အမေရိကန်ဦးဆောင်တဲ့ QUAD အဖွဲ့ရဲ့စစ်ရေးလေ့ကျင့်မှုတွေကို ဒီနေ့ဘဂ်လားပင်လယ်အော်မှာစ တင်ပြုလုပ်နေပါပြီ။ မြန်မာ့ရေပိုင်နက်အနီးဝန်းကျင်မှာလုပ်တာ ဆိုတော့စောင့်ကြည့်ဖို့တော့လိုမယ်ထင်တယ်။ တချို့တွေကလည်း မြန်မာပြည်ကို R2P ဝင်ဖို့ကြိုတင်လေ့ကျင့်တာလို့အတည်မပြုနိုင်တဲ့သတင်းတွေထွက်နေတယ်။ တစ်ပြိုင်နက်တး မှာပဲစစ်ကောင်စီဟာသူတို့ရေတပ်လေးနဲ့ကမ်းရိုးတန်းနဲ့မနီးမဝေးမှာပမာမခန့်စွာစစ်ရေးလေ့ကျင့်မှုတွေကိုလုပ်ဆောင်နေပါတယ်။
ပြည်တွင်းမှာတော့ဒီနေ့ကြက်ဥသပိတ်ပြုလုပ်ကြတယ်။ ကြက်ဥပေါ်မှာတော်လှန်ရေးအတွက်စာတွေပုံဖော်ပြီးလုပ်ကြတာပါ။ အကြမ်းဖက်ပစ်ခတ်မှုတွေရှိနေတဲ့အတွက်သပိတ်စစ်ကြောင်းကြီးတွေထွက်လို့မရနိုင်တဲ့အခါ စစ်အာဏာရှင်တော်လှန်ရေးအတွက်သပိတ်မျိုးစုံကိုပုံစံမျိုးစုံနဲ့ပြည်သူလူထုကဆက်လက်ပြုလုပ်နေကြပါတယ်။