မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် ထောင်အရာရှိများကို မူးယစ်ဆေးဝါးမှု၊လက်နက်မှုတို့ဖြင့်ဖမ်းဆီးအမှုဖွင့်ပြီးနောက်စစ်တပ်ကတိုက်ရိုက်အုပ်ချုပ်နေပါတယ်။စစ်တပ်ဟာ ဒုထောင်ပိုင်၏ နေအိမ်မှာ ဆေးခြောက်၊ ICE နှင့် စိတ်ကြွဆေးပြားများ၊ ကျည်ဆန်များနှင့် ဖုန်းအလုံး၈၀ခန့်ကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက်ဒုထောင်ပိုင်ကိုသာမကထောင်ပိုင်ကိုပါထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးခဲ့တယ်။ထို့နောက် အကျဉ်းထောင်အုပ်ချုပ်ရေးယန္တရားကို စစ်တပ် ဗိုလ်မှူးတစ်ဦးက ဦးဆောင် ကိုင်တွယ်လိုက်ပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း နေ့စဉ် ရိုက်နှက်၊ နှိပ်စက်နေတယ်။ထောင်ယန္တရားတစ်ခုလုံးကိုစစ်တပ်ကပဲချုပ်ကိုင်ထားတဲ့သဘောမျိုးပေါ့။ထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့် ထောင်ပိုင် နှင့် ဒုထောင်ပိုင်တို့မှာ နိုင်/ကျဉ်းများနှင့် အပြန်အလှန်လေးစားမှုရှိပြီးညှိနှိုင်းဆောင်ရွတ်တတ်သူများဖြစ်တာကြောင့်စစ်တပ်ကထောင်ကိုလွှဲယူလိုက်တာလို့သိရတယ်။ထိုကဲ့သို့အကျဉ်းထောင်ကို စစ်တပ်ကတိုက်ရိုက်အုပ်ချုပ်နေ၍အကျဉ်းသားအခွင့်အရေး ပိုမို ဆုံးရှုံးနေတယ်။
၂ ဧက ကျော်သာ ကျယ်ဝန်းသည့် ထားဝယ်အကျဉ်းထောင်သည် အကျဉ်းသားဦးရေ ၆၀၀ ခန့်သာ ထားရှိနိုင်သော်လည်းစစ်အာဏာသိမ်းပြီးနောက်တွင်အကျဉ်းသားထောင်ကျော်ထိရှိနေပြီ။ထားဝယ်ထောင်သာမကပဲတနိုင်ငံလုံးကထောင်တွေကိုစစ်တပ်ကလွှဲပြောင်းယူထားပြီးနိုင်ငံရေးအကျဉ်းသားတွေကိုညှင်းပမ်းနှိပ်စက်သတ်ဖြတ်လျက်ရှိတယ်။