ကရင်နီပြည်နယ်ထဲမှာဒီလထဲတိုက်ပွဲတွေမှာစစ်ခွေး၇၀ကောင်ခန့်သေဆုံးသွားတယ်လို့ကရင်နီတော်လှန်ရေးအင်အားစုတွေကသတင်းထုတ်ပြန်လိုက်တယ်။ကရင်နီပြည်နယ်ထဲမှာတော့တိုက်ပွဲတွေနေ့စဉ်မပြတ်ရှိနေပြီးစစ်တပ်ကပြည်နယ်တွင်းလမ်းမကြီးတွေကိုထိန်းချုပ်ဖို့ကြိုးစားနေဆဲပဲ။တိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်ကကျဆုံးမှုများတဲ့အပြင်လက်နက်ခဲယမ်းတွေလဲအများအပြားသိမ်းဆည်းရမိထားတယ်။တိုက်ပွဲတစ်ခုကိုသိန်းထောင်ကျော်ဖိုးခန့်အထိသိမ်းဆည်းရမှုတွေရှိနေတာကြောင့်ကရင်နီတော်လှန်ရေးအဖွဲ့တွေကိုလက်နက်ထောက်ပံတာပြည်သူတွေမဟုတ်ပဲစစ်ခွေးတွေလို့ပြောလို့ရတဲ့အထိပဲ။စစ်ကောင်စီအနေနဲ့ဘယ်လိုပဲကြိုးစားပါစေကရင်နီပြည်နယ်ကိုပြန်ရဖို့မဖြစ်နိုင်တော့ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


