ပြည်တွင်းမှာရောက်နေတဲ့ CNN သတင်းထောက်ချုပ်ရဲ့ သတင်းတင်ဆက်မှုတက်လာပါတယ်။ ပြည်သူတွေရဲ့သဘောထားကိုထင်ဟပ်မှုရှိတဲ့အတွက်အားလုံးကကျေနပ်အားရနေကြတယ်။
သူပြောသွားတာကလွတ်လပ်စွာသတင်းယူခွင့်ကိုအာမခံလို့ရောက်လာခဲ့ကြောင်း၊ ဒီရောက်တော့ဟိုတယ်မှာတောင်တည်းခွင့်မပေးဘဲစစ်တပ်ကစီစဥ်ပေးတဲ့နေရာမှာတည်းရကြောင်း၊ သွားလေရာစစ်ကား ၆ စီးနဲ့လိုက်ပို့ကြောင်း၊ သူအင်တာဗျူးတဲ့ပြည်သူတွေကိုလည်း ချက်ချင်းဖမ်းဆီးသွားကြောင်း၊ မြန်မာပြည်မှာလူတစ်ယောက်ရဲ့အခြေခံလွတ်လပ်ခွင့်တွေပျောက်ဆုံးနေကြောင်းစသဖြင့်ပြောကြားသွားပါတယ်။ ကျေးဇူးပါ CNN.