စစ်ကောင်စီကတော့ဒေါ်လာအမှန်တကယ်ပြတ်လပ်နေပြီထင်တယ်။မနေ့ကကျင်းပတဲ့ကုန်သည်ကြီးများတွေ့ဆုံပွဲမှာပြည်သူတွေလက်ထဲမှာတရားမဝင်ဒေါ်လာကိုင်ထားရင်ထောင်ချမယ်လို့ခြိမ်းခြောက်လိုက်တယ်။ဒါအပြင်လုပ်ငန်းတွေကိုလဲပို့ကုန်ရငွေဒေါ်လာတွေကိုအပြည့်အဝပြန်အပ်ဖို့နဲ့မအပ်ရင်တရားစွဲမယ်လို့ခြိမ်းခြောက်သေးတယ်။ကုန်သည်တွေလက်ထဲမှာဒေါ်လာ၂ဘီလီယံလောက်ပြန်အပ်ဖို့ရှိသေးတယ်လို့လဲစွပ်စွဲလိုက်တယ်။ပြည်သူတွေလက်ထဲမှာဒေါ်လာတွေရှိနေသေးတာသိတဲ့စစ်ကောင်စီဟာထိုငွေတွေသူတို့ဆီဝင်လာအောင်မရမကညစ်ထုတ်နေတာပဲ။သူတို့ဘယ်လိုပဲခြိမ်းခြောက်ပါစေသိပ်တော့ထူးမယ်မထင်ဘူး။ဒီလိုဖြစ်နေရတာလဲနိုင်ငံတကာကတရစ်ချင်းဆီသူတို့လည်ပင်းကိုညစ်လာလို့ပဲ။ဒါကြောင့်အရူးမီးဝိုင်းပြီးကြံမိကြံရာကြံနေတယ်။
စစ်ကောင်စီကဒေါ်လာကိုင်ထားရင်ထောင်ချမယ်လို့ခြိမ်းခြောက်နေချိန်မှာNUGနွေဦးဘဏ်ကသူတို့ဆီမှာလုံခြုံစိတ်ချစွာအပ်နှံနိုင်ကြောင်းကြေငြာလိုက်တယ်။NUGကအခွင့်အရေးကိုအမိအရဆုပ်ကိုင်နိုင်ဖို့ကြိုးစားနေပေမယ့်သူတို့ဘက်မှာလဲအဆင်သင့်မဖြစ်သေးဘူး။နွေဦးဘဏ်ဟာအခုမှအစပဲရှိသေးတယ်။လူတိုင်းကိုအကောင့်မဖွင့်ပေးနိုင်သေးဘူး။ဒီလကုန်မှအမှန်တကယ်စပြီးလည်ပတ်မယ်လို့သိရတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...