အောက်တိုဘာလအစမှာပဲကျောက်မဲမြို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိသွားပါပြီ။လက်နက်အင်အားလူအင်အားမမျှတမှုကြောင့်TLNAအနေနဲ့ကျောက်မဲမြို့မကျအောင်အစွမ်းကုန်ခုခံခဲ့ပေမယ့်လဲနောက်ဆုံးမှာလက်လွတ်လိုက်ရတယ်။ဒါတောင်စစ်အုပ်စုကတစ်လခွဲကျော်ကြာအောင်တိုက်ယူခဲ့ရတာဖြစ်တယ်။
နယ်မြေအနေအထားနဲ့စစ်ရေးအရအရေးပါတဲ့ကျောက်မဲမြို့ကိုစစ်အုပ်စုကပြန်လည်ရရှိသွားတဲ့အတွက်အနီးအနားကသီပေါမြို့နဲ့မိုးကုတ်မြို့လဲအခြေအနေမကောင်းလှပါဘူး။စစ်အုပ်စုဟာအထူးသဖြင့်သီပေါမြို့ကိုဆက်လက်တိုက်ခိုက်လိမ့်မယ်လို့ခန့်မှန်းရတယ်။


