အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၁၂၊ ၂၀၂၅။ (သောကြာ)

NUGကိုပြုပြင်ပြောင်းလဲဖို့ဝေဖန်သံတွေညံနေချိန်မှာပဲ PDF တွေရဲ့ သတင်းတချို့ထွက်ပေါ်လာပါတယ်။MDY PDF ဟာ သူတို့သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ရွှေတွင်းတွေမှ ဝင်ငွေတွေအများကြီးဝင်နေတယ်။တလ​ကို ရွှေ၇ပိသာခန့် ရှိနေတယ်လို့ဆိုတယ်။ဒါ့အပြင်ရွှေလုပ်ကွက်တွေက အခွန်ငွေအများအပြားလဲရရှိနေတယ်။ထိုငွေတွေဟာတော်လှန်ရေးအတွက် လိုအပ်နေတဲ့နေရာတွေမှာ သုံးဖို့ကောင်းကောင်းလုံလောက်ပါတယ်။ဒါပေမယ့်လဲအခုချိန်ထိ သပိတ်ကျင်းမြို့နယ်ထဲကစစ်ကောင်စီရဲ့ လက်ကျန်စစ်စခန်းတွေကို အပြီးသတ်မရှင်းလင်းနိုင်သေးဘူး။စစ်ကောင်စီဟာထိုစစ်စခန်းတွေကို အထိုင်ပြုပြီးအခုဆိုရင် တန်ပြန်ထိုးစစ်ဆင်နေပါပြီ။...

Read moreDetails

ဇူလိုင် ၁၁၊ ၂၀၂၅။ (ကြာသပတေး)

မိုးဗြဲမြို့ကို စစ်ကောင်စီပြန်လည်ရရှိသွားတဲ့အတွက် ကရင်နီပြည်နယ်အတွင်း ထောက်ပို့လမ်းကြောင်းတစ်ခုပိတ်သွားပြီလို့ ပြောလို့ရတယ်။ဒါ့အပြင် စစ်ကောင်စီဟာမိုးဗြဲလွိုင်ကော်လမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ရင်အခြေအနေတွေဟာ ၁၀၂၇ စစ်ဆင်ရေးမစခင်အချိန်ထိ ပြန်ရောက်သွားမှာပါ။၁၀၂၇စစ်ဆင်ရေးအတွင်းမှာ တော်လှ​န်ရေးအင်အားစုတွေဟာမြို့တော်လွိုင်ကော်ကို သိမ်းပိုက်နိုင်လုနီးပါးအထိ အခြေအနေကောင်းခဲ့တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အထိ ထိုးဖောက်နိုင်ခဲ့တယ်။၁၀၂၇စစ်ဆင်ရေးအရှိန်သာ မလျော့ခဲ့ရင်ဒီအချိန်မှာ ကရင်နီပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်နေလောက်ပြီ။အခုတော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ မညီညွတ်မှုကြောင့်...

Read moreDetails

ဇူလိုင် ၁၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုစစ်ကောင်စီက ပြန်လည်သိမ်းယူသွားပါပြီ။ထိုမြို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက လက်နက်အင်အား၊လူအင်အားအလုံးအရင်းသုံးပြီး တရစပ်ထိုးစစ်ဆင်နေတာပါ။နေပြည်တော်နဲ့ မိုင်၁၅၀ခန့်သာ ဝေးကွာတာကြောင့်မိုး​​​ဗြဲမြို့ကိုပြန်လည်ရရှိရေး အသဲအသန်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုကို ၇လ ကျော်ကြာခုခံနိုင်ခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကတော့ လေးစားဖို့ကောင်းပါတယ်။ပြည်နယ်လေးကသေးပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ကျစ်လစ်စွာစုစည်းနိုင်တာကြောင့် ဒီလောက်ထိခုခံနိုင်ခဲ့တာပါ။

Read moreDetails

ဇူလိုင် ၀၉၊ ၂၀၂၅။ (အင်္ဂါ)

မနေ့ကဒေါက်တာတေဇာဆန်းရေးတဲ့ စာဟာ တော်လှန်ရေးအသိုင်းအဝိုင်းမှာ အတော်ပွဲဆူနေပါတယ်။အများစုကတော့ သူ့ကိုထောက်ခံကြတယ်။တခြားသူတွေ အခုလိုဝေဖန်ရင်ဝိုင်းတိုက်ခိုက်ကြမှာဖြစ်ပေမယ့် ဒေါက်တာတေဇာဆန်းကိုယ်တိုင်က NUGရဲ့အတွင်းလူတစ်ယောက်ဖြစ်နေတယ်။ပြီးတော့သူဝေဖန်တဲ့ အချက်တွေကလဲမှန်နေတယ်လေ။ NUG ဟာဒီနှစ်ဆန်းကတည်းက ပြုပြင်ပြောင်းလဲမယ်ပြောထားတာ အခုနှစ်တဝက်ကျိုးတဲ့အချိန်အထိ ဘာမှဖြစ်မလာသေးပါဘူး။လက်ရှိအ​​​ချိန်မှာနိုင်ငံရေးအရရော စစ်ရေးအရရော အပြောင်းအလဲတစ်ခုလိုအပ်နေတာ သိနေပေမယ့် မသိချင်ယောက်ဆောင်ပြီး ဘာပြောင်းလဲမှုမှမလုပ်ပါဘူး။အထွေထွေထိုးစစ်ကြီးစမယ်လို့သာ လေကြီးနေပေမယ့်အခုအချိန်ထိ...

Read moreDetails

ဇူလိုင် ၀၇၊ ၂၀၂၅။ (တနင်္ဂနွေ)

အရှေ့တီမောနိုင်ငံရဲ့ အာဆီယံဝင်ခွင့်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။အရှေ့တီမောနိုင်ငံဟာ NUGကိုထောက်ခံထားတာကြောင့် အခုလိုကန့်ကွက်နေတာပါ။အရှေ့တီမောဘက်ကတော့ ထိုကန့်ကွက်မှုကို ပယ်ချထားပါတယ်။အာဆီယံမှာ​လူရာမဝင်တဲ့ စစ်ကောင်စီဟာ အခုလို ကန့်ကွက်တယ်ဆိုတာက ရယ်စရာတော့ကောင်းတယ်။အာဆီယံကလဲလက်ခံမယ်မထင်ပါဘူး။အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာရင်တော့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ တစ်စုံတစ်ရာ အထောက်အကူရလာမှာပါ။

Read moreDetails

ဇူလိုင် ၀၆၊ ၂၀၂၅။ (စနေ)

ကလေးမြို့ကနေ ချင်းပြည်နယ်ကို တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျောက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးနောက် ကလေးမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားပါပြီ။ စုစုပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းဟာ မေလ ၂၀ရက်မှာ ကလေးမြို့ကတဆင့် ကားလမ်းကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။...

Read moreDetails

ဇူလိုင် ၀၅၊ ၂၀၂၅။ (သောကြာ)

မြဝတီမြို့အနီး ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေကို KNUဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေတာ အခုဆိုရင် သိမ်းစရာစခန်း နှစ်ခုခန့်သာကျန်ပါတော့တယ်။ဒီရက်ပိုင်းမှာလဲဝေါလေရဲစခန်းနဲ့ ဗျူဟာရဲ့ကာကင်းတစ်ချို့ကို ဆက်တိုက်သိမ်းပိုက်ထားတယ်။ ထိုနယ်မြေမှာကျန်နေတာဆိုလို့ ၂၀၂၂ခုနှစ်တုန်းကအပီးသတ်မသိမ်းပိုက်နိုင်ခဲ့တဲ့ ဥကရစ်ထစခန်းနှင့် ဝေါလေဗျူဟာစခန်းသာရှိတော့တယ်။ကျန်​နေတဲ့ စစ်စခန်း​တွေကိုလဲ ဒီရက်ပိုင်းမှာ  ပူး​ပေါင်းတပ်​​တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပါတယ်။

Read moreDetails

ဇူလိုင် ၀၄၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကိုင်းမြို့နဲ့မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စီးဖြစ်တဲ့ စစ်ကိုင်းတံတားပေါ်ကို ဖြတ်သန်းလာတဲ့ ခရီးသွားတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။ မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကိုင်းမြို့ဘက်ခြမ်း တံတားကြေးကောက်ခံတဲ့ဂိတ်မှာ လက်နက်ကိုင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဟာ ခရီးသွားကားတွေကိုတားဆီးပြီး...

Read moreDetails

ဇူလိုင် ၀၃၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကရင်နီပြည်နယ်ဖား​ဆောင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့တိုက်လေယာဥ်တစ်စီး ထပ်မံပျက်ကျခဲ့ပါတယ်။စစ်ကောင်စီက​ သူတို့လေယာဥ်တစ်စီး ထိုဒေသမှာအဆက်အသွယ်ပျက်တောက်နေတယ်လို့ ထုတ်ပြန်အပြီးမှာဒေသခံတော်လှန်ရေးအဖွဲ့တွေက လေယာဥ်ပျက်ကိုတောထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ထိုလေယာဥ်ဟာဖားဆောင်းမြို့တိုက်ပွဲမှာ ဗုံးလာကြဲတဲ့လေယာဥ်ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောထားတယ်။တရုတ်ထုတ်အပေါစား တိုက်လေယာဥ်တစ်စီးသာဖြစ်တာကြောင့် စစ်ကောင်စီအတွက်ဆုံးရှုံးမှုတော့ ကြီးမားမှာမဟုတ်ပါဘူး။ဒါပေမယ့်သုံးလအတွင်းမှာတော့ ရဟတ်ယာဥ်နဲ့ တိုက်လေယာဥ်လေးစီးအထိဆုံးရှုံးထားပါတယ်။ဖားဆောင်းမြို့မှာလဲ စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်နေရာမှာ တစ်ခုကိုရရှိထားပြီး ကျန်တစ်ခုကို ဆက်လက်တိုက်ခိုက်လျက်ရှိတယ်။

Read moreDetails

ဇူလိုင် ၀၂၊ ၂၀၂၅။ (အင်္ဂါ)

အာဏာသိမ်း စစ်ကောင်စီက ဆေးရုံဆေးခန်းတွေကိုပါ တိုက်လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် ပြည်သူကို ဆေးဝါးကုသပေးနိုင်ရေး မြေအောက်ဆေးရုံတွေ စတင် ဆောက်လုပ်နေပြီလို့ NUG က ပြောလာတယ်။ NUG အနေနဲ့ မြေအောက် ဆေးရုံ ခုနှစ်ရုံ ဒါမှမဟုတ် ရှစ်ရုံအထိ...

Read moreDetails
Page 11 of 178 1 10 11 12 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist