အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၂၁၊ ၂၀၂၅။ (တနင်္ဂနွေ)

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ကိုလဲ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်ပါပြီ။သပိတ်မြို့မြောက်ပိုင်းမှာခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားဖြည့်ပြီးစစ်ကြောင်းပြန်ထိုးလာရာမှာ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကို ကျော်လွန်ပြီးမြို့ပေါ်အထိရောက်ရှိလာခဲ့တယ်။စစ်ကောင်စီရဲ့ ထိုးစစ်စတင်ပြီးတပတ်ကျော်အကြာမှာပဲ မြို့ကိုပြန်ပေးလိုက်ရတာတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပေါ့ဆလွန်းတယ်လို့ထင်တယ်။အခုလောလောဆယ်တော့ ရွှေလုပ်ကွက်တွေရှိတဲ့ဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ဆဲဆိုပေမယ့် သိပ်တော့မသေချာတော့ပါဘူး။ရွှေလုပ်ကွက်တွေရှိနေတဲ့ သပိတ်ကျင်းမြို့ကို လက်လွတ်လိုက်ရတာဟာ တော်လှန်ရေးအဖွဲ့တွေအတွက် စိုးရိမ်စရာကောင်းပါတယ်။

Read moreDetails

ဇူလိုင် ၂၀၊ ၂၀၂၅။ (စနေ)

မန္တလေးမြို့ရဲ့ အထက်ဘက်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ရာမှာ သေဆုံးသူ ၂၁ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိလာတယ်။ ထိုကျေးရွာတွေအပေါ် စစ်အုပ်စုက အကြောင်းမဲ့ Y-12 အမျိုးအစား...

Read moreDetails

ဇူလိုင် ၁၉၊ ၂၀၂၅။ (သောကြာ)

အမေရိကန်က ကုန်သွယ်ခွန်တိုးကောက်မယ့်စာကို ကိုယ်စားလှယ်လွှတ်ပြီး တုန့်ပြန်မယ်လို့စစ်ကောင်စီက စာပြန်လိုက်တယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ တစ်နှစ်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်ရှိနေတာပါ။မြန်မာနိုင်ငံက အမေရိကန်နိုင်ငံကို အဓိကပို့နေတဲ့ လုပ်ငန်းတွေကတော့ အထည်ချုပ်လုပ်ငန်းမှအဝတ်အထည်၊ အိတ်၊ ဖိနပ်...

Read moreDetails

ဇူလိုင် ၀၈၊ ၂၀၂၅။ (တနင်္လာ)

နာမည်ကျော်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက လူမှုကွန်ယက်ကနေတဆင့် NUGကိုပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။အဓိကကတော့ NUGကိုပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေလိုနေပြီဆိုတဲ့ အကြောင်းပါ။အချိန်မနှောင်းမှီ လူရောမူရော ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ပြောထားတယ်။ပီးတော့အခုချိန်အထိ NUGဟာစစ်ရေးမှာ တစ်ခုတည်းသောအမိန့်ပေးကွပ်ကဲမှုစနစ်တစ်ရပ် မတည်ဆောက်နိုင်သေးတဲ့အကြောင်း ပြောထားတယ်။NUGလက်အောက်က တပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး နှစ်ဖွဲ့ကွဲနေတယ်။ဒါ့အပြင် ငွေကြေးဘဏ္ဏာရေးစီမံခန့်ခွဲမှုအပိုင်းမှာလဲ အတော်အားနည်းနေပါတယ်။ဒီအတိုင်းဆက်သွားရင်...

Read moreDetails

ဇူလိုင် ၁၈၊ ၂၀၂၅။ (ကြာသပတေး)

မန္တလေး‌‌မြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော​​တွေ ၊တိုက်ခိုက်​ရေး​ ​ရေယာဥ်​တွေပါတဲ့ ​ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အ​ပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပါတယ်။ ထိုရေယာဥ်အုပ်စုမှာစစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ​ရေယာဉ်တွေပါဝင်တယ်လို့ သိရတယ်။ စစ်သင်္ဘောတွေပေါ်မှာတော့ သင်တန်းဆင်းစစ်သားသစ်တွေ၊...

Read moreDetails

ဇူလိုင် ၁၇၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

အမေရိကန်က ကုန်သွယ်ခွန်တိုးကောက်တဲ့နိုင်ငံတွေ စာရင်းမှာမြန်မာနိုင်လဲပါဝင်လာပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနဲ့ အာဆီယံနိုင်ငံတွေအပါအဝင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတွေမှ ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်မယ့် အကြောင်းကြားစာ ပေးထားခဲ့ပါတယ်။မြန်မာနိုင်ငံကိုတော့စုစုပေါင်း၄၀ရါခိုင်နှုန်းတိုးကောက်မယ်လို့သတ်မှတ်လိုက်တယ်။အခုလို အခွန်တိုးကောက်မယ့်အကြောင်းကို အမေရိကန်သမ္မတလက်မှတ်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီ စာပို့အကြောင်းကြားထားလို့ မင်းအောင်လှိုင်ကသူတို့ကို အသိအမှတ်ပြုတယ်ဆိုပြီး ဂုဏ်ယူနေတယ်။အခွန်တိုးကောက်လို့...

Read moreDetails

ဇူလိုင် ၁၆၊ ၂၀၂၅။ (အင်္ဂါ)

နောင်ချိုမြို့ကိုစစ်ကောင်စီ ပြန်ရသွားတာဟာ တော်လှန်ရေးဘက်မှာဆုံးရှူံးမှုကြီးမားသလို စစ်ကောင်စီအတွက်တော့ ချိုမြိန်တဲ့ အောင်ပွဲတစ်ဖြစ်ခဲ့တယ်။နောင်ချိုမြို့ဟာမန္တလေးတိုင်းနဲ့ရှမ်းမြောက်အစပ်မှာ ရှိတာကြောင့်ရှမ်းမြောက်စစ်ကောင်စီကဆက်လက်ပြီး တိုက်စစ်ဆင်ဖို့အခွင့်အရေးရသွားပါပြီ။တော်လှန်ရေးတပ်တွေအနေနဲ့တော့ ပြင်ဦးလွင်နဲ့မန္တလေးကို သိမ်းယူဖို့အစီအစဥ်က​တော့အတော် အလှမ်းဝေးကွာသွားပြီဖြစ်ပါတယ်။ဒီအတိုင်းဆိုရင်နောင်ချိုအပေါ်က မြို့နှစ်ခုဖြစ်တဲ့ကျောက်မဲနဲ့ သီပေါမြို့တွေကိုစစ်ကောင်စီကလားရှိုးကနေတဆင့် နှစ်ဘက်ညှပ်ပြီးပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ပါတယ်။ အခုလောလောဆယ်မှာလဲ မန္တလေးတိုင်းထဲကတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့သပိတ်ကျင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

Read moreDetails

ဇူလိုင် ၁၅၊ ၂၀၂၅။ (တနင်္လာ)

ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပါပြီ။နောင်ချိုမြို့ကိုစစ်ကောင်စီက ပြန်လည်ရရှိသွားတဲ့ သဘောပါပဲ။TNLAကတော့ အခုချိန်ထိ နောင်ချိုမြို့မကျအောင် ကာကွယ်နေတယ်လို့ပဲပြောနေတယ်။ဒါပေမယ့်သူ့တပ်ဖွဲ့တွေက မြို့ထဲမှာမရှိတော့ပါဘူး။ဒီလအစထဲကပြောခဲ့သလိုပဲ စစ်ကောင်စီရဲ့ထိုးစစ်ကိုထိထိရောက်ရောက် မခုခံနိုင်တဲ့အတွက် ဒီလမကုန်ခင်မှာပဲနောင်ချိုမြို့ဟာ စစ်​ကောင်စီလက်ထဲ ပြန်ရောက်သွားပါပြီ။

Read moreDetails

ဇူလိုင် ၁၄၊ ၂၀၂၅။ (တနင်္ဂနွေ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းတခုဖြစ်သော ဥကရစ်ထစခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပါပြီ။ဥကရစ်ထ တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ရာခန့် မနေ့က နေ့လည်ကတည်းက စခန်းစွန့်ခွာပြီးထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်။ ထိုစခန်းကို ၂၀၂၂ က တော်လှန်ရေးတပ်များက စခန်းသိမ်း...

Read moreDetails

ဇူလိုင် ၁၃၊ ၂၀၂၅။ (စနေ)

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ စစ်ကောင်စီ ဂိတ်များသို့ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးထားပြီးနောက်  သတ်ပစ်လိုက်ကြောင်း သိရတယ်။ အမျိုးသမီးများ အပါအဝင်  အယောက် ၃၀ ခန့် အသတ်ခံလိုက်ရခြင်းဖြစ်တယ်။ ဖမ်းဆီးခံထားသူများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်...

Read moreDetails
Page 10 of 178 1 9 10 11 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist