အာဏာသိမ်း ဒိုင်ယာရီ

ဩဂုတ် ၁၄၊ ၂၀၂၃။ (တနင်္လာ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာအသက်(၅၀)အရွယ် မိခင်နဲ့ အသက်(၃၀)အရွယ် သားဖြစ်သူတို့ ကျန်းမာရေး မကောင်းလို့ ရွာကနေ ခြောက်မိုင်ခန့် ဝေးတဲ့ ကလေးမြို့ကို ဆေးခန်းပြဖို့ ဆိုင်ကယ်နဲ့ အသွား စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးလုယက် မီးရှို့ သတ်ဖြတ် ခံလိုက်ရပါတယ်။နှစ်ယောက်လုံး...

Read moreDetails

ဩဂုတ် ၁၃၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ရပ်ကွက်တစ်ခုမှာနေအိမ်တစ်အိမ်ကို ၀င်ရောက်ဓားပြတိုက်ပြီး သားယောက်ျားလေး မွေးဖွားရန်ရက်ပိုင်းသာလိုတော့သည့်ကိုယ်၀န်ဆောင်အမျိုးသမီးကိုသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်။အမျိုးသားခြောက် ဦးဟာလက် နက်များဖြင့်နေအိမ်အတွင်း၀င်ရောက်ခဲ့ပြီး ကိုယ်၀န်ဆောင် အမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖုန်းနှင့်ဆိုင်ကယ်တို့ကို လုယက်ယူဆောင် ထွက်ပြေး သွားတာပါ။ အသက် ၂၄ နှစ် အရွယ် ကိုယ်၀န်ဆောင်အမျိုးသမီးကတော့ ဦးခေါင်း...

Read moreDetails

ဩဂုတ် ၁၂၊ ၂၀၂၃။ (စနေ)

စင်ကာပူနိုင်ငံအခြေစိုက်UOBဘဏ်ကစစ်ဗိုလ်ချုပ်ကြီးများ၊ခရိုနီများ၊ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအပါအဝင်မြန်မာ‌ငွေစာရင်းတွေကနိုင်ငံခြားငွေလွှဲလုပ်ငန်းရပ်ဆိုင်းပြီးနောက်ပိုင်းရွှေဈေး၃၆သိန်းကျော်မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာဈေး ကျပ် ၃၅၀၀ ကျော်ရောက်ရှိလာတယ်။UOB ဘဏ်ကလာမည့်စက်တင်ဘာ လမှစပြီး မြန်မာဘဏ်များနှင့် လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်း မည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ကမ္ဘာငွေကြေးဈေးကွက်အတွင်းသို့ဝင်ရောက်ရန်အခက်အခဲတွေဖြစ်ပေါ်နေကြောင့်ဒီလိုဈေးတွေတက်လာတာဖြစ်တယ်။UOBဘဏ်ဆိုတာစစ်ခေါင်းဆောင်ဦးသန်းရွှေလက်ထက်၁၉၉၄ခုနှစ်မှာဘဏ်ကိုယ်စားလှယ်ရုံးခွဲကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်နိုင်ငံခြား ဘဏ်အဖြစ်လုပ်ငန်းလိုင်စင်ရထားတယ်။ နိုင်ငံခြားငွေလဲနှုန်းတွေဟာ ပြီးခဲ့တဲ့...

Read moreDetails

ဩဂုတ် ၁၁၊ ၂၀၂၃။ (သောကြာ)

စစ်ကိုင်းတိုင်း၊ပုလဲနယ် အခြေပြု တော်လှန်ရေးသမားတစ်ဦးဖြစ်တဲ့ဗိုလ်နဂါးရဲ့မြန့်မာတော်ဝင်နဂါးတပ်တော် (MRDA) က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ထည့်သွင်းထားတဲ့ တပ်ရင်း လေးရင်းကို NUG က ပြန်လည် ထုတ်ပါယ်လိုက်တယ်လို့...

Read moreDetails

ဩဂုတ် ၁၀၊ ၂၀၂၃။ (ကြာသပတေး)

စင်ကာပူဘဏ်တစ်ခုဖြစ်တဲ့UOBဘဏ်ကမြန်မာနိုင်ငံရဲ့ဘဏ်အကောင့်‌တွေအားလုံးပိတ်သိမ်းတော့မယ်လို့ကြေငြာလိုက်တယ်။ဒါဟာကမ္ဘာ့ငွေကြေးစနစ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ခွင့်ရမှုကို သိသိသာ ကန့်သတ်နိုင်လိုက်တာပဲ။ UOB ဘဏ်ဟာ မြန်မာဗိုလ်ချုပ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ ကြွယ်ဝချမ်းသာသူတွေအပြင် နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် စင်ကာပူမှ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင် သူတွေ...

Read moreDetails

ဩဂုတ် ၀၉၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားပြန်တယ်လို့သိရတယ်။စစ်တပ်ကထိုနေရာတွေမှာPDFတွေရှိမယ်လို့ယူဆပြီးနယ်မြေရှင်းလင်းရေးလုပ်ရာမှာတော်လှန်ရေးအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ကာတနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့တယ်။ရာသီဥတုမကောင်းလို့လေကြောင်းပစ်ကူလဲမလာနိုင်တဲ့အတွက်သူတို့အကျအဆုံးများသွားတာပေါ့။လက်နက်၂၀ကျော်လဲသိမ်းဆည်းရမိလိုက်တယ်။တိုက်ပွဲတွေကြောင့်ညောင်လေးပင်၊ဖြူး၊ကျောက်တံခါးမြို့နယ်တွေမှာအင်တာနက်အဖြတ်ခံထားရတယ်။ စစ်တပ်ဟာပဲခူးတိုင်းအရှေ့ခြမ်းကိုအင်အားများစွာပို့‌ဆောင်ထားပြီးတပ်ဖျောက်ထားတယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလဲထိုဒေသတစ်လျောက်လုံးကိုနယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေတာဆိုတော့ထိပ်တိုက်တွေ့ဦးမှာပဲ။အခုချိန်ထိတော့စစ်သူပုန်တွေဟာထိုဒေသကရွာတွေကိုမီးမရှို့သေးဘူး။သူတို့အခြေအနေဒီထပ်ဆိုးလာရင်တော့မပြောတတ်ဘူး။

Read moreDetails

ဩဂုတ် ၀၈၊ ၂၀၂၃။ (အင်္ဂါ)

ဒီနေ့ဟာရှစ်လေးလုံး အရေးတော်ပုံ (၃၅)နှစ်ပြည့်နေ့ပဲ။အရင်နှစ်တွေကဒီလိုနေ့မျိုးမှာ အထိမ်းအမှတ် ဆန္ဒပြမှုများရန်ကုန်နမှာ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဝင်များက လူကူးခုံးကျော်တံတားများပေါ်မှာ ကင်းပုန်းဝပ်ပြီးစစ်ဆေးမှုများ ပြုလုပ်နေတယ်။ ဒီနေ့အပြင်သွားတော့ခုံးကျော်တံတားပေါ် ထောင့်တွေမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ပြည်လမ်း မာလာမှတ်တိုင်နားက ခုံးတံတားမှာဆို တံတားပေါ်က ဖြတ်သွားတဲ့...

Read moreDetails

ဩဂုတ် ၀၇၊ ၂၀၂၃။ (တနင်္လာ)

ကချင်ပြည်နယ်ဘက်မှာလဲစစ်ကောင်စီကဇူလိုင်လဆန်းမှာကေအိုင်ကေဌာနချုပ်နယ်မြေနဲ့နီးတဲ့နန့်ဆန်ယန်ဒေသကိုထိုးစစ်ဆင်လာပြီးနောက်ဇူလိုင်လကုန်ပိုင်းမှစပြီးကေအိုင်အေကလည်းစစ်ကောင်စီတပ်စခန်းတွေကိုဆက်တိုက်ဆိုတန်ပြန်ထိုးစစ်နဲ့တိုက်ခိုက်သိမ်းပိုက်နေတယ်။နန့်ဆန်ယန်ဒေသအနီးမြစ်ကြီနား-ဗန်းမော်လမ်းပေါ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုကေအိုင်အေကပြီးခဲ့တဲ့ရက်ပိုင်းကသိမ်းပိုက်ထားတယ်။ လတ်တလောမှာဖားကန့်မြို့နယ်ကကသိုင်းတော်စစ်တပ်စခန်းကိုကေအိုင်ကသိမ်းပိုက်လိုက်ပြီ။ကသိုင်းတောင်စစ်စခန်းဟာစစ်တပ်အင်အား၇၀ကျော်နဲ့အခိုင်အမာတပ်စွဲထားတဲ့စခန်းတစ်ခုပါ။အထိအခိုက်အကျအဆုံးတွေကိုတော့ကေအိုင်ကေဖက်ကအရင်ကတည်းကထုတ်ပြန်လေ့မရှိတဲ့အတွက်အသေအချာမသိရဘူး။ ထို့အပြင်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသမှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။စစ်ကောင်စီအတွက်တော့အိပ်နေတဲ့ကျားကိုသွားနိုးသလိုဖြစ်နေပြီ။

Read moreDetails

ဩဂုတ် ၀၆၊ ၂၀၂၃။ (တနင်္ဂနွေ)

ကရင်ပြည်နယ်ရဲ့အခြား‌ဒေသတစ်ခုဖြစ်တဲ့မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရဲ့လမ်းပိုင်းတစ်နေရာဟာမိုးအဆက်မပြက်ရွာသွန်းမှုကြောင့်မြေသားအိဆင်းကာပြတ်ကျသွားပါတယ်။အရင်ရက်တွေကတော့လမ်းပေါ်ရေကျော်တာတွေရှိနေပေမဲ့ခရီးသွားလာလို့ရသေးတဲ့အခြေနေပါ။ အခုကလမ်းပိုင်းကြီး ခါးကကြိုးသလို ဖြစ်တာဆိုတော့ ကားတွေအကုန် ရောက်တဲ့နေရာက ပြန်လှည့်နေကြတယ်။ လက်ရှိမှာ အဆိုပါ လမ်းပိုင်း ပြတ်ထွက်သွားသည့် နေရာတွင် ကားအစီးရေ ရာဂဏန်းခန့်ပိတ်မိနေတယ်။ထိုလမ်းပိုင်းကိုပြန်ပြင်နိုင်ဖို့ကအတော်ကြာနိုင်တယ်။တိုက်ပွဲတွေကြောင့်မကြာခဏပိတ်ထားရတဲ့ထိုအာရှလမ်းမကြီးဟာဒီဖြစ်ရပ်ကြောင့် မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုမှာ ကာလအတန်ကြာ ရပ်ဆိုင်းသွားနိုင်တယ်။ မြန်မာပြည်အောက်ပိုင်းမှာကရင်ပြည်နယ်ထဲသာမကပဲမွန်ပြည်နယ်ထဲကပြည်ထောင်စုလမ်းမကြီးတွေပေါ်မှာလဲမိုးများသောကြောင့်လမ်းပေါ်ရေကျော်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေလို့ကုန်စည်စီးဆင်းမှုတွေနှေးကွေးလျက်ရှိတယ်။

Read moreDetails

ဩဂုတ် ၀၅၊ ၂၀၂၃။ (စနေ)

ကရင်ပြည်နယ်ဘားအံမြို့ရှိစစ်ကောင်စီတပ်တွေအစစ်ဆေးကြမ်းသည့်သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့တယ်။အဆိုပါဂိတ်ဟာ အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ဖြစ်ပြီးစစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ၊ ရဲတွေ နဲ့ ထွေအုပ်က ရှာဖွေရေးလုပ်နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ အဆောက်အဦးတွေတောင်ရစရာမရှိအောင်ပျက်စီးသွားတာဆိုတော့အသေအပျောက်များနိုင်တယ်။မနက်အစောပိုင်းဖြစ်တာကြောင့်ဖြတ်သွားဖြတ်လာပြည်သူတွေရှိအုံးမှာမဟုတ်သေးပဲစစ်ကောင်စီဘက်ကလူတွေတော့အတော်အထိအခိုက်များနိုင်တယ်။ကားဗုံးနဲ့ဖောက်ခွဲခဲ့တာလို့သိရပြီးဖောက်ခွဲတဲ့အဖွဲ့ကိုတော့ခုထိမသိရသေးဘူး။ကားဗုံးနဲ့စစ်ကောင်စီဘက်ကိုပြင်းပြင်းထန်ထန်ဖောက်ခွဲတာဟာနွေဦးတော်လှန်ရေးကာလမှာမှတ်မိသလောက်ဒါပထမဆုံးပဲ။ကရင်ပြည်နယ်ဘားအံဒေသဟာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေမရှိသလောက်ဖြစ်နေတဲ့ဒေသတစ်ခုဖြစ်တယ်။

Read moreDetails
Page 81 of 178 1 80 81 82 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist