ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။
Read moreDetailsဒေါ်လာစျေးတွေကတော့တစ်ဒေါ်လာကိုကျပ်လေးထောင်အောက်ရောက်ရှိသွားပါပြီ။ဒီနှစ်တွေအတွင်းပထမဆုံးအကြိမ်အဖြစ်ကျပ်လေးထောင်အောက်ရောက်သွားတာဖြစ်တယ်။ မြန်မာပြည်ဒေါ်လာစျေးကွက်ဟာနှစ်ကုန်ခါနီးလေးလလောက်မှာကျဆင်းနေတတ်တာနှစ်တိုင်းလိုလိုဖြစ်နေပြီ။အချို့ကတော့ဘိန်းထွက်နဲ့အချိန်ဖြစ်တာကြောင့်ဒီလိုအချိန်ဒေါ်လာစျေးတွေကျတာလို့ပြောကြတယ်။ဒါ့ကြောင့်ဒီနှစ်ကုန်အထိတော့ဆက်တိုက်ကျနေမယ်လို့ခန့်မှန်းရတယ်။
Read moreDetailsစစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေစတင်ကပ်နေပါတယ်။ ဒါပေမယ့်ကပ်ထားတဲ့မဲစာရင်းတွေမှာ ဆိုးဆိုးရွားရွားမှားယွင်းနေကြောင်း ဝေဖန်မှုတွေရှိလာတယ်။ ဝေဖန်နေကြတာကလဲစစ်ကော်မရှင်ကို ထောက်ခံနေကြသူတွေသာဖြစ်တယ်။ ပြည်သူလူထုကတော့ ထိုမဲစာရင်းတွေကိုစိတ်မဝင်စားပါဘူး။ စစ်ကော်မရှင် ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်းများတွင် သေဆုံးသူများ၊ နေရပ်၌ မရှိတော့သူများ၊ အပြီးပြောင်းရွှေ့သွားသူများ စသည်တို့ ပါဝင်နေပြီး...
Read moreDetailsကရင်ပြည်နယ်ထဲကလက်နက်ကိုင်အဖွဲ့သုံးခုဟာစစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကိုကူညီသွားမယ်လို့အတိအလင်းကြေညာလိုက်ပါတယ်။ BGF၊DKBAနဲ့ကရင်ငြိမ်းချမ်းရေးကောင်စီစတဲ့အဖွဲ့တွေဟာအရင်ကတည်းကစစ်ကော်မရှင်ကိုမတိုက်ခိုက်ပဲတည့်အောင်ပေါင်းနေကြတဲ့အဖွဲ့တွေဖြစ်တယ်။BGFနဲ့DKBAအဖွဲ့တွေဆိုရင်ကျားဖြန့်လုပ်ငန်းတွေကိုကျယ်ပြန့်စွာလုပ်ကိုင်နေကြတယ်။ထိုအဖွဲ့တွေဟာစစ်ကော်မရှင်ငြိုငြင်မှာမလိုလားကြဘူး။စစ်ကော်မရှင်ကိုဆန့်ကျင်ရင်သူတို့ရဲ့အကျိုးစီးပွားတွေပျက်စီးသွားမှာစိုးရိမ်ကြတယ်လေ။ဒါ့ကြောင့်ရွေးကောက်ပွဲကိုကူညီမယ်လို့ထုတ်ပြောကြတာပဲ။ဒါ့ကြောင့်ကရင်ပြည်နယ်ထဲမှာစစ်ကော်မရှင်ကိုဆန့်ကျင်တိုက်ခိုက်နေတာKNUတစ်ဖွဲ့သာထီးထီးကြီးကျန်ရှိတော့တယ်။ကရက်လက်နက်ကိုင်အဖွဲ့တွေမညီညွတ်တာကြောင့်ကရင်ပြည်နယ်ထဲကတော်လှန်ရေးအခြေအနေဟာစိုးရိမ်ဖွယ်ရာဖြစ်နေတယ်။
Read moreDetailsအောက်တိုဘာလအစမှာပဲကျောက်မဲမြို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိသွားပါပြီ။လက်နက်အင်အားလူအင်အားမမျှတမှုကြောင့်TLNAအနေနဲ့ကျောက်မဲမြို့မကျအောင်အစွမ်းကုန်ခုခံခဲ့ပေမယ့်လဲနောက်ဆုံးမှာလက်လွတ်လိုက်ရတယ်။ဒါတောင်စစ်အုပ်စုကတစ်လခွဲကျော်ကြာအောင်တိုက်ယူခဲ့ရတာဖြစ်တယ်။ နယ်မြေအနေအထားနဲ့စစ်ရေးအရအရေးပါတဲ့ကျောက်မဲမြို့ကိုစစ်အုပ်စုကပြန်လည်ရရှိသွားတဲ့အတွက်အနီးအနားကသီပေါမြို့နဲ့မိုးကုတ်မြို့လဲအခြေအနေမကောင်းလှပါဘူး။စစ်အုပ်စုဟာအထူးသဖြင့်သီပေါမြို့ကိုဆက်လက်တိုက်ခိုက်လိမ့်မယ်လို့ခန့်မှန်းရတယ်။
Read moreDetailsမြန်မာပို့ကုန်များကို အမေရိကန်၏ အခွန် ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသည့် အစီအစဉ် အသက်ဝင်သည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ အထည်ချုပ်အမှာများ ကျဆင်းလာပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်းလာရတယ်။ အခွန်နှုန်းထားသစ် အသက်ဝင်သည့် နှစ်လအတွင်း ရန်ကုန်မြို့ ရွှေပြည်သာနှင့်...
Read moreDetailsကျောက်မဲမြို့ကိုထိုးစစ်ဆင်နေတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာမြို့နဲ့သုံးမိုင်အကွာအထိရောက်ရှိလာနေပါပြီ။မြို့ထဲမှာတော့အစိုးရဌာနဆိုင်ရာရုံးတွေအကြီးအကျယ်မီးလောင်နေပါတယ်။စစ်တပ်လော်ဘီတွေကတော့TLNAကမီးရှို့တာလို့စွပ်စွဲနေပြီးTNLAကတော့စစ်တပ်ကဗုံးကြဲလို့မီးလောင်နေတာလို့ပြန်ပြောထားတယ်။မြို့ထဲကTLNAတပ်ဖွဲ့တွေစတင်ဆုတ်ခွာနေပြီလို့လဲကြားတယ်။ကျောက်မဲမြို့ကတော့ရက်ပိုင်းအတွင်းမှာပဲကျတော့မှာပါ။ ဗန်းမော်မြို့မှာလဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲပါ။ထိုမြို့မှာတော့KIAရဲ့အခြေအနေဟာTLNAလောက်မဆိုးသေးပါဘူး။စစ်တပ်ရဲ့ထိုးစစ်ကိုတန်ပြန်ထိုးစစ်တွေအခုချိန်ထိလုပ်နိုင်သေးတယ်။ဗန်းမော်မြို့တိုက်ပွဲမှာတော့ဘယ်ဘက်ကမှသိသိသာသာအသာစီးမရသေးတာတွေ့ရတယ်။
Read moreDetailsစစ်ကိုင်းတိုင်းဘက်ကိုသွားမဲ့ ကုန်တင်ကားတွေ မန္တလေးက စွယ်တော်ကားကွင်းမှာ စစ်ဆေးခံရဖို့ တစ်ပတ်ခန့် အကြာ တန်းစီနေရပါတယ်။ ထိုကုန်ကားတွေဟာ စစ်ကိုင်းဘက်ကိုကုန်စည်စီးဆင်းမှုပိတ်ပင်လိုက်တဲ့ ဇူလိုင်လအလယ်လောက်ကစပြီး မန္တလေးမြို့၊ စွယ်တော်ကားကြီးကွင်းမှာ ယာဉ်စစ်ဆေးခံရတာဖြစ်တယ်။ တန်းမစီဘဲ အလှည့်ကျော်မယ်ဆိုရင် ကျပ်နှစ်သောင်းကနေ တစ်သိန်းခွဲအထိ စစ်ဆေးရေးအဖွဲ့ကို ပေးနေရတယ်။...
Read moreDetailsစစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို ထိထိရောက်ရောက်အနှောက်အယှက် မပေးနိုင်သေးပါဘူး။စဥ်းစားမိသလောက်ထိုဥပဒေမအောင်မြင်အောင်လုပ်နိုင်မယ့် အချက်နှစ်ချက်လောက်ပဲရှိမယ်။အဲ့ဒါတွေကိုတော့ စစ်တပ်ထဲကလူသစ်လေးတွေ အစုလိုက်အပြုံလိုက်လက်နက်တွေယူပြီးထွက်ပြေးတာနဲ့ စစ်တပ်ကိုတပ်တွင်း ပုန်ကန်မှုလုပ်တာမျိုးပေါ့။ဒါပေမယ့်အခုလို ဥပဒေသက်တမ်းတစ်နှစ်ကျော်ကြာလာတဲ့ အချိန်မှာဖြစ်နိုင်ဖို့ခဲယဥ်းသွားပါပြီ။စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေဟာ အနှောက်အယှက်ကြီးကြီးမားမားမရှိပဲ အောင်မြင်သွားပြီလို့ ကောက်ချက်ချလို့ရပြီ။
Read moreDetailsစစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ ထင်သလောက်အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့အချို့က သုံးသပ်ခဲ့ကြတယ်။အကြမ်းဖက်စစ်တပ်ရဲ့လူသစ်စုဆောင်းရေးနည်းဗျူဟာနဲ့ ဝါဒမှိုင်းရိုက်သွင်းနိုင်စွမ်းကိုလျော့တွက်ခဲ့ကြတယ်။ စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့လူသစ်စုဆောင်းနေတယ်။အစောပိုင်းအပတ်စဥ်တွေမှာ ကိုယ့်သဘောနဲ့ကိုယ်စစ်တပ်ထဲ ဝင်ချင်သူတွေရှိခဲ့တယ်။ထိုသူတွေကုန်သွားချိန်မှာတော့ ရပ်ကွက်ကျေးရွာတွေထဲက လမ်းသရဲတွေ၊သူခိုးဂျပိုးတွေကိုဖမ်းဆီးပြီး စစ်တပ်ထဲသွင်းခဲ့တယ်။နောက်ပိုင်းမှာတော့ ပေါ်တာဆွဲပြီးဖမ်းဆီးလာတာကို တွေ့ရတယ်။ဒါတွေကိုကြည့်ရင် စစ်တပ်ဟာ အခုချိန်ထိအောက်ခြေကနင်းပြားလူတန်းစားမျိုးကိုသာ...
Read moreDetailsYou can copy without credits to our site. We Need Freedom.