အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၁၅၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မနက်စောစောပဲ UN ညီလာခံမှာဦးကျော်မိုးထွန်းပုံတွေ့ရတာ မဂ်လာရှိတယ်ပြောရမယ်။ မိန့်ခွန်း ပြောခွင့်ရမရတော့မသိသေးဘူး။ ဘာပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ကျရှုံးမှုတစ်ခုပေါ့။ မနေ့ကစစ်ကိုင်းတိုင်းအနောက်ပိုင်းမှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ PDF နယ်မြေတွေဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ကနီစတဲ့ဒေသတွေမှာ အင်တာနက်လိုင်းတွေဖြတ်တောက်လိုက်တယ်။ အဲ့ဒီဒေသ တွေမှာ စစ်သူပုန်တွေကုန်းကြောင်းကရော ရေကြောင်းကပါအင်အားဖြည့်တင်းနေတာကြာပြီ။ လာမယ့်...

Read moreDetails

စက်တင်ဘာ ၁၄၊ ၂၀၂၁။ (အင်္ဂါ)

မနက်ဖြန်ကျင်းပတော့မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီနဲ့ NUG ဘယ်ကိုယ်စားလှယ် ကိုလက်ခံမလဲ ဆိုတာခုလောလောဆယ်ရေပန်းအစားဆုံးဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲတရုတ်နဲ့ အမေရိ ကန် တို့ကထိုဆုံးဖြတ်ချက်ကို နိုဝင်ဘာလအထိရွှေ့ ဆိုင်းထားဖို့ သဘောတူညီမှုရထား တယ်ဆိုတဲ့ သတင်းထွက်လာတယ်။ နိုင်ငံကြီးတွေကတော့ အချင်းချင်းလက်ဝါးရိုက်နေကြပြီ။ လက်ရှိအချိန် မြန်မာ့...

Read moreDetails

စက်တင်ဘာ ၁၃၊ ၂၀၂၁။ (တနင်္လာ)

စစ်အာဏာသိမ်းပြီးကတည်းက ဒေါ်လာဈေးနဲ့ရွှေဈေးဟာ တရိပ်ရိပ်ထိုးတက်နေလိုက်တာ ခုဆိုရင်ဒေါ် လာဈေးက၂၀၀၀ကျော်သွားပြီး ရွှေ‌ဈေးက၁၉သိန်းကျော်ထိတက်သွားပါပြီ။ ပြည်သူတွေလက်ထဲက စုငွေတွေဟာ အလိုလိုနေရင်းအငွေ့ပျံကုန်ပြီ။ ရှေ့ဆက်ပီးကျဖို့မရှိဆက်တက်ဖို့ပဲရှိမယ်။ ဒီကြားထဲ ပဲခူးနားမှာ ဘဏ်ကားကို ဓားပြတိုက်ခံရလို့ သိန်းလေးသောင်းကျော်ပါသွားတဲ့ သတင်းတက် လာတယ်။ သိပ်မကြာပါဘူး ၊စစ်ကောင်စီကတရားခံကိုမိပြီဖြစ်‌ကြောင်း သတင်းထုတ်ပြန်တယ်၊...

Read moreDetails

စက်တင်ဘာ ၁၂၊ ၂၀၂၁။ (တနင်္ဂနွေ)

ဒီနေ့နေ့လည်လောက်မှာ ဟိုဘက်ရပ်ကွက်ကရာအိမ်မှုး အိမ်ဗုံးပစ်ခံရတယ်။ ကံကောင်းချင်တော့ ဗုံးကပေါက်မသွားဘူး။ သူကစစ်ကောင်စီအမာခံသတင်းပေးလေ။ အရင်ကလည်း လုပ်ကြံခံရဘူးတယ်။ တော်တော်အသက်ပြင်းတယ်‌ပြောရမယ်။ သူအိမ်ဗုံးပစ်ခံရပြီးတဲ့နောက်တော့ စစ်တပ်ကရပ်ကွက်ထဲ၀င်သောင်းကျန်းတော့တာပဲ။ လမ်းတွေပိတ်ပြီး အစစ်အဆေးတွေလုပ်တယ်။ လမ်းသွားလမ်းလာတွေကိုရမ်းသမ်းဖမ်းတယ်။ ဗုံးပစ်သွားတဲ့သူက ဆိုင်ကယ်နဲ့ ဆိုတော့ဆိုင်ကယ်သမားတွေအများဆုံးခံရတာပဲ။ လမ်းပေါ်မှာတွေ့သမျှဆိုင်ကယ်တွေ လိုက်ဖမ်းရုံသာမက အိမ်ထဲရပ်ထားတဲ့ဆိုင်ကယ်တွေပါ၀င်သိမ်းသွားတယ်။...

Read moreDetails

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ စက်တင်ဘာ ၂၀၂၁)

(Photo : : CJ - စက်တင်ဘာလ ၁၁ ရက်၊ မန္တလေးမြို့ ရတနာပုံကျောင်းသား/သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်) စစ်ကောင်စီ · အာဏာသိမ်းစစ်ကောင်စီကလည်း အောင်ဘာလေထီကို မြေပြင်တွင် ထီလက်မှတ်ဖြင့် ရောင်းမကောင်း သည့်အတွက်...

Read moreDetails

စင်တင်ဘာ ၁၁၊ ၂၀၂၁။ (စနေ)

စစ်ကိုင်းတိုင်းအနောက်ခြမ်းက ဂန့်ဂေါ်မြို့လေးကရွာတစ်ရွာမှာ စစ်သူပုန်တွေပစ်သတ်သွားလို့လူငယ် ၁၇ ဦးခန့်သေဆုံးသွားတယ်။ စစ်သူပုန်တွေဟာရွာကို၀င်စီးပြီး လူငယ်တွေကို PDFလို့ စွပ်စွဲပြီး အစုလိုက်အပြုံလိုက်ပစ်သတ်သွားတာပဲ။ ဒါမျိုးဖြစ်ရပ်တွေဟာနယ်တွေဘက်မှာပုံမှန်လိုဖြစ်နေပြီ။ စစ်တပ် ဟာ ရွာစဉ်လိုက် စစ်‌ကြောင်းထိုးလူသတ်မီးရှို့တာစတဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်။ NUG အနေနဲ့ဒီဖြစ်ရပ်တွေကို...

Read moreDetails

စက်တင်ဘာ ၁၀၊ ၂၀၂၁။ (သောကြာ)

ရုံးကိစ္စတွေရှိလို့မြို့တစ်ပတ်ပတ်ဖြစ်တယ်။ ရန်ကုန်ဟာအရင်လိုမစည်ကားတော့ဘူး။ နေရာတိုင်းမှာ ခြောက်ကပ်နေတယ်။ အစစ်အဆေးအတားအဆီးတွေကလဲပေါများလွန်းတယ်။ မနေ့ကအခင်းဖြစ်ပွား ခဲ့တဲ့ စမ်းချောင်းမှာဆိုလမ်းတွေကို တစ်လမ်းမောင်းလုပ်ပစ်ပြီးလမ်းဘေးစျေးသည်တွေလည်း ရှင်းလင်းခံ ရတယ်။ ပေါက်ကွဲမှုလည်းဆက်တိုက်ရှိနေဆဲပဲ။ နယ်ဘက်တွေမှာတော့ ဒီရက်ပိုင်းစစ်ကောင်စီရှယ်ယာ ဝင်ထားတဲ့ မိုင်တယ်တယ်လီကွန်းပိုင်ဆက်သွယ်ရေးတာဝါတိုင်တွေ ဆက်တိုက်ဖောက်ခွဲခံနေရတယ်။ တစ်ချို့နယ်တွေမှာဆို မိုင်တယ်ဖုန်းလိုင်းတွေတောင် မမိတော့ဘူး။...

Read moreDetails

စက်တင်ဘာ ၉၊ ၂၀၂၁။ (ကြာသပတေး)

NUG ရဲ့ကြေငြာချက်အပေါ်မှာ နိုင်ငံတကာကမှတ်ချက်တွေအသီးသီးထွက်ပေါ်လာတယ်။ UKနဲ့USတို့က ငြိမ်းချမ်းစွာဖြေရှင်းပါပြောကြတယ်။ မလေးရှားကတော့အာဆီယံဘုံသဘောတူညီချက်တွေ မြောင်းထဲ ရောက်သွားပြီလို့ ညည်းတယ်။ထူး ခြားတာကတော့ တရုတ်နဲ့UN ကခုချိန်ထိအသံတိတ်နေတာပဲ။ ဘာပဲဖြစ်ဖြစ် NUG က ကမ္ဘာမှာသွေးအေးစပြုနေတဲ့ မြန်မာ့အရေးကိုလှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်လိုက်နိုင်တယ်။ ဒီနေ့ညနေပိုင်း...

Read moreDetails

စက်တင်ဘာ ၈၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မနေ့က NUG ရဲ့အရေးပေါ်အခြေအနေကြေငြာချက်ကြောင့် တနိုင်ငံလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ တယ်။ ရန်ကုန်မှာဆို စျေးဝယ်စင်တာတွေမှာ အခြေခံစားသောက်ကုန်တွေ အဝယ်လိုက်လာတယ်။ တစ်ချို့ အိမ်ဆိုင်လေးတွေကလဲလောဘတကြီးနဲ့ကုန်ပစ္စည်း​တွေကိုချက်ချင်းစျေးတင်ရောင်းကြတယ်။ ဒါပေမဲ့ ကိုဗစ်စတွေ့တုန်းကလိုတော့ရုတ်ရုတ်သဲသဲမဖြစ်သွားဘူး။ စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖောက်ခွဲမှုတွေကတော့ အတော့်ကို တိုးတက် လာတယ်။...

Read moreDetails

စက်တင်ဘာ ၇၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့မနက်ပုံမှန်အတိုင်းပဲအိပ်ရာနိုးရေမိုးချိုးပြီးရုံးသွားဖို့ပြင်ဆင်တယ်။ ရုံးရောက်တော့ မနက်ကိုး နာရီထိုး နေပြီ။ အင်တာနက်ကိုလည်း ရုံးရောက်မှကော်ဖီသောက်ရင်းဖွင့်ကြည့်နေကျဆိုတော့ ထုံးစံအတိုင်းပဲ ထင်တာပေါ့။ ဆိုရှယ်မီဒီယာပေါ်တက်ကြည့်လိုက်တော့အတော်လှုပ်လှုပ်ရှားရှားဖြစ်နေပြီ။ NUG က တစ်တိုင်းပြည်လုံးလှည်းနေလှေအောင်းမြင်းစောင်းမကျန် စစ်ကောင်စီကိုတော်လှန်ကြဖို့ တရားဝင်ကြေငြာလိုက်ပြီလေ။ အများသူငှာပြောနေကြတာတော့ D DAY ပေါ့။ လူကနည်းနည်းတော့ရှော့ရသွားတယ်။...

Read moreDetails
Page 155 of 178 1 154 155 156 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist