မနေ့ညမှာ CRPH ကဖက်ဒရယ်အခြေခံဥပဒေမူကြမ်းအပါအဝင် ကြားကာလအုပ်ချုပ်ရေးအတွက် ကြေညာစာတမ်းတစ်ခုထုတ်ပြန်လိုက်တယ်။ ၂၀၀၈ ခြေဥကိုဖျက်သိမ်းကြောင်း တစ်ခါတည်း ကြေငြာသွားတယ်။ ဧပြီပထမအပတ်ထဲမှာပဲအစိုးရသစ်ပြန်ဖွဲ့မယ်လို့လည်းပြောသွားတယ်။ အစိုးရသစ် မှာဘယ်သူတွေပါလာမလဲတော့မသိသေးဘူး။
လုံခြုံရေးကောင်စီအစည်းအဝေးကခုထိ အဖြေထွက်မလာသေးပါ။ တရုတ်ကထုံးစံအတိုင်း ကန့်ကွက် နေတယ်လို့ကြားတယ်။ တာဝန်ရှိသူတွေကတော့တရုတ်နဲ့အကြေအလည်ဆွေးနွေးနေပါတယ်။ တရုတ်ရှိ နေလို့ဘာအဖြေထွက်ထွက်သိပ်ပြီးထူးခြားလာမှာတောမဟုတ်ဘူး။
ဒီနေ့မနက်အစောပိုင်းမှာ ရန်ကုန်ကစစ်တပ်ပိုင်ကုန်တိုက်ကြီး၂ခုဖြစ်တဲ့ Ruby Mart နဲ့ Gandamar Hole Sales တို့ တစ်ပြိုင်နက်မီးလောင်ပြာကျသွားတယ်။ ညမထွက်မရအမိန့်ထုတ်ထားချိန်မှာ အဲ့ဒီကုန်တိုက် ကြီးတွေဘာကြောင့်မီးလောင်တယ်ဆိုတာတွေးကြည့်ရင်ရှင်းရှင်းလေးပါ။ CNN သတင်းထောက် မပြန်ခင်မှာစစ်ကောင်စီကဖန်တီးလိုက်တဲ့လုပ်ဇာတ်တစ်ခုပေါ့။