အာဏာသိမ်း ဒိုင်ယာရီ

ဧပြီ ၆၊ ၂၀၂၁။ (အင်္ဂါ)

စစ်ကောင်စီတပ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနေ့စဥ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ KIA နဲ့ KNU တို့ရှိတဲ့ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာအဓိကဖြစ်ပွားနေတာပါ။ စစ်တပ်ကအာဏာသိမ်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက သဘောမတူ ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လလယ်လောက်ကစပြီး ထိုနယ်မြေတွေမှာတိုက်ပွဲတွေ ပြန်ဖြစ်လာရာ ကနေ ခုဆိုရင်နေ့တိုင်းလိုလိုစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေကြပါပြီ။ စစ်သူပုန်တွေဟာ လက်နက်မဲ့ ပြည်သူကိုအနိုင်ကျင့်လို့ရနေပေမယ့်ထိုတိုက်ပွဲတွေမှာတော့အကျအဆုံးများနေပီးအထိနာနေပါတယ်။ လေ​ကြောင်းပစ်ကူတွေပါယူနေရတဲ့အခြေအနေပါ။ စစ်သူပုန်တွေရဲ့မဆင်မခြင်ဗုံးကျဲတိုက်ခိုက်မှုကြောင့်...

Read moreDetails

ဧပြီ ၅၊ ၂၀၂၁။ (တနင်္လာ)

ပြည်တွင်းမှာရောက်နေတဲ့ CNN သတင်းထောက်ချုပ်ရဲ့ သတင်းတင်ဆက်မှုတက်လာပါတယ်။ ပြည်သူတွေရဲ့သဘောထားကိုထင်ဟပ်မှုရှိတဲ့အတွက်အားလုံးကကျေနပ်အားရနေကြတယ်။ သူပြောသွားတာကလွတ်လပ်စွာသတင်းယူခွင့်ကိုအာမခံလို့ရောက်လာခဲ့ကြောင်း၊ ဒီရောက်တော့ဟိုတယ်မှာတောင်တည်းခွင့်မပေးဘဲစစ်တပ်ကစီစဥ်ပေးတဲ့နေရာမှာတည်းရကြောင်း၊ သွားလေရာစစ်ကား ၆ စီးနဲ့လိုက်ပို့ကြောင်း၊ သူအင်တာဗျူးတဲ့ပြည်သူတွေကိုလည်း ချက်ချင်းဖမ်းဆီးသွားကြောင်း၊ မြန်မာပြည်မှာလူတစ်ယောက်ရဲ့အခြေခံလွတ်လပ်ခွင့်တွေပျောက်ဆုံးနေကြောင်းစသဖြင့်ပြောကြားသွားပါတယ်။ ကျေးဇူးပါ CNN.

Read moreDetails

ဧပြီ ၄၊ ၂၀၂၁။ (တနင်္ဂနွေ)

အမေရိကန်ဦးဆောင်တဲ့ QUAD အဖွဲ့ရဲ့စစ်ရေးလေ့ကျင့်မှုတွေကို ဒီနေ့ဘဂ်လားပင်လယ်အော်မှာစ တင်ပြုလုပ်နေပါပြီ။ မြန်မာ့ရေပိုင်နက်အနီးဝန်းကျင်မှာလုပ်တာ ဆိုတော့စောင့်ကြည့်ဖို့တော့လိုမယ်ထင်တယ်။ တချို့တွေကလည်း မြန်မာပြည်ကို R2P ဝင်ဖို့ကြိုတင်လေ့ကျင့်တာလို့အတည်မပြုနိုင်တဲ့သတင်းတွေထွက်နေတယ်။ တစ်ပြိုင်နက်တး မှာပဲစစ်ကောင်စီဟာသူတို့ရေတပ်လေးနဲ့ကမ်းရိုးတန်းနဲ့မနီးမဝေးမှာပမာမခန့်စွာစစ်ရေးလေ့ကျင့်မှုတွေကိုလုပ်ဆောင်နေပါတယ်။ ပြည်တွင်းမှာတော့ဒီနေ့ကြက်ဥသပိတ်ပြုလုပ်ကြတယ်။ ကြက်ဥပေါ်မှာတော်လှန်ရေးအတွက်စာတွေပုံဖော်ပြီးလုပ်ကြတာပါ။ အကြမ်းဖက်ပစ်ခတ်မှုတွေရှိနေတဲ့အတွက်သပိတ်စစ်ကြောင်းကြီးတွေထွက်လို့မရနိုင်တဲ့အခါ စစ်အာဏာရှင်တော်လှန်ရေးအတွက်သပိတ်မျိုးစုံကိုပုံစံမျိုးစုံနဲ့ပြည်သူလူထုကဆက်လက်ပြုလုပ်နေကြပါတယ်။

Read moreDetails

ဧပြီ ၃၊ ၂၀၂၁။ (စနေ)

အိန္ဒိယနယ်စပ်က ကလေးမြို့လေးမှာခုချိန်ထိအခြေအနေတွေတင်းမာနေဆဲပါ။ ကလေးမြို့မှာမတ် ၂၇ ရက်နေ့ကတည်းက အခိုင်အမာသပိတ်စခန်းဖွင့်ပြီးစစ်ကောင်စီကိုတော်လှန်နေတာပါ။ စစ်သူပုန်တွေကနေ့ စဥ်နဲ့အမျှဖြိုခွဲဖို့ကြိုးစားနေပေမယ့် ခုထိမအောင်မြင်သေးပါဘူး။ မြို့နေပြည်သူလူထုက ရရာလက်နက်ကိုင်စွဲပီးတော်လှန်နေကြလို့အခက်တွေ့နေကြပါတယ်။ စစ်ကူတပ်တွေပို့ပီးဖြေရှင်းဖို့ကြိုးစားပေမယ့် လမ်းတလျှောက်မှာရှိတဲ့ရွာတွေက အတားအဆီးတွေလုပ်ပြီး ညီညွှတ်စွာပြန်လည်ခုခံနေကြပါတယ်။ အခုဆိုရင် ထိုခုခံမှုတွေဟာအနီးအနားကမြို့တွေဖြစ်တဲ့ တမူး၊ ကောလင်း၊ ဝန်းသို၊...

Read moreDetails

ဧပြီ ၂၊ ၂၀၂၁။ (သောကြာ)

လုံခြုံရေးကောင်စီအစည်းအဝေးဆုံးဖြတ်ချက်ထွက်လာတယ်။ ထုံးစံအတိုင်းကြေငြာချက်တွေပါပဲ။ အရေးယူမှုတစ်စုံတစ်ရာတောင်မနိုင်ခဲ့ဘူး။ တကယ်တော့ UN ဆိုတာစက္ကူကျားပါ။ စစ်ကောင်စီက wireless internet လိုင်းတွေအကုန်ဒီနေ့ထပ်ပိတ်လိုက်တယ်။ ရုံးသုံးအထိုင် Fiber Internet လိုင်းတွေပဲကျန်တော့တယ်။ အဲ့ဒီလိုင်းတွေကလည်း မြို့ကြီးတွေလောက်ပဲလွှမ်းခြုံနိုင်တာပါ။ မြို့ကြီးတွေမှာတောင်လူတိုင်းမသုံးနိုင်ဘူး။ နယ်မြို့လေးတွေကတော့ဒီနေ့ကစပြီးအင်တာနက်လုံးဝပြတ်တောက်သွားပါပြီ။

Read moreDetails

ဧပြီ ၁၊ ၂၀၂၁။ (ကြာသပတေး)

မနေ့ညမှာ CRPH ကဖက်ဒရယ်အခြေခံဥပဒေမူကြမ်းအပါအဝင် ကြားကာလအုပ်ချုပ်ရေးအတွက် ကြေညာစာတမ်းတစ်ခုထုတ်ပြန်လိုက်တယ်။ ၂၀၀၈ ခြေဥကိုဖျက်သိမ်းကြောင်း တစ်ခါတည်း ကြေငြာသွားတယ်။ ဧပြီပထမအပတ်ထဲမှာပဲအစိုးရသစ်ပြန်ဖွဲ့မယ်လို့လည်းပြောသွားတယ်။ အစိုးရသစ် မှာဘယ်သူတွေပါလာမလဲတော့မသိသေးဘူး။ လုံခြုံရေးကောင်စီအစည်းအဝေးကခုထိ အဖြေထွက်မလာသေးပါ။ တရုတ်ကထုံးစံအတိုင်း ကန့်ကွက် နေတယ်လို့ကြားတယ်။ တာဝန်ရှိသူတွေကတော့တရုတ်နဲ့အကြေအလည်ဆွေးနွေးနေပါတယ်။ တရုတ်ရှိ နေလို့ဘာအဖြေထွက်ထွက်သိပ်ပြီးထူးခြားလာမှာတောမဟုတ်ဘူး။...

Read moreDetails

မတ် ၃၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့အတွက်အဟော့ဆုံးကတော့ CNN သတင်းထောက်သတင်းပဲ။ သူမဟာမနေ့ညကမြန်မာပြည်ရောက်လာပြီး ဒီနေ့ရန်ကုန်မြို့မှာစစ်တပ်အစောင့်အရှောက်တွေနဲ့ လှည့်လည်သတင်းယူတယ်။ သူမ ရောက်လာမယ့်သတင်းကိုပြည်သူတွေကြိုသိထားတဲ့အတွက် တစ်နေကုန်နီးပါး ရန်ကုန်တစ်မြို့လုံးသံပုံးတွေတီး၊ ကားဟွန်းညံတွေဆူညံပြီးဆန္ဒထုတ်ဖော်ကြတယ်။ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ သူမ ရဲ့ အင်စတာဂရမ် နဲ့ ဖေ့ဘုတ်မှာ ချက်ချင်းတင်ထားတာကို တွေ့ရတယ်။...

Read moreDetails

မတ် ၃၀၊ ၂၀၂၀။ (အင်္ဂါ)

UN ကသန်ဘက်ခါကိုမြန်မာ့အရေးလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးကျင်းပမယ်လို့ ကြေငြာလိုက်တယ်။ ၂ လ အတွင်းတတိယမြောက်မြန်မာ့အရေးဆွေးနွေးပွဲပေါ့။ ဒီတခေါက်တော့ Statement တွေမဟုတ်ဘဲ Resolution တစ်ခုခုထွက်လာမယ်လို့မျှော်လင့်ရတာပဲ။ ဒီရက်ပိုင်းမှာနိုင်ငံတကာလူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံခေါင်းဆောင်ဟောင်းတွေ၊ EU နိုင်ငံအများစုပါတဲ့ ၁၂ နိုင်ငံက ကာချုပ်တွေ အသီးသီးဟာ မြန်မာကို...

Read moreDetails

မတ် ၂၉၊ ၂၀၂၁။ (တနင်္လာ)

ဒီနေ့တောင်ဒဂုံမှာစစ်သူပုန်တွေဟာ 72mm ဗုံးပစ်သေနတ်တွေအသုံးပြုနေတဲ့ ဗီဒီယိုဖိုင်တွေတက် လာ ပါတယ်။ စစ်ကောင်စီရဲ့လက်နက်မဲ့ပြည်သူအပေါ်ရက်စက်ယုတ်မာမှုတွေကိုဖော်ပြစရာစကားလုံးတောင်မရှိတော့ပါဘူး။ တောင်ဒဂုံဆိုတာရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ မတ် ၂၇ သတ်မတော်နေ့မတိုင်ခင်က တည်းက အခိုင်အမာသပိတ်ခံတပ်တွေလုပ်ပြီးဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေတာပါ။ စစ်သူပုန်တွေဟာ သတ်မတော်နေ့ကစပြီးတောင်ဒဂုံကိုဖြိုခွဲဖို့နေ့ရောညပါလုပ်ဆောင်လာခဲ့ပါတယ်။ နောက်ဆုံး လက်ပစ်ဗုံးတွေ၊ စစ်မြေပြင်သုံးလက်နက်တွေနဲ့အင်အားအဆမတန်အသုံးပြုပါတော့တယ်။ ဒီနေ့ညထိ ရပ်ကွက်တွေထဲ၊...

Read moreDetails

မတ် ၂၈၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေဟာတစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပါပြီ။ ပြည်သူလူထုရဲ့ခုခံမှုကြောင့်သူတို့ဖြိုခွဲဖို့မလွယ်တဲ့နယ်မြေတွေမှာ မီးတင်ရှို့မှုတွေကိုလုပ်ဆောင်လာနေ ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ မန္တလေးမြို့အောင်ပင်လယ် နားကရပ်ကွက်တစ်ခုကို စစ်သူပုန် အဖွဲ့တွေမီးလောင်တိုက်သွင်းခဲ့ပါတယ်။ မီးသတ်ကားတွေကိုဝင်ခွင့်မပေးဘူး။ မီးငြိမ်းဖို့လာတဲ့ ရပ်ကွက် နေပြည်သူတွေကိုလည်း ပစ်ခတ်နှောက် ယှက်ပါတယ်။ ထိုနေရာမှာအိမ်ခြေ ၇၀ လောက်ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။ သပိတ်တွေကိုဖြိုခွဲမှုမှာလည်း...

Read moreDetails
Page 176 of 182 1 175 176 177 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist