ကရင်ပြည်နယ်မြဝတီမြို့မရဲစခန်းကိုမနေ့ညကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်။ဗုံးကြဲမှုကြောင့်စစ်ကောင်စီဖက်ကခရိုင်အုပ်ချုပ်ရေးမှုးနဲ့တပ်ရင်းမှုးအပါအဝင်ငါးယောက်သေဆုံးသွားပြီးအများအပြားဒဏ်ရာရရှိသွားတယ်။မနေ့ည၇နာရီခွဲလောက်မြို့မရဲစခန်းမှာပေါက်ကွဲမှုတစ်ခုအရင်ဖြစ်ပွားခဲ့တယ်။ထိုအချိန်အထိထိခိုက်သေဆုံးမှုမရှိသေးဘူး။ပေါက်ကွဲမှုကိုလာရောက်စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေနဲ့စစ်ကောင်စီတပ်ကလူတွေလာရောက်စစ်ဆေးနေချိန်မှာဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပြီးစစ်ကောင်စီဖက်ကအစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးကုန်တာပါပဲ။ဒဏ်ရာပြင်းထန်တဲ့သူတွေကိုတော့ထိုင်းနိုင်ငံဘက်မှာဆေးရုံတင်ထားရတယ်။ထိုဖြစ်ရပ်ကြောင့်မြဝတီမြို့စစ်ကောင်စီအသိုင်းအဝိုင်းမှာအကြီးအကျယ်ထိပ်လန့်လျက်ရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


