အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၁၃၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကြီးမြင့်လာတဲ့အထွေထွေကုန်ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ဆိုပြီးစစ်ကောင်စီကကုန်ဈေးနှုန်းရေးကော်မတီဖွဲ့တယ်။ထိန်းချုပ်ပုံထိန်းချုပ်နည်းကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလိုက်ဖမ်းတော့တာပါပဲ။ပထမဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူတွေကိုဖမ်းတယ်။ရွှေဈေးတက်လို့ဆိုပြီးရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းတယ်။အခုလတ်တလောမှာတော့စားသုံးဆီလုပ်ငန်းရှင်တွေကိုဖမ်းတယ်။နောက်ပိုင်းမှာတော့ပြောင်းနှင့်ဆန်တင်ပို့သူများ၊ စက်သုံးဆီတင်သွင်းသူများ၊ဘဏ်လုပ်ငန်းရှင်များပါတွေ့သမျှအကုန်ဖမ်းဆီးတော့တာပါပဲ။အခုလောလောဆယ်အထိလုပ်ငန်းရှင်၁၀၀ကျော်ကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့အစည်းအဝေးတွေတုန်းကတော့လုပ်ငန်းရှင်တွေကိုကုန်ဈေးနှုန်းတွေကစားရင်နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ငွေကြေးလိမ်လည်မှု၊နိုင်ငံခြားသုံးငွေကြေးကစားမှုတို့ဖြင့်တရားစွဲပြီးထောင်ဒဏ်၃၅နှစ်ချမည်ဟုခြိမ်းခြောက်ထားသေးတယ်။တချို့လုပ်ငန်းရှင်တွေလဲရှောင်နေရပြီ။စစ်ကောင်စီဟာတဖြည်းဖြည်းနဲ့ထွက်ပေါက်ပိတ်လာချိန်မှာလူတန်းစားမရွှေးဒုက္ခပေးနေတာအခုလုပ်ငန်းရှင်ကြီးတွေအလှည့်ရောက်လာပြီပေါ့။

Read moreDetails

စက်တင်ဘာ ၁၂၊ ၂၀၂၃။ (အင်္ဂါ)

နိုင်ငံခြားငွေရပေါက်ရလမ်းပိုနည်းလာသည့်စစ်ကောင်စီကနိုင်ငံခြားငွေရရှိရန်ပြည်သူတွေရဲ့ချွေးနည်းစာကိုအဓ္ဓမသိမ်းယူဖို့နောက်တမျိုးကြံစည်လာပြန်တယ်။ ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသူများက ပြည်တွင်းသို့ ပြန်ပို့သောလစာ၏၂၅ရာခိုင်နှုန်းကိုစစ်ကောင်စီထိန်းချုပ်ထားသည့်ဘဏ်စနစ်များမှမဖြစ်မနေငွေလွှဲရမည်ဖြစ်ပြီးမလွှဲပါက ပြည်ပအလုပ်ထွက်လုပ်ခွင့် ၃ နှစ်ပိတ်မယ်လို့ခြိမ်းခြောက်လိုက်ပြီ။ ထိုသို့ငွေလွှဲရာတွင် စစ်ကောင်စီထိန်းချုပ်ထားပြီး ၎င်းတို့ စိတ်ကြိုက်သတ်မှတ်ထားသည့် ငွေလွှဲနှုန်းအတိုင်းဖြင့်သာ ငွေလွှဲရမည်ဖြစ်တယ်။ထိုအချက်ကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် အလုပ်သမားများကြား သဘောတူစာချုပ်ချုပ်ဆိုထားရမည်ဟုပြောထားတယ်။အဲ့ဒီတော့အလုပ်သမားတွေဟာပေါက်ဈေးအတိုင်းမရတော့ပဲစစ်ကောင်စီနှိမ်ပြီးဝယ်ယူတဲ့ဈေးနှုန်းအတိုင်းသာရရှိမှာပါ။လက်ရှိအလုပ်သမားအများစုဟာဟွန်ဒီစနစ်ဖြင့်ငွေလွှဲပေးပို့နေကြပြီးစစ်ကောင်စီသတ်မှတ်ထားသည့်ငွေလွှဲနှုန်းသည်ပြင်ပပေါက်ဈေးဖြင့်အလွန်ကွာခြားနေတယ်။နိုင်ငံခြားတိုင်းပြည်တွေကမြန်မာလုပ်သားတွေအတွက်ဘာတခုမှ အဆင်ပြေအောင် မလုပ်ပေးဘဲနဲ့သူတို့လိုချင်တဲ့ ဒေါ်လာရဖို့ကိုပဲကြိုးစားနေကြတယ်။

Read moreDetails

စက်တင်ဘာ ၁၁၊ ၂၀၂၃။ (တနင်္လာ)

အခြေခံစားကုန်တွေအတွက်ပြည်သူတွေတန်းစီဝယ်ယူနေရတဲ့ဒုက္ခကကြီးမားလွန်းလှပါတယ်။စားသုံးဆီငါးဆယ်သား၊ဆန်တပြည်လောက်ရဖို့အရေးမနက်အစောကြီးထပြီးအလုပ်ပျက်ခံတန်းစီနေကြရရှာတယ်။စားအုန်းဆီလုပ်ငန်ရှင်တစ်ဦးကတော့ပြည်တွင်း၌ တင်သွင်းထား​သော စားအုန်းဆီလက်ကျန် ဆီ​ပေပါ ၁၅,၀၀၀​ကျော်သာကျန်​တော့​ပြီးထိုဆီကုန်လျှင် စစ်​ကောင်စီမည်သို့လုပ်မည်မသိရ​သေးဟုပြောတယ်။ စစ်ကောင်စီကဈေးကွက်ထဲတွင်စားအုန်းဆီရောင်းချခြင်းကို တားမြစ်ထားပြီး စာအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၄၅၀၀ဖြင့်ဆီကုန်သည်များကိုရောင်းချပေးရန်ခြိမ်းခြောက်ညွှန်ကြားထားတယ်။ဒါ့အပြင်ဆီအသင်းဥက္ကဌ အပါအဝင်လုပ်ငန်းရှင်များကို စားအုန်းဆီ​ဈေးတက်၍ဟုဆိုကာ ဖမ်းဆီးထားတယ်။ထို​ကြောင့် စာအုန်းဆီကို ​ဈေးဆိုင်များက မ​ရောင်းရဲ​တော့ဘဲ စစ်​ကောင်စီက တစ်ပိသာလျှင် ၄၅၀၀ ကျပ်ဖြင့်​ရောင်းရမည်ဆိုကာ...

Read moreDetails

စက်တင်ဘာ ၁၀၊ ၂၀၂၃။ (တနင်္ဂနွေ)

ဒေါ်လာ‌ဈေးတွေအဆမတန်ကြီးမြင့်လာပြီးနောက်ပြည်တွင်းမှာအထွေထွေကုန်‌ဈေးနှုန်းပါလိုက်ပါမြင့်တက်လာခဲ့တယ်။အခြေခံစားကုန်တွေဖြစ်တဲ့ဆန်ဈေးဆီဈေးတွေပါအပါအဝင်ပေါ့။အခုနောက်ပိုင်းမှာစစ်ကောင်စီဟာမြင့်တက်လာတဲ့‌ဈေးနှုန်းတွေကိုအတင်းအကြပ်ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ဈေးကွက်စီးပွားရေးစနစ်မှာဈေးကွက်ကိုထိန်းချုပ်လို့မရနိုင်တဲ့အတွက်အခုလိုလုပ်‌ဆောင်နေတာကြောင့်ပစ္စည်းပြတ်လပ်မှုတွေဖြစ်ပေါ်လာနေပါပြီ။စစ်ကောင်စီကစားအုန်းဆီဈေးကွက်နဲ့ဆန်ကိုထိန်းချုပ်ထားပြီး ၎င်းတို့သတ်မှတ်ထားသည့် ဈေးဖြင့်တန်းစီစနစ်ဖြင့်ပမာဏကန့်သတ်၍ရောင်းချနေသောကြောင့်ပြီးတဲ့ခဲ့ရက်တွေကစပြီးပြည်သူတွေဟာဆန်တွေဆီတွေကိုတန်းစီတိုးကြိတ်ပြီးဝယ်ယူနေရပြီ။ဒီမိုကရေစီအစိုးရတွေလက်ထက်မှာတုန်းကမကြုံဖူးတာတွေကိုစတင်ကြုံတွေ့နေရပြီ။ စစ်အာဏာသိမ်းပြီးနောက်၂၀၂၁ခုနှစ်မှာကိုဗစ်ကြောင့်အောက်ဆီဂျင်တွေတန်းစီရတယ်။၂၀၂၂ခုနှစ်မှာကျတော့ဘဏ်တွေကငွေသားအလုံအလောက်မထုတ်ပေးနိုင်တော့လို့ငွေထုတ်တန်းစီရတယ်။အခု၂၀၂၃မှာဆန်တွေဆီတွေဝယ်ယူဖို့တန်းစီနေရတယ်။စစ်အုပ်စုမပြုတ်ကျသ၍၂၀၂၄မှာဘာတွေတန်းစီရဦးမလဲမသိနိုင်ဘူး။

Read moreDetails

စက်တင်ဘာ ၀၉၊ ၂၀၂၃။ (စနေ)

မနေ့ကထုတ်ပြန်ခဲ့တဲ့NUGရဲ့အစီရင်ခံစာထဲမှာဒီနှစ်နှစ်အတွင်းသိသာတဲ့တိုးတက်မှုတွေရှိလာခဲ့တာတော့ငြင်းမရပါဘူး။ဒါပေမယ့်ဒီခရီးဟာအရှည်ကြီးကျန်သေးတယ်။လက်ရှိအချိန်မှာစစ်ကောင်စီနဲ့သူ့ရဲ့စစ်တပ်ကိုဖိအားပေးထားနိုင်ပေမယ့်အမြစ်ဖြတ်သုတ်သင်နိုင်တဲ့အခြေအနေတော့မရှိသေးဘူး။ထိုအခြေနေမျိုးရရှိဖို့ကလဲNUGကတစိုက်မတ်မတ်ပြောနေတဲ့တစ်ခုတည်းသောအမိန့်ပေးမှုစနစ်COCဟာစစ်ရေးမှာမရှိမဖြစ်လိုအပ်နေတယ်။အဲ့ဒီအတွက်ကိုလဲတော်လှန်ရေးအင်အားစုတွေကြိုးစားနေကြတယ်။ စစ်ရေးပိုင်းမှာရှေ့ရောက်နေပေမယ့်နိုင်ငံရေးပိုင်းမှာတော့တိကျတဲ့ရည်မှန်းချက်ဒါမှမဟုတ်သဘောတူညီချက်တစ်ခုအခုထိမရှိသေးပါဘူး။ဒါဟာလဲအားနည်းချက်တစ်ဖြစ်တယ်။နိုင်ငံရေးရည်မှန်းချက်မရှိပဲနိုင်ငံတကာအကူအညီဆိုတာမရနိုင်ပါဘူး။ဒီအချက်ဟာနှစ်နှစ်ကျော်လာပီဖြစ်တဲ့တော်လှန်ရေးမှာအဓိကလိုအပ်ချက်အဖြစ်ရှိနေတယ်။ဒီအချက်ကိုမကျော်လွားနိုင်ရင်တော့တော်လှန်ရေးသက်ဆိုးရှည်ကြပေလိမ့်ဦးမယ်။

Read moreDetails

စက်တင်ဘာ ၀၈၊ ၂၀၂၃။ (သောကြာ)

NUGကခုခံတော်လှန်စစ်နှစ်နှစ်ပြည့်အစီရင်ခံစာတစ်ခုကိုထုတ်ပြန်လိုက်တယ်။ထိုအစီရင်ခံစာထဲမှာတော့NUGကတပ်ရင်း၃၀၀ကျော်ဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်း၊ဒီနှစ်နှစ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲပေါင်း၉၉၀၀ကျော်ဖြစ်ပွားခဲ့ပြီးရန်သူအင်အားသုံးသောင်းကျော်ခြေမှုန်းထားနိုင်ကြောင်း၊ထွက်ပြေးသူလက်နက်ချသူတစ်သောင်းကျော်ရှိကြောင်း၊ဒါ့ကြောင့်ရန်သူစုစုပေါင်းအင်အားရဲ့၁၅ရာခိုင်နှုန်းခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်းတင်ပြထားတယ်။ ပထမနှစ်နဲ့ဒုတိယနှစ်ကိုနှိုင်းယှဉ်ပြီးပထမနှစ်ကိုမဟာဗျူဟာခံစစ်ကာလ၊ဒုတိယနှစ်ကိုထိုးစစ်အကြိုကာလအဖြစ်သတ်မှတ်ထားတယ်။ဒုတိယနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆကျော်တိုးမြှင့်ဆင်နွှဲနိုင်ခဲ့ကြောင်းယခုအချိန်မှာမဟာဗျူဟာမြောက်ထိုးစစ်အတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်းလဲတင်ပြထားတယ်။

Read moreDetails

စက်တင်ဘာ ၀၇၊ ၂၀၂၃။ (ကြာသပတေး)

ကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီကိုအရှိုက်ထိစေမယ့်ဆုံးဖြတ်ချက်တစ်ခုကိုတော့ချမှတ်နိုင်ခဲ့တယ်။အဲ့ဒါကတော့၂၀၂၆မှာအလှည့်ကျဥက္ကဌနေရာရမယ့်မြန်မာကိုနေရာမပေးပဲဖိလစ်ပိုင်နိုင်ငံကိုလွဲပြောင်းပေးလိုက်တာပဲ။ဒီဆုံးဖြတ်ချက်ကိုစစ်ကောင်စီကိုတောင်မတိုင်ပင်ပဲအာဆီယံအဖွဲ့အဝင်နိုင်ငံတွေချမှတ်ခဲ့ကြတယ်။စစ်ကောင်စီအတွက်အလွန်ရှက်စရာကောင်းတယ်။စစ်ခေါင်း‌ဆောင်တွေဟာလုံးဝလူရာမဝင်တော့ပါဘူး။ ဒီလိုဖြစ်ရပ်မျိုးအရင်စစ်အစိုးရခေတ်ကကြုံဖူးသေးတယ်။ဦးသန်းရွှေလက်ထက်မြန်မာနိုင်ငံကအာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူရတော့မယ့်အချိန်မှာအမေရိကန်နဲ့အီးယူကအပြင်းအထန်ကန့်ကွက်လို့စွန့်လွတ်ခဲ့ရဘူးတယ်။အခုအခြေအနေကတော့အဲ့ဒီတုန်းကထပ်ပိုဆိုးတယ်။စစ်ခေါင်းဆောင်တွေဟာနိင်ငံရေးထွက်ပေါက်ပိတ်နေပါပြီ။

Read moreDetails

စက်တင်ဘာ ၀၆၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဒီနှစ်အတွက်အင်ဒိုနီးရှားနိုင်ငံကဦး‌ဆောင်ပြီးအာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်လျက်ရှိတယ်။တနှစ်သာကုန်သွားပေမယ့်မြန်မာ့အရေးကိုအာဆီယံရဲ့ကြိုးစားအားထုတ်မှုဟာအရင်အတိုင်းရှိနေဆဲပဲ။ဒီနှစ်မှာတော့အင်ဒိုနီးရှားဟာမြန်မာ့အရေးသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့တွေ့ဆုံပြီးသူတို့တွေရဲ့အသံကိုနားထောင်ခဲ့တယ်။အဲ့ဒီမှာသိလိုက်ရတာကစစ်ကောင်စီကိုဘယ်သူမှအယုံအကြည်မရှိကြဘူးဆိုတာပဲ။စစ်ကောင်စီကိုဘယ်သူမှမယုံတဲ့အကြောင်းသုံးနှစ်ကြာမှသိရှိခွင့်ရတဲ့အာဆီယံပါ။ ဒီနှစ်ပြီးရင်၂၀၂၄မှာလာအိုနိုင်ငံကအလှည့်ကျဥက္ကဌဖြစ်လာလိမ့်မယ်။ဒါပေမယ့်ဒီတခေါက်မှာတော့မြန်မာ့အရေးကိုအလှည့်ကျဥက္ကဌခေါင်းပေါ်မပုံပဲ၂၀၂၃၊၂၀၂၄၊၂၀၂၅ဥက္ကဌသုံးနိုင်ငံကပူးပေါင်းတာဝန်ယူမယ်လို့ဆုံးဖြတ်ကြတယ်။လာအိုလိုစစ်ကောင်စီဘက်ပင်းတဲ့နိုင်ငံတွေအလှည့်ကျဥက္ကဌဖြစ်လာရင်အာဆီယံအဖွဲ့ရဲ့စည်းလုံးမှုကိုထိခိုက်လာနိုင်တယ်လို့ယူဆကြတယ်။အခုတောင်မြန်မာ့အရေးနဲ့ပတ်သက်ပြီးအာဆီယံကနှစ်ခြမ်းကွဲနေပြီလေ။ဒီလိုဆုံးဖြတ်လိုက်ခြင်းအားဖြင့်စစ်ကောင်စီဟာသူတို့နဲ့အဆင်ပြေတဲ့အာဆီယံနိုင်ငံတွေအလှည့်ကြဥက္ကဌဖြစ်လာရင်သူတို့ဖက်ပါလာအောင်ဆွဲဆောင်နိုင်ဖို့အခွင့်အလမ်းနည်းပါးသွားတယ်။‌

Read moreDetails

စက်တင်ဘာ ၀၅၊ ၂၀၂၃။ (အင်္ဂါ)

မနေ့ကမြဝတီမြို့မရဲ့စခန်းဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကိုKNUကသူတို့ပြုလုပ်ခဲ့တာလို့ထုတ်ပြန်လိုက်တယ်။စစ်ရေးပစ်မှတ်တွေကိုသာအဓိကထားတိုက်ခိုက်နေတာမို့မဆိုင်တဲ့တခြားဝန်ထမ်းတွေစစ်ကောင်စီတပ်တွေနဲ့ဝေးဝေးနေဖို့ပါသတိပေးလိုက်တယ်။ထိုသတိပေးချက်ကြောင့်မြဝတီမြို့ကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေလက်လှမ်းမှီရာကိုအရေးပေါ်ရွေ့ပြောင်းနေကြပြီ။နေပြည်တော်စစ်ကောင်စီသတင်းရပ်ကွက်မှာလဲဒရုန်းတိုက်ခိုက်မှုတွေသူတို့ဆီရောက်လာတော့မယ်ဆိုပြီးထိပ်လန့်နေကြပြီ။ဒရုန်းကာကွယ်လက်နက်တွေအများအပြားထပ်မံတင်သွင်းဖို့လုပ်နေကြပြီ။အရင်ကလဲဒရုန်းကာကွယ်လက်နက်တွေအများအပြားတင်သွင်းခဲ့ပေမယ့်စစ်တပ်ကိုတောင်လုံလောက်အောင်မဖြန့်ကျက်နိုင်ခဲ့ဘူး။ဒရုန်းတိုက်ခိုက်မှုတွေကတနိုင်ငံလုံးမှာဖြစ်နေတာလေ။အခုဌာနဆိုင်ရာရုံးတွေကိုပါကာကွယ်ပေးရမယ်ဆိုရင်တော့စစ်ကောင်စီအတွက်အတောင်ခေါင်းကိုက်စရာပဲ။

Read moreDetails

စက်တင်ဘာ ၀၄၊ ၂၀၂၃။ (တနင်္လာ)

ကရင်ပြည်နယ်မြဝတီမြို့မရဲစခန်းကိုမနေ့ညကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်။ဗုံးကြဲမှုကြောင့်စစ်ကောင်စီဖက်ကခရိုင်အုပ်ချုပ်ရေးမှုးနဲ့တပ်ရင်းမှုးအပါအဝင်ငါးယောက်သေဆုံးသွားပြီးအများအပြားဒဏ်ရာရရှိသွားတယ်။မနေ့ည၇နာရီခွဲလောက်မြို့မရဲစခန်းမှာပေါက်ကွဲမှုတစ်ခုအရင်ဖြစ်ပွားခဲ့တယ်။ထိုအချိန်အထိထိခိုက်သေဆုံးမှုမရှိသေးဘူး။ပေါက်ကွဲမှုကိုလာရောက်စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေနဲ့စစ်ကောင်စီတပ်ကလူတွေလာရောက်စစ်ဆေးနေချိန်မှာဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပြီးစစ်ကောင်စီဖက်ကအစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးကုန်တာပါပဲ။ဒဏ်ရာပြင်းထန်တဲ့သူတွေကိုတော့ထိုင်းနိုင်ငံဘက်မှာဆေးရုံတင်ထားရတယ်။ထိုဖြစ်ရပ်ကြောင့်မြဝတီမြို့စစ်ကောင်စီအသိုင်းအဝိုင်းမှာအကြီးအကျယ်ထိပ်လန့်လျက်ရှိတယ်။

Read moreDetails
Page 78 of 178 1 77 78 79 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist