ကရင်ပြည်နယ်ထဲကလက်နက်ကိုင်အဖွဲ့သုံးခုဟာစစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကိုကူညီသွားမယ်လို့အတိအလင်းကြေညာလိုက်ပါတယ်။ BGF၊DKBAနဲ့ကရင်ငြိမ်းချမ်းရေးကောင်စီစတဲ့အဖွဲ့တွေဟာအရင်ကတည်းကစစ်ကော်မရှင်ကိုမတိုက်ခိုက်ပဲတည့်အောင်ပေါင်းနေကြတဲ့အဖွဲ့တွေဖြစ်တယ်။BGFနဲ့DKBAအဖွဲ့တွေဆိုရင်ကျားဖြန့်လုပ်ငန်းတွေကိုကျယ်ပြန့်စွာလုပ်ကိုင်နေကြတယ်။ထိုအဖွဲ့တွေဟာစစ်ကော်မရှင်ငြိုငြင်မှာမလိုလားကြဘူး။စစ်ကော်မရှင်ကိုဆန့်ကျင်ရင်သူတို့ရဲ့အကျိုးစီးပွားတွေပျက်စီးသွားမှာစိုးရိမ်ကြတယ်လေ။ဒါ့ကြောင့်ရွေးကောက်ပွဲကိုကူညီမယ်လို့ထုတ်ပြောကြတာပဲ။ဒါ့ကြောင့်ကရင်ပြည်နယ်ထဲမှာစစ်ကော်မရှင်ကိုဆန့်ကျင်တိုက်ခိုက်နေတာKNUတစ်ဖွဲ့သာထီးထီးကြီးကျန်ရှိတော့တယ်။ကရက်လက်နက်ကိုင်အဖွဲ့တွေမညီညွတ်တာကြောင့်ကရင်ပြည်နယ်ထဲကတော်လှန်ရေးအခြေအနေဟာစိုးရိမ်ဖွယ်ရာဖြစ်နေတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


