အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၁၄၊ ၂၀၂၅။ (သောကြာ)

အမေရိကန်ပြည်‌ထောင်စုက အာဏာသိမ်းစစ်တပ်၏ လက်ဝေခံတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်လေးဦးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း ထုတ်ပြန်လိုက်တယ်။ BGF ခေါင်းဆောင်စောချစ်သူကိုတော့ အစောပိုင်းကတည်းက ဒဏ်ခတ်ပိတ်ဆို့ပြီးသားပါ။ ကရင်ပြည်နယ်ကလက်နက်ကိုင်အဖွဲ့အတော်များဟာလဲ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြတယ်။ ဒီထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အမေရိကန်အစိုးရက ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် Scam Center...

Read moreDetails

နိုဝင်ဘာ ၁၃၊ ၂၀၂၅။ (ကြာသပတေး)

တနင်္သာရီတိုင်း၊ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့မောတောင်မြို့ကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေသိမ်းပိုက်နိုင်လိုက်ပါတယ်။ထိုမြို့ကိုမသိမ်းခင်ထိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုKNUကထိန်းချုပ်ထားတာပါ။စစ်ကော်မရှင်ကထိုလမ်းကြောင်းကိုပြန်လည်ရယူဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့မောတောင်မြို့ကိုပါလက်လွတ်လိုက်ရတယ်။ဒါ့ကြောင့်ထိုမြို့ဟာမြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုသာလက်မလွတ်ရရင်မြန်မာပြည်အောက်ပိုင်းကထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးနီးပါးကိုKNUကထိန်းချုပ်သွားနိုင်မှာပါ။မြဝတီကုန်သွယ်ရေးလမ်းကြောင်းကိုအလွယ်တကူလက်လွတ်လိုက်ရတာအတော်နှမြောဖို့ကောင်းတယ်။

Read moreDetails

နိုဝင်ဘာ ၁၂၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်မြဝတီမြို့အနီးကကျားဖြန့်အဆောက်အအုံတွေကိုစစ်တပ်နဲ့BGFတို့ပူးပေါင်းပြီးဗုံးခွဲဖျက်စီးနေပါတယ်။ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာKK Park ကအဆောက်အအုံတွေကိုကျားဖြန့်နှိမ်နင်းရေးခေါင်းစဥ်နဲ့ဖျက်စီးပြလျက်ရှိတယ်။ဒါပေမယ့်ဂြိုလ်တုဓာတ်ပုံတွေအရတော့KK Parkမှာကြီးကြီးမားမားပျက်စီးမှုတော့မတွေ့ရသေးပါဘူး။အဆောက်အအုံတွေဖျက်စီးတာကိုအကြောင်းပြပြီးသက်သေတွေဖျက်စီးတာလဲဖြစ်နိုင်သေးတယ်။ တဖက်မှာလဲKK Park ကိုတည်ထောင်သူတရုတ်လူမျိုးတစ်ယောက်ကိုထိုင်းရဲကတရုတ်နိုင်ငံကိုလွှဲ​ပြောင်းပေးလိုက်တယ်။ဒါ့ကြောင့်မြဝတီကကျားဖြန့်လုပ်ငန်းတွေကတော့အခြေအနေသိပ်မဟန်တော့ပါဘူး။

Read moreDetails

နိုဝင်ဘာ ၁၁၊ ၂၀၂၅။ (အင်္ဂါ)

တနိုင်ငံလုံးကစစ်မျက်နှာအားလုံးနီးပါးမှာအသာစီးရနေပေမယ့်စစ်ကော်မရှင်တပ်တွေရှေ့တိုးလို့မရသေးတဲ့စစ်မျက်နှာဒေသတစ်ခုတော့ရှိပါသေးတယ်။ထိုဒေသကတော့ရခိုင်ပြည်နယ်ပါပဲ။ရခိုင်ပြည်နယ်ထဲကကျောက်ဖြူမြို့နယ်နဲ့ရခိုင်နဲ့ပြည်ပအစပ်ကဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေတာကြာပါပြီ။စစ်ကော်မရှင်ကအကြိမ်ကြိမ်ထိုးစစ်ဆင်နေပေမယ့်မအောင်မြင်ပဲတပ်လန်ကျနေတယ်။အချို့ကပစစက်ရုံတွေအနီးအထိတောင်အေအေတပ်တွေရောက်ရှိနေတာကြောင့်စစ်ကော်မရှင်ကအပြင်းအထန်ကာကွယ်နေရတယ်။ စစ်ကော်မရှင်ဟာရခိုင်တောာင်ပိုင်းမြို့နယ်သုံးခုကိုရွေးကောက်ပွဲကျင်းပမယ့်စာရင်းထဲထည့်ထား​တာကြောင့်ပြန်လိုချင်နေတယ်။အေအေထိန်းချုပ်ထားတဲ့ထိုမြို့တွေကိုကုန်းလမ်းကနေစစ်ကြောင်းထိုးနေတာမအောင်မြင်တာကြောင့်ရွေးကောက်ပွဲမတိုင်မီပြန်ရဖို့ကမဖြစ်နိုင်သလောက်ပါပဲ။

Read moreDetails

နိုဝင်ဘာ ၁၀၊ ၂၀၂၅။ (တနင်္လာ)

ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲရှမ်းမြောက်မှာအပစ်ရပ်နိုင်ပြီးနောက်စစ်ကော်မရှင်ဟာတပ်တွေရွေ့ပြောင်းပြီးအခြားဒေသတွေကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်လာပါတယ်။လက်ရှိမှာအမြင်သာဆုံးကတော့ချင်းပြည်နယ်နဲ့မန္တလေးတိုင်းမြောက်ဘက်ဒေသတွေပဲ။ဒီနှစ်ဧပြီလလောက်ကစလာတဲ့စစ်ကော်မရှင်ရဲ့တန်ပြန်ထိုးစစ်တွေဟာအခုနိုဝင်ဘာလအရောက်မှာတော့အတိုင်းအတာတစ်ခုအထိခရီးရောက်လာပြီလို့ပြောလို့ရတယ်။ဒီကာလအတွင်းမှာရှမ်းမြောက်နဲ့ကရင်ပြည်နယ်မှာစစ်ရေးအရအောင်မြင်မှုတွေရနေတယ်။ဆက်လက်ပြီးကရင်နီပြည်နယ်၊ချင်းပြည်နယ်၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းတို့ကိုထိုးစစ်ဆင်နေတယ်။ကချင်ပြည်နယ်မှာတော့နှစ်ဖက်လုံးအသာစီးမရသေးပါဘူး။ဒီနှစ်ကုန်ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်ရယူနိုင်ဖို့စစ်ကော်မရှင်ကဆက်လက်ကြိုးစားဦးမှာပါ။

Read moreDetails

နိုဝင်ဘာ ၉၊ ၂၀၂၅။ (တနင်္ဂနွေ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် ဆည်တော်ကြီးဆည် စခန်းများကိုစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ စစ်ကော်မရှင်တပ်က စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသောထို နယ်မြေများကို ပြန်လည်ရရှိသွားသဖြင့် မတ္တရာမြို့နယ်တွင်းကျေးရွာများမှ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ပြီး အများအပြား တိမ်းရှောင်နေကြတယ်။ မတ္တရာတန်ပြန်ထိုးစစ်ကို ယမန်နှစ်နိုဝင်ဘာလမှ...

Read moreDetails

နိုဝင်ဘာ ၀၈၊ ၂၀၂၅။ (စနေ)

ချင်းပြည်နယ်ဘက်တက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာစစ်ရေးအရရေးပါတဲ့တီးတိန်သိုင်းင်လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ဒါ့အပြင်ထိုဒေသမှာ​အမြင့်ဆုံးတောင်ဖြစ်တဲ့ကနေဒီတောင်ကိုလဲပြန်လည်ထိန်းချုပ်လိုက်တယ်။ထိုသို့ထိန်းချုပ်နိုင်လိုက်တာကြောင့်တီးတိန်မြို့ကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်နိုင်ဖို့အလှမ်းဝေးသွားပြီးစစ်ကော်မရှင်ဘက်ကလဲတီးတိန်မြို့ကိုအ​ခြေပြုပြီးတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ဖလမ်းမြို့ကိုဆက်လက်ထိုးစစ်ဆင်ဖို့လွယ်ကူသွားတယ်။ ဒီတစ်ခေါက်တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေဟာအရင်လမ်း​​ဟောင်အတိုင်းမဟုတ်ပဲလမ်းသစ်ဖောက်ပြီးတက်လာတာလို့သိရတယ်။ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲလမ်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားတာမျိုးမတွေ့ရဘူး။ဒါ့ကြောင့်ဒီတစ်ခေါက်ချင်းပြည်နယ်ဘက်တက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာအရင်ကထပ်ခရီးရောက်လာတယ်လို့ပြောလို့ရတယ်။

Read moreDetails

နိုဝင်ဘာ ၀၇၊ ၂၀၂၅။ (ကြာသပတေး)

ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်စီးမှုဥပဒေနဲ့အရေးယူထားတဲ့လူဦးရေဟာ၉၀ကျော်ရှိလာပြီဖြစ်ပါတယ်။အများစုကတော့မဲဆွယ်ဆိုင်းဘုတ်တွေဖျက်စီးမှု၊လူမှုကွန်ယက်တွေပေါ်မှာရေးသားမှုတွေကြောင့်အရေးယူခံရတာဖြစ်တယ်။ဒီရက်ပိုင်းမှာတင်နာမည်ကြီးဒါရိုက်တာမိုက်တီးနဲ့အခြားအနုပညာရှင်အချို့အရေးယူခံလိုက်ရတယ်။သူတို့တွေဟာဖေ့ဘုတ်ကလှုံ့ဆော်တဲ့အရေးအသားတွေကိုreactပေးတယ်ဆိုပြီးဖမ်းဆီးသွားတာပါ။ စစ်ကော်မရှင်ဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအတော်ကိုအထိမခံဖြစ်နေတာပါ။ပါးစပ်ကဒီမိုကရေစီလို့အော်နေပြီးလူမှုကွန်ယက်တွေမှာတောင်တချက်မှားတာနဲ့စောင့်ကြည့်ပြီးထောင်ထဲတန်းထည့်နေတယ်။အာဏာရှင်နိုင်ငံအချို့ထပ်တောင်ဆိုးရွားတဲ့တင်းကြပ်မှုတွေပြုလုပ်နေပြီးဒီမိုကရေစီလို့အော်နေတာရယ်စရာပဲ။

Read moreDetails

နိုဝင်ဘာ ၀၆၊ ၂၀၂၅။ (ကြာသပတေး)

ရှမ်းမြောက်မှာ စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA) တို့ အပစ် ရပ်စဲလိုက်ပြီးနောက်စစ်ကော်မရှင်က ၎င်းတို့ တပ်ဖြန့်ထားသည့် ရှမ်းမြောက်ရှိ တပ်များကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းကိုပြန်လည် ခေါ်ယူလာတယ်။ ပြီးခဲ့တဲ့ရက်တွေက ရှမ်းမြောက်ဘက်မှ ပြန်ဆင်းလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ စစ်သုံးကားကြီး အစီး...

Read moreDetails

နိုဝင်ဘာ ၀၅၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မိုးကုတ်နဲ့မိုးမိတ်မြို့တွေကTLNAတပ်တွေနိုဝင်ဘာလအကုန်ဆုတ်ခွာမယ်လို့သိရတယ်။TLNAဆုတ်ခွာသွားပေမယ့်မိုးကုတ်မြို့ကိုNUGလက်အောက်ခံတပ်တွေဆက်လက်ထိန်းချုပ်ကာကွယ်သွားမှာလို့ကြေညာထားတယ်။မိုးမိတ်မြို့ကိုလဲဒေသခံPDFတပ်တွေနဲ့အတူဝါရင့်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ABSDFတပ်တွေကဆက်လက်ကာကွယ်သွားမယ်လို့သိရတယ်။KIAကလဲမိုးမိတ်မြို့ကာကွယ်ရေးအတွက်လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ပြောထားတယ်။ တော်လှန်ရေးတပ်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုခုခံဖို့ပြင်ဆင်နေချိန်မှာပဲမြို့ခံတွေကတော့လေကြောင်းရန်ကိုကြောက်လို့မြို့ကိုစွန့်ခွာနေကြတယ်။ဒါ့အပြင်TLNAကမဆုတ်ခွာမှီစစ်တပ်ကိုခေါ်သွင်းလာမှာစိုးရိမ်နေကြတယ်။လားရှိုးမြို့တုန်းကMNDAAတပ်တွေကိုယ်တိုင်စစ်တပ်ကိုမြို့ထဲထိခေါ်သွင်းပြီးပြန်ပေးခဲ့တာလေ။အခုမိုးကုတ်နဲ့မိုးမိတ်မြို့ကိုလဲTLNAကလားရှိုးပုံစံစစ်တပ်ကိုခေါ်သွင်းလာမှာစိုးရိမ်နေကြတယ်။ဒါပေမယ့်ထိုနှစ်မြို့ပေါ်နဲ့မြို့ပတ်ဝင်းကျင်ဒေသတွေမှာအခြားတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းကောင်းနဲ့ထိန်းချုပ်ထားတာကြောင့်လားရှိုးလိုဖြစ်လာနိုင်ဖို့တော့သိပ်မလွယ်ပါဘူး။ဒီလကုန်TLNAဆုတ်ခွာတဲ့အချိန်ကိုစောင့်ကြည့်ရမှာပဲ။

Read moreDetails
Page 3 of 182 1 2 3 4 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist