စစ်ကောင်မရှင်ဟာသူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ်၁၀၂မြို့နယ်သာ ပါဝင်လာတာကိုတွေ့ရတယ်။သူတို့အနေနဲ့ရွေးကောက်ပွဲကို လုံခြုံရေးအပြည့်အဝပေးနိုင်ဖို့အဓိကပြီးအခုလို စီစဥ်တာလို့ယူဆရတယ်။ဒီကာလအတွင်းမှာလဲတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို အပြင်းအထန်တိုက်ခိုက်ပြီး ပြန်သိမ်းယူနိုင်ဖို့ကြိုးစားနေတယ်။ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်ခြင်းအားဖြင့် နောက်ဆုံးမြို့နယ်အတော်များများမှာ ပြုလုပ်သွားနိုင်ဖို့မျှော်မှန်းပြီးစစ်ရေးနဲ့နိုင်ငံရေးမှာ တပြိုင်နက်အသာစီးရဖို့စီစဥ်နေတာကို တွေ့ရတယ်။စိတ်ပျက်ဖို့ကောင်းတာကတော့ တော်လှန်ရေးအင်အားစုတွေဟာ ထိုရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း စာထုတ်ရုံကလွဲပြီး ထိရောက်တဲ့တုန့်ပြန်မှုတွေ အခုချိန်ထိ မပြုနိုင်သေးပါဘူး။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


