တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်စစ်ဆင်ရေး ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် အဖွဲ့များကို ပေးအပ်နေသော အကူအညီများကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ရပ်ဆိုင်းလိုက်မှုဟာ စစ်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေဟာ ရှမ်းမြောက်တွင် စစ်ကော်မရှင်ကို အထိနာစစ်ရှုံးစေသည့် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသော TNLA နှင့် MNDAA တို့အပေါ် အစောပိုင်းကတည်းက တရုတ်အစိုးရ ပြုလုပ်ထားသည့် ဖြတ်ငါးဖြတ်၏ လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်။ ညီနောင်မဟာမိတ်အဖွဲ့တွေသုံးတဲ့ခဲယမ်းတွေကို ဝတပ်ဖွဲ့ကပံပိုးပေးတာကြောင့် ခဲယမ်းအတွက်ခက်ခဲလာနိုင်တယ်။ အဓိကကတော့ ကျည်ဆံခက်ခဲလာနိုင်တယ်။ အခြားနေရာကနေ အစားထိုးကျည် မရနိုင်ဘူး။ KIO ကလည်း သူသုံးဖို့လောက်ပဲ သူထုတ်နိုင်မယ်။
တရုတ်အစိုးရဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများ မပြုလုပ်ဟု အကြိမ်ကြိမ် ပြောကြားနေသော်လည်း အာဏာသိမ်း စစ်ကော်မရှင်ကို အားပေး ထောက်ခံလျက် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ကူညီမှုများ ပေးနေတယ်။ ပီးတော့ စစ်ကော်မရှင်ရဲ့ အရပ်သားများအပေါ် ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကိုလည်း တရုတ်အစိုးရက မသိဟန်ဆောင်နေတယ်။ တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ်အဖွဲ့များကိုတော့ ‘ဖြတ်ငါးဖြတ်’ ကျင့်သုံးကာပိတ်ဆို့ထားတယ်။ တရုတ်အစိုးရဟာ အာဏာသိမ်းစစ်တပ်ဘက်မှရပ်တည်နေပီး စစ်ကော်မရှင်ကို တော်လှန်နေသည့် EROs များမှာ တရုတ်အစိုးရ၏ နည်းမျိုးစုံဖြင့် ဖိအားပေးခြင်းကို ခံနေရတယ်။