ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်ဘက်မှာလဲကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် နမ့်ဆန်ယန် စစ်မျက်နှာသို့ စစ်ရိက္ခာများ ပို့ဆောင်ပေးမည့် စစ်ကောင်စီတပ် ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းအား KIA ၊ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်။
စစ်ရိက္ခာများတင်လာသောစစ်သင်္ဘောဟာမန္တလေးကနေဧရာဝတီမြစ်အတိုင်းဆန်တက်လာပြီးလမ်းတလျောက်တိုက်ခိုက်ခံရပြီးနောက်ဗန်မော်ဆိပ်ကမ်းမှာဆိုက်ကပ်နိုင်ခဲ့တယ်။သယ်ဆောင်လာတဲ့စစ်ရိက္ခာပစ္စည်းများကို ဗန်းမော်နှင့် ဗန်းမော်မြို့သစ်ကြား တွင်ရှိသည့်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နမ့်ဆန်ယန်သို့ စစ်ကားများဖြင့် ထပ်မံပို့ဆောင်မှာဖြစ်တယ်။ နမ့်ဆန်ယန်သို့ စစ်ကောင်စီရိက္ခာကားများ ဖြတ်သန်း သွားနိုင်ရန် ရှေ့ပြေး စစ်ကြောင်းဖြစ်သည့် စစ်ကား လေးစီးနှင့် စစ်ကောင်စီ တပ်သားအင်အား ၈၀ ကျော်ပါဝင်သည့် ရှေ့ပြေးလုံခြုံရေးလမ်းကြောင်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။ထိခိုက် ဒဏ်ရာရမှုက လူအုပ်ကြားထဲကို ၄၀-မမ နဲ့ပစ်တာဆိုတော့ ထိခိုက်ဒဏ်ရာရမှု ကတော့ရှိနိုင်တယ်။
စစ်ကောင်စီတပ်များဟာ ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ KIA အခြေစိုက်စခန်းရှိရာ လိုင်ဇာအနီး နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ ယခုချိန်ထိ မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိတယ်။အခုလိုအင်အားအလုံးအရင်းနဲ့လက်နက်ရိက္ခာတွေဖြည့်တင်းနေတာကြောင့်နောက်ပိုင်းမှာပိုမိုပြင်းထန်လာဖို့ပဲရှိမယ်။