အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၀၃၊ ၂၀၂၃။ (တနင်္ဂနွေ)

မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် ထောင်အရာရှိများကို မူးယစ်ဆေးဝါးမှု၊လက်နက်မှုတို့ဖြင့်ဖမ်းဆီးအမှုဖွင့်ပြီးနောက်စစ်တပ်ကတိုက်ရိုက်အုပ်ချုပ်နေပါတယ်။စစ်တပ်ဟာ ဒုထောင်ပိုင်၏ နေအိမ်မှာ ဆေးခြောက်၊ ICE နှင့် စိတ်ကြွဆေးပြားများ၊ ကျည်ဆန်များနှင့် ဖုန်းအလုံး၈၀ခန့်ကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက်ဒုထောင်ပိုင်ကိုသာမကထောင်ပိုင်ကိုပါထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးခဲ့တယ်။ထို့နောက် အကျဉ်းထောင်အုပ်ချုပ်ရေးယန္တရားကို စစ်တပ် ဗိုလ်မှူးတစ်ဦးက ဦးဆောင်...

Read moreDetails

စက်တင်ဘာ ၀၂၊ ၂၀၂၃။ (စနေ)

ကရင်နီပြည်နယ်မှာတော်လှန်ရေးအဖွဲ့တွေကစစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖြတ်တောက်ထားနိုင်လို့စစ်ကောင်စီတပ် ရှေ့တန်းစခန်းများရိက္ခာပြတ်တောက်နေတယ်လို့သိရတယ်။ဒါကြောင့်မနေ့ကစပြီး စစ်ကောင်စီ၏ထောက်ပို့ယာဉ်၈၅စီးခန့်လွိုင်ကော်မှတဆင့်ဒီးမော့ဆိုမြို့နယ်သို့အင်အားအလုံးအရင်ဖြင့်ဝင်ရောက်လာတယ်။အရင်ကဒီလိုစစ်ယာဉ်တန်းအလုံးအရင်းနဲ့ထောက်ပို့လုပ်တာမျိုးကချင်၊ချင်းနဲ့စစ်ကိုင်းမှာတွေ့ရပေမယ့်ကရင်နီပြည်နယ်မှာတော့ဒါပထမဆုံးပဲ။ပြည်နယ်သေးသေးလေးကိုဒီလိုစစ်ယာဉ်တန်းတွေနဲ့အင်အားဖြည်းတာမျိုးကတော့တားဆီးဖို့ခက်ခဲလိမ့်မယ်။ ကရင်နီပြည်နယ်မှာ ၂၀၂၂ ခုနှစ် ၁၂ လပိုင်းလောက်ကတည်းက လွိုင်ကော်ရဲ့အဝေးကမြို့ပြတွေဆီကို ရိက္ခာမပို့နိုင်တာ ဒီနေ့ ဒီအချိန်ထိဖြစ်တယ်။စစ်တပ်ကအလှမ်းဝေးတဲ့သူတို့တပ်စခန်းတွေကိုရိက္ခာပို့နိုင်ဖို့ မနည်းကြိုးစားနေရတယ်။ဒါဟာစစ်ရေးမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီအကောင်းဆုံး ဖြတ်တိုက်နေတယ်။ရင်ဆိုင်ခုခံနိုင်တယ်ဆိုတာပြနေတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကခုခံစစ်ကနေတဆင့် တန်ပြန်ထိုးစစ်တွေ လုပ်နိုင်ဖို့ အဓိက စိန်ခေါ်ချက်က...

Read moreDetails

စက်တင်ဘာ ၀၁၊ ၂၀၂၃။ (သောကြာ)

စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ သြဂုတ် ၃၁ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်​အောက်ခံ လက်နက်ကိုင်များကြောင့်သေဆုံးခဲ့ရသည့်အရပ်သားပြည်သူ၄၀၂၃ဦးရှိခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ပါတယ်။ဒါကြောင့် စစ်အုပ်စု အာဏာသိမ်းပြီး​နောက် ၂ နှစ်ခွဲကျော် အတွင်း စစ်​ကောင်စီတပ်နှင့် လက်​​အောက်ခံ လက်နက်ကိုင်များက တစ်ရက်လျှင်ပျမ်းမျှ...

Read moreDetails

ဩဂုတ် ၃၁၊ ၂၀၂၃။ (ကြာသပတေး)

စားသုံးဆီနဲ့အတူစစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေခံစားကုန်ဖြစ်တဲ့ဆန်ဈေးလဲအဆမတန်မြင့်တက်လာခဲ့ပါတယ်။ရွှေဘိုပေါ်ဆန်း(၂၄ပြည်)တအိတ်လျှင်စစ်ကောင်စီရည်ညွှန်းဈေး၁သိန်း၁သောင်းကျပ်ဟုဆိုသော်လည်း ပြင်ပလက်လီဈေးကွက်မှာ တအိတ်လျှင် ၁ သိန်း ၄ သောင်းဝန်းကျင်အထိ ဈေးမြင့်တက်နေတယ်။ အခြေခံလူတန်းစားများအားထားရာ ဆန်ကြမ်းဈေးနှုန်းမှာ တအိတ်လျှင် ပြင်ပဈေးကွက်၌ ၆ သောင်းကျော်မှ ၇သောင်း၄ထောင်အထိရှိနေတယ်။အာဏာမသိမ်းခင်ကအကောင်းစားဆန်တအိတ်ဈေးဟာကျပ်တသိန်းအောက်မှာသာရှိခဲ့ပါတယ်။ဆန်ဈေးတွေလဲအနည်းဆုံးနှစ်ဆခန့်အထိတက်သွားတာပါ။လူလတ်တန်းစားတွေဆိုရင်အရင်ကမှ ဆန်ကောင်းလေးတွေ ဝယ်စားနိုင်သေးတယ်။ အခုကျတော့ နေ့တိုင်းအားထားပြီးစားနေရတဲ့ဆန်ပါ ဈေးတက်လာတော့စားရေးအတွက်ပါစိတ်ပူလာရတဲ့အနေအထားပါပဲ။အရင်က၃သောင်းလောက်ပဲရှိတဲ့ဆန်ကြမ်းက...

Read moreDetails

ဩဂုတ် ၃၀၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဈေးကွက်ထဲမှာပြည်သူအများစားသုံးနေတဲ့စားအုန်းဆီဈေးမြင့်တက်လာပြီးစားအုန်းဆီတစ်ပိဿာလျင် ၁၂၀၀၀ ကျပ် အထိ ရှိလာပါပြီ။အာဏာမသိမ်းမီကစားအုန်းဆီဈေးဟာတစ်ပိသာ၃၀၀၀ခန့်သာရှိခဲ့တာပါ။ စစ်ကောင်စီကတော့စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ၄၁၅၅ကျပ်သတ်မှတ်ထားတယ်။ပဲဆီကတော့တစ်ပိဿာကျပ်၁၇၀၀၀ခန့်ရှိလာပြီ။ဒါပေမယ့်ပဲဆီထွက်တဲ့ဒေသတွေမှာစစ်ကောင်စီတပ်တွေသောင်းကျန်းနေတာကြောင့်ပဲဆီအစစ်ကတော့ရှားပါးလှပါတယ်။အခုလိုဆီဈေးတွေတက်တော့ဆီနဲ့ကြော်ရလှော်ရတာတွေမရောင်းနိုင်တော့ဘူး။ရောင်းရင်လဲမကိုက်ကြတော့ဘူး။၊အိမ်ရှင်မတွေလဲခေါင်းကိုက်နေကြပြီ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာတော့စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာ ၄၄၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချပေးနေပြီးပြည်သူတွေတန်းစီဝယ်ယူနေကြရတယ်။ စားသုံးဆီဆိုတာခေတ်အဆက်ဆက်ပြည်ပမှနှစ်စဉ်ဝယ်ယူတင်သွင်းနေရပြီးလက်ရှိမှာတော့အမေရိကန်ဒေါ်လာသန်း၆၀၀ကျော်ဖိုးခန့်တင်သွင်းနေရတယ်။စစ်ကောင်စီဟာသူတို့မှာနိုင်ငံခြားငွေမရှိတော့တာကြောင့်စားသုံးဆီကိုလျော့ချတင်သွင်းနေလို့အခုလို‌ဈေးတွေတက်နေခြင်းဖြစ်တယ်။

Read moreDetails

ဩဂုတ် ၂၉၊ ၂၀၂၃။ (အင်္ဂါ)

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်ဘက်မှာလဲကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် နမ့်ဆန်ယန် စစ်မျက်နှာသို့ စစ်ရိက္ခာများ ပို့ဆောင်ပေးမည့် စစ်ကောင်စီတပ် ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းအား KIA ၊ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်။ စစ်ရိက္ခာများတင်လာသောစစ်သင်္ဘောဟာမန္တလေးကနေဧရာဝတီမြစ်အတိုင်းဆန်တက်လာပြီးလမ်းတလျောက်တိုက်ခိုက်ခံရပြီးနောက်ဗန်မော်ဆိပ်ကမ်းမှာဆိုက်ကပ်နိုင်ခဲ့တယ်။သယ်‌ဆောင်လာတဲ့စစ်ရိက္ခာပစ္စည်းများကို ဗန်းမော်နှင့်...

Read moreDetails

ဩဂုတ် ၂၈၊ ၂၀၂၃။ (တနင်္လာ)

ချင်းပြည်နယ်၊ထန်တလန်မြို့ရှိစစ်ကောင်စီတပ်စွဲရာနေရာလေးခုကိုမနေ့ကချင်းအမျိုးသားတပ်မတော်(CNA)နှင့်ချင်းဒေသကာကွယ်ရေးတပ်(CDF)ပူးပေါင်းတပ်တွေကကတစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပါတယ်။ထန်တလန်မြို့ပေါ်မှာအင်အားတိုးချဲ့ချထားသည့်စစ်ကောင်စီတပ်များကိုချင်းပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သူပုန်တွေဘက်ကဦးထက်မနည်းအကျအဆုံးရှိတယ်လို့သိရတယ်။ဒါပေမယ့်လဲတော်လှန်ရေးအဖွဲတွေဘက်က၁၃ဦးခန့်ကျဆုံးသွားတယ်။စစ်ကောင်စီဖက်ကဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတယ်။ဟားခါးဗျူဟာကုန်းကနေလက်နက်ကြီးနဲ့ပစ်ပေးတယ်။အဲဒါကြောင့်တော်လှန်ရေးအဖွဲ့တွေဘက်က အထိအခိုက်အဲဒီလောက်ရှိရတာပဲ။ ထန်တလန်မြို့မှာအရင်ကစစ်ကောင်စီတပ်တွေတပ်စွဲထားနိုင်တဲ့နေရာတနေရာသာရှိတော့ရာမှလက်ရှိဟားခါး - ထန်တလန်လမ်းပိုင်းကို သူတို့ ယာယီစိုးမိုးထားနိုင်သည့် အခြေအနေတွင် အင်အားတိုးချဲ့လာရာ ထန်တလန်မြို့၌ စစ်ကောင်စီတပ်ရင်း ၅ရင်းရှိနေကြောင်း၊ သို့ရာတွင် အင်အားမှာ နည်းပါးပြီး ၁၅၀ နှင့် ၂၀၀ကြားသာရှိတယ်။ထိုကဲ့သို့ထန်တလန်မြို့ပေါ်ဖြန့်ပြီးချထားတဲ့ လေးနေရာလောက်ကို...

Read moreDetails

ဩဂုတ် ၂၇၊ ၂၀၂၃။ (တနင်္ဂနွေ)

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အရှေ့တီမော အစိုးရက အတိအလင်း စစ်ကောင်သီကိုဆန့်ကျင် ရပ်တည်ပြခဲ့တဲ့နောက် မြန်မာ စစ်ခေါင်းဆောင်တွေက တီမော သံအမတ်နဲ့ သံအရာရှိတွေကိုနိုင်ငံကနေနှင်ထုတ်လိုက်ပါတယ်။အရှေ့တီမောဟာစစ်ကောင်စီကမြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် အတိအလင်း...

Read moreDetails

ဩဂုတ် ၂၆၊ ၂၀၂၃။ (စနေ)

မန္တလေးမြို့မှာ မျက်စိအထူးကု ဆရာဝန်ကြီး နဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်နဲ့ ဆေးခန်းကိုပါချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။ဆရာဝန်ကြီးရဲ့ ဇနီးဟာ အဝေးသင်တက္ကသိုလ် တွဲဖက်ပါမောက္ခဖြစ်ပြီးCDMပြုလုပ်ထားပါ။စစ်တပ်ကိုထောက်ခံအားပေးရေးသားနေတဲ့လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ ဆရာဝန်ကြီး မိသားစု ဟာ PDF ကိုထောက်ပံ့အားပေးလို့ဖမ်းဆီးတာလို့ စွပ်စွဲထားပါတယ်။ပီးခဲ့တဲ့ရက်တွေကလဲမန္တလေးမြို့စာရေးကိရိယာအရောင်းဆိုင်တစ်ခုကဆိုင်ပိုင်ရှင်ညီအမတွေကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးသွားပြီးနေအိမ်ကိုပါချိတ်ပိတ်သွားပါသေးတယ်။သူတို့ကိုတော့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်တဲ့စာတွေရေးသားမှုကြောင့်ဆိုပြီးဖမ်းဆီးသွားတာပါ။ဒါတွေဟာလဲခန့်မှန်းပြောဆိုချက်တွေသာဖြစ်ပြီးဖမ်းဆီးခံရတဲ့အဖြစ်မှန်ကိုဘယ်သူမှမသိကြပါဘူး။တနိုင်ငံလုံးမှာထိုဖြစ်စဉ်မျိုးအများအပြားရှိနေပါသေးတယ်။စစ်ကောင်စီဟာငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ပြည်သူတွေကိုမထင်ရင်မထင်သလိုအကြောင်းပြချက်မရှိဖမ်းဆီးနေကျပါ။

Read moreDetails

ဩဂုတ် ၂၅၊ ၂၀၂၃။ (သောကြာ)

စစ်ကောင်စီလေတပ်အတွက်လေယာဉ်ဆီတွေကိုပိတ်ဆို့လိုက်ချိန်မှာပဲNUGMODကတိုင်းနှင့်ပြည်နယ်အသီးသီးကို ဒရုန်းအစင်းရေ ၄၀၀ကျော် ဖြန့်ကျက် ပို့ဆောင်ထားကြောင်းထုတ်ပြန်လိုက်တယ်။ ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာထောက်ပံပေးထားတာဖြစ်ပြီးထိုဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားတယ်။ဒါ့အပြင်တော်လှန်ရေးအဖွဲ့အစည်းများက သီးခြားအစီအစဉ်ဖြင့် အကောင်အထည်ဖော်နေတဲ့ဒရုန်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး...

Read moreDetails
Page 79 of 178 1 78 79 80 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist