UN ကသန်ဘက်ခါကိုမြန်မာ့အရေးလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးကျင်းပမယ်လို့ ကြေငြာလိုက်တယ်။ ၂ လ အတွင်းတတိယမြောက်မြန်မာ့အရေးဆွေးနွေးပွဲပေါ့။ ဒီတခေါက်တော့ Statement တွေမဟုတ်ဘဲ Resolution တစ်ခုခုထွက်လာမယ်လို့မျှော်လင့်ရတာပဲ။
ဒီရက်ပိုင်းမှာနိုင်ငံတကာလူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံခေါင်းဆောင်ဟောင်းတွေ၊ EU နိုင်ငံအများစုပါတဲ့ ၁၂ နိုင်ငံက ကာချုပ်တွေ အသီးသီးဟာ မြန်မာကို R2P ဝင်ဖို့တောင်းဆိုထားကြတယ်။
ဒါပေမဲ့ လာမယ့် UNSC အစည်းအဝေးမှာ R2P ထိတော့မျှော်လင့်လို့မရပါဘူး။ တရုတ်နဲ့ရုရှားက ရှိသေး တယ်လေ။
ပြည်တွင်းမှာလည်း CNN ကသတင်းထောက်ချုပ်တယောက်မနက်ဖြန်ရောက်မယ်ကြားတယ်။ သူဘာ လုပ်မလဲ စောင့်ကြည့်ရမှာပေါ့။