မုံရွာမှာပြီးခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ဖြတ်ပြီးဓားမြတိုက်ခဲ့တဲ့ဖြစ်စဉ်မှာကျုးလွန်သူတွေကိုဖမ်းမိသွားပါပြီ။ကျူးလွန်သူခြောက်ဦးဟာမုံရွာကျွဲကြီးအဖွဲ့ကဖြစ်ပြီးစစ်ကောင်စီကဖမ်းဆီးပေးတာမဟုတ်ပဲဒေသခံကာကွယ်ရေးအဖွဲ့တွေကဖမ်းလိုက်တာပါ။ ခုလိုလုပ်ရတဲ့အကြောင်းအရင်းကို သေချာမသိရဘူး။ထိုအဖွဲ့ဟာမုံရွာမှာအခြားရာဇဝတ်မှုသုံးလေးခုကိုလဲကျူးလွန်ထားသေးတယ်လို့စစ်ဆေးမေးမြန်းချက်အရ သိရတယ်။ရာဇဝတ်သားတွေကိုNUGတရားစီရင်ရေးကိုအပ်နှံပြီးအရေးယူလိမ့်မယ်။
ထိုကဲ့သို့လူမဆန်တဲ့လုပ်ရပ်မျိုးကျူးလွန်သူတွေကိုသေဒဏ်ပေးသင့်တယ်။စစ်ကောင်စီကအရေးမယူချိန်မှာNUGကမှတ်လောက်သားလောက်အောင်အရေးယူသင့်တယ်။ဒါမှလဲနောက်ထပ်ဒီလိုမျိုးမဖြစ်လာအောင်တားဆီးနိုင်မှာပါ။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


