စစ်ကောင်စီတပ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနေ့စဥ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ KIA နဲ့ KNU တို့ရှိတဲ့ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာအဓိကဖြစ်ပွားနေတာပါ။
စစ်တပ်ကအာဏာသိမ်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက သဘောမတူ ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လလယ်လောက်ကစပြီး ထိုနယ်မြေတွေမှာတိုက်ပွဲတွေ ပြန်ဖြစ်လာရာ ကနေ ခုဆိုရင်နေ့တိုင်းလိုလိုစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေကြပါပြီ။ စစ်သူပုန်တွေဟာ လက်နက်မဲ့ ပြည်သူကိုအနိုင်ကျင့်လို့ရနေပေမယ့်ထိုတိုက်ပွဲတွေမှာတော့အကျအဆုံးများနေပီးအထိနာနေပါတယ်။ လေကြောင်းပစ်ကူတွေပါယူနေရတဲ့အခြေအနေပါ။
စစ်သူပုန်တွေရဲ့မဆင်မခြင်ဗုံးကျဲတိုက်ခိုက်မှုကြောင့် တိုင်းရင်းသားဒေသတွေမှာစစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိလာနေပါပြီ။ မုံရွာမြို့မှာလည်း သပိတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ အနည်းဆုံး ၄ ဦးယနေ့ကျဆုံးခဲ့ပါတယ်။