NUGကခုခံတော်လှန်စစ်နှစ်နှစ်ပြည့်အစီရင်ခံစာတစ်ခုကိုထုတ်ပြန်လိုက်တယ်။ထိုအစီရင်ခံစာထဲမှာတော့NUGကတပ်ရင်း၃၀၀ကျော်ဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်း၊ဒီနှစ်နှစ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲပေါင်း၉၉၀၀ကျော်ဖြစ်ပွားခဲ့ပြီးရန်သူအင်အားသုံးသောင်းကျော်ခြေမှုန်းထားနိုင်ကြောင်း၊ထွက်ပြေးသူလက်နက်ချသူတစ်သောင်းကျော်ရှိကြောင်း၊ဒါ့ကြောင့်ရန်သူစုစုပေါင်းအင်အားရဲ့၁၅ရာခိုင်နှုန်းခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်းတင်ပြထားတယ်။
ပထမနှစ်နဲ့ဒုတိယနှစ်ကိုနှိုင်းယှဉ်ပြီးပထမနှစ်ကိုမဟာဗျူဟာခံစစ်ကာလ၊ဒုတိယနှစ်ကိုထိုးစစ်အကြိုကာလအဖြစ်သတ်မှတ်ထားတယ်။ဒုတိယနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆကျော်တိုးမြှင့်ဆင်နွှဲနိုင်ခဲ့ကြောင်းယခုအချိန်မှာမဟာဗျူဟာမြောက်ထိုးစစ်အတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်းလဲတင်ပြထားတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


