အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၀၃၊ ၂၀၂၃။ (တနင်္လာ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်သိမ်းပိုက် မီးရှို့ခံရပြီးနောက် တိုက်ပွဲရှုံးတဲ့ စစ်အုပ်စုက လက်နက်မဲ့ ပြည်သူတွေကို ရန်ပြုကာ ညောင်ပင်ကြီးနဲ့ အနီးဝန်းကျင် ရွာတွေကို ရက်(၂၀)ကျော်ကြာစီးနင်းထားပြီးထင်တိုင်းကျဲလူသတ်၊လုယက်၊မီးရှို့တာတွေကျူးလွန်နေပါတယ်။ဒါကြောင့်ကျေးရွာ (၁၂)ရွာက ထောင်သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။မပြေးနိုင်လို့ ရွာထဲမှာ ကျန်ခဲ့တဲ့ရွှေအင်းလေးနဲ့ရွာရှည်ရွာကအဘိုးအဘွားနှစ်ဦးယခုရက်ပိုင်းအစာငတ်ပြီးသေခဲ့ဆုံးတယ်။သက်ကြီးရွယ်အိုတွေမို့...

Read moreDetails

ဇူလိုင် ၀၂၊ ၂၀၂၃။ (တနင်္ဂနွေ)

ရန်ကုန်မြို့လှိုင်သာယာနဲ့ရွှေပြည်သာကအထည်ချုပ်စက်ရုံ၂ရုံမှာလုပ်ခတိုးတောင်းဖို့ဦးဆောင်သူတွေကိုဆူပူအောင်လှုံ့ဆော်မှုနဲ့စစ်ကောင်စီကဖမ်းဆီးလိုက်တယ်။အလုပ်သမားခေါင်းဆောင်၇ဦးနဲ့အလုပ်သမားအရေးကူညီသူ၃ဦးစုစုပေါင်း၁၀ဦးပါ။ဖမ်းဆီးထားသူတွေဟာစက်ရုံအလုပ်ရုံတွေမှာဆန္ဒပြကြဖို့လှုံ့ဆော်တယ်လို့စစ်ကောင်စီကစွပ်စွဲထားတယ်။ စစ်အာဏာသိမ်းပြီးနောက်မြန်မာပြည်မှာအလုပ်သမားအခွင့်အရေးတွေပျောက်ဆုံးသွားတာပါ။အထူးသဖြင့်စက်မှုဇုန်ထဲကအလုပ်သမားတွေပေါ့။အလုပ်သမားအခွင့်အရေးတောင်းဆိုလို့မရတာကိုအခွင့်ကောင်းယူပြီးအလုပ်ရှင်တွေကလုပ်ခလစာနှိမ်ပေးကြတယ်။မခံနိုင်လို့လစာတိုးတောင်းရင်လဲစစ်ကောင်စီကအလုပ်သမားတွေဘက်မရပ်တည်ပဲအခုလိုဖမ်းဆီးတယ်။ရန်ကုန်စက်မှုဇုန်တွေထဲကအလုပ်သမားတွေဟာတကယ့်ကိုနင်းပြားဖြစ်နေပါပြီ။

Read moreDetails

ဇူလိုင် ၀၁၊ ၂၀၂၃။ (စနေ)

အဏာသိမ်းစစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ရန်အတွက် အဓိကလမ်းမကြီးများကို ညပိုင်းအချိန်သွားလာခွင့်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ကန့်သတ်လိုက်ပြီ။ညအချိန်သွားခွင့်တားမြစ်ထားသည့် လမ်းပိုင်းများမှာ ကုန်သွယ်ရေးအချက်အခြာကျသည့် ရန်ကုန် - မန္တလေး အမြန်လမ်း၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ ပဲခူး -...

Read moreDetails

ဇွန် ၃၀၊ ၂၀၂၃။ (သောကြာ)

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ကရင်နီပြည်နယ်၊မယ်စဲဒေသမှာစစ်တပ်ကလေယာဉ်တစီးကိုတော်လှန်ရေးအဖွဲ့တွေကပစ်ချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဟာမယ်စဲမြို့ကိုပြန်လည်ရရှိရေးအတွက်လက်နက်ကြီးနဲ့လေကြောင်းပစ်ကူအလုံးအရင်းသုံးကာတိုက်ခိုက်လျက်ရှိတယ်။ထိုတိုက်ပွဲတွေအတွင်းမှာစစ်တပ်ဖက်ဗုံးကြဲဖို့အနိမ့်ပျံသန်းလာတဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုတော်လှန်ရေးအဖွဲ့တွေကလက်နက်ငယ်တွေနဲ့ပဲပစ်ချနိုင်ခဲ့တယ်လို့သိရတယ်။ပျက်ကျသွားတဲ့လေယာဉ်ဟာအပေါ့စားအမောင်းသင်တိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြစ်ပြီးသံလွင်မြစ်ကမ်းဘေးမှာပျက်ကျသွားတယ်။ထိုနေရာကိုစစ်တပ်ကရဟတ်ယာဉ်၃စီးလောက်နဲ့ဝိုင်းရံထားလို့အထောက်အထားတွေတော့မရနိုင်သေးဘူး။ဘာပဲပြောဒါဟာလဲတော်လှန်ရေးကာလမှာစစ်တပ်ဖက်ကလေယာဉ်တစ်စီးကိုပထမဆုံးပစ်ချနိုင်ခြင်းလို့ပြောလို့ရတယ်။

Read moreDetails

ဇွန် ၂၉၊ ၂၀၂၃။ (ကြာသပတေး)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားကို KNLA ပူးပေါင်းအဖွဲ့ကပြီးခဲ့တဲ့ရက်ကမိုင်းခွဲဖျက်စီးခဲ့တယ်။ထိုကျုံအိတ်တံတားမှာ ရန်ကုန်-မော်လမြိုင်-မြဝတီ၊ ရန်ကုန်-မော်လမြိုင်-ထားဝယ် စသည့် ကုန်သွယ်ရေးအရအရေးပါတဲ့လမ်းပေါ်တွင်ရှိနေပြီး စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖျက်ဆီး ခဲ့ခြင်းဖြစ်တယ်။ ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် လာရောက် စစ်ဆေးသည့် စစ်ကောင်စီလက်အောက်ခံ...

Read moreDetails

ဇွန် ၂၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်၊ စစ်ကိုင်းမြို့နယ် မြောက်ပိုင်း တလိုင်းရွာအနီး စစ်ကိုင်း-ရွှေဘို ဗျူဟာလမ်းပေါ်မှာ ဒီမနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် (၁၄)ဦး ကျဆုံးခဲ့တယ်။စစ်သူပုန်တွေရဲ့ ကင်းပုန်းနဲ့ တိုးပြီး ကျဆုံးတာလို့သိရတယ်။ မောင်းပြန်သေနတ်၁၄လက်လဲဆုံးရှုံးလိုက်ရတယ်။ပီးခဲ့တဲ့ရက်တွေကလဲစစ်ကိုင်းမြို့နယ်ဧရာဝတီမြစ်ကမ်းဘေးကကင်းတော်ရွာနားမှာလဲစခန်းတစ်ခုရုတ်တရက်စီးနင်းခံရပြီးတော်လှန်ရေးရဲဘော်၁၃ဦးနဲ့ရဲမေနှစ်ဦးဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။...

Read moreDetails

ဇွန် ၂၇၊ ၂၀၂၃။ (အင်္ဂါ)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုနှင့်ထိုရွာအုပ်စုတွင်ပါဝင်​သော ကန်ကောက်ရွာရှိ နေအိမ်တွေကိုစစ်ကောင်စီတပ်ကဆယ်ရက်အတွင်းဖယ်ရှားရန်ဖိအားပေးနေတယ်။စစ်အုပ်စုဖယ်ရှားမည့်အိမ်ခြေမှာ အိမ်ခြေရာချီမဟုတ်ပါဘူး။ ထောင်ဂဏန်းရှိပါတယ်။ အိမ်ခြေကိုးထောင်ကျော်လောက်ရှိမယ်။အိမ်ခြေ ကိုးထောင်ကျော်တွင်အိမ်ကြီးအိမ်ကောင်းများ အများအပြားပါဝင်ပြီး အချို့နေအိမ်များမှာ မြို့တွင်းတွင်ဖယ်ရှားခံရ၍ ယခုနေရာတွင် ဝယ်ယူနေထိုင်ချိန်တွင် ထပ်မံဖယ်ရှားခံရခြင်းဖြစ်တယ်။သောင်းချီသောမိသားစုဝင်များမှာ နေစရာအတွက် အိမ်ငှားနေထိုင်ရန် အိမ်အမြန်ရှာဖွေနေရပြီး အိမ်ငှားခများမြင့်တက်နေ၍ အခက်အခဲများတွေ့နေရတယ်။...

Read moreDetails

ဇွန် ၂၆၊ ၂၀၂၃။ (တနင်္လာ)

ကရင်နီပြည်နယ်၊မယ်စဲမြို့သိမ်းတိုက်ပွဲမှာတော်လှန်ရေးအဖွဲ့တွေအောင်ပွဲရလိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်ပါပြီ။ထိုမြို့မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်ဟာတပ်ရင်းမှုး၊ဒုတပ်ရင်းမှုးတွေပါအပါအဝင်တပ်ရင်းတရင်းလုံးလက်နက်ချခဲ့တယ်။အရေအတွက်အတိအကျမသိရပေမယ့်အင်အား၁၀၀ကျော်လက်နက်ချခဲ့တယ်လို့သတင်းတွေကဆိုတယ်။စစ်သူပုန်တပ်တွေဟာစစ်မြေပြင်ဆီစစ်ကူအချိန်မှီမပို့ပေးနိုင်တဲ့အပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့်နောက်ဆုံးမှာအခုလိုလက်နက်ချလိုက်ရတာပဲ။ဒါဟာနွေဦးတော်လှန်ရေးကာလမှာပထမဆုံးတပ်ရင်းလိုက်စစ်တပ်ဖက်ကအညံခံလိုက်ရတဲ့ပွဲပဲ။နောက်ပိုင်းမှာစစ်တပ်ဖက်ကတပ်ရင်းလိုက်လက်နက်ချအညံခံမှုတွေဆက်လက်ရှိလာနိုင်တယ်လို့ထင်မြင်ချက်တွေထွက်လာပေမယ့်ထင်သလောက်မလွယ်ပါဘူး။အခုလိုအသေခံဖို့ကလွဲပြီးရွေးချယ်စရာလုံးဝမရှိမှသူတို့ဘက်ကအညံခံမှာပါ။ထိုအခြေအနေမျိုးကိုရောက်အောင်တော်လှန်ရေးအဖွဲ့တွေကတိုက်ပွဲတိုင်းမှာကြိုးစားရမှာပါ။ ဘာပဲဖြစ်ဖြစ်မယ်စဲဒေသမှာရရှိလိုက်တဲ့အောင်ပွဲတွေဟာနွေဦးတော်လှန်ရေးအတွက်ချိုမြိန်တဲ့သတင်းတွေပါပဲ။ပထမဒေသခံနယ်ခြားစောင့်အဖွဲ့ကဘက်ပြောင်းလာတယ်။ပြီးတော့စစ်သူပုန်တွေတပ်ရင်းလိုက်လက်နက်ချရတယ်။မြို့ကိုလဲအလုံးစုံထိန်းချုပ်နိုင်လိုက်တယ်။ဒီလိုဖြစ်ရပ်မျိုးတခြားအီးအေအိုကြီးတွေရှိတဲ့ကချင်နဲ့ကရင်နဲ့ရခိုင်မှာတောင်မရှိသေးဘူး။ကရင်နီပြည်နယ်ရဲ့စစ်ရေးတိုးတက်မှုနှုန်းကမြန်ဆန်လှတယ်။

Read moreDetails

ဇွန် ၂၅၊ ၂၀၂၃။ (တနင်္ဂနွေ)

နိုင်ငံတကာအသေးစားချေးငွေလုပ်ငန်းတစ်ခုဖြစ်တဲ့ Pact Myanmar ဟာပြည်တွင်းမှာရှိနေတဲ့ငွေချေးလုပ်ငန်းတွေကိုရပ်တန့်ပြီးထွက်ခွာတော့မယ်လို့ထုတ်ပြန်ကြေငြာလိုက်တယ်။မြန်မာပြည်သူ၈၉၀၀၀ဦးကို ချေးပေးထားတဲ့ ဒေါ်လာ ၁၅၆ သန်းကျော်ဖိုးရှိ ချေးငွေတွေကို ပြန်မတောင်းတော့ဘဲလျှော်ပေးကာထွက်ခွာမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားတယ်။ထိုအဖွဲ့အစည်းဟာမြန်မာပြည်တွင်းမှာ နှစ်ပေါင်း ၂၅ နှစ်တိုင် အကြီးဆုံးချေးငွေဝန်ဆောင်မှုပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pact Myanmar လို့ လူသိများတဲ့...

Read moreDetails

ဇွန် ၂၄၊ ၂၀၂၃။ (စနေ)

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုကိုအမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ချိန်မှာပဲ (NUG) က ဒစ်ဂျစ်တယ်ဘဏ်အသစ်တခု မကြာခင်မှာ ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်။ထိုဘဏ်ကိုတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) အမည်နဲ့...

Read moreDetails
Page 80 of 173 1 79 80 81 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist