျောက်မဲမြို့ဘက်ကို တရစပ်ထိုးစစ်ဆင်နေပါတယ်။ကျောက်မဲမြို့ကို ရရှိဖို့အတွက် မိုးကုတ်မြို့ဘက်ကို ထိုးစစ်ဆင်တာရပ်ထားတယ်။ဒါပေမယ့် မိုးကုတ်မြို့ကိုမကြာခဏဆိုသလို ဗုံးကြဲပြီးပြည်သူတွေကိုခြိမ်းခြောက်နေပါတယ်။စစ်ကော်မရှင်ရဲ့ ကျောက်မဲထိုးစစ်ဟာအခုဆိုရင်မြို့နဲ့ဆယ်မိုင်ခန့်အကွာအထိ ရောက်ရှိနေပါပြီ။TLNAဘက်ကလဲ အပြင်းအထန်ခုခံနေပါတယ်။လောလောဆယ်မှာဖျက်စီးခံထားရတဲ့ မန္တလေးလားရှိုးလမ်းမကြီးပေါ်ကဂုတ်တွင်းနဲ့ ဂုတ်ထိပ်တံတားတွေကို စစ်အုပ်စုကအပူတပြင်းပြင်ဆင်နေပါတယ်။ထိုတံတားတွေ ကောင်းသွားရင်တော့ စစ်ကူတွေလက်နက်ရိက္ခါတွေအများအပြားကို စစ်အုပ်စုကပိုမိုပို့ဆောင်နိုင်တော့မှာပါ။အဲဒီလိုဖြစ်လာရင်တော့ကျောက်မဲမြို့ကိုလဲ စစ်အုပ်စု သိမ်းယူသွားနိုင်တော့မှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


