ရခိုင်ပြည်နယ်မှာကုန်းလမ်းကခရီးသွားလာမှုတွေကိုစစ်ကောင်စီကပိတ်ထားပြီးနောက်အခုအခါလေကြောင်းကနေခရီးသွားလာမှုတချို့ကိုပါပိတ်ပင်လိုက်ပါတယ်။ကုန်းလမ်းခရီးကိုရခိုင်မှာတိုက်ပွဲတွေစဖြစ်ကတည်းကစစ်ကောင်စီကပိတ်ထားတာကြာပါပြီ။အခုတိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက်ငွေကြေးတက်နိုင်တဲ့ရခိုင်ပြည်သူတွေဟာပြည်မဘက်ကိုလေကြောင်းခရီးနဲ့စစ်ဘေးရှောင်ကြတယ်။လေယာဉ်လက်မှတ်ဈေးတွေကလဲမိုးထိုးနေတယ်။ရခိုင်ပြည်နယ်ထဲကိုလေယာဉ်လက်မှတ်ဈေးပုံမှန်ဆိုရင်ကျပ်၂သိန်းခန့်သာရှိပေမယ့်အခု၅သိန်းနားကပ်နေပြီ။ဒါဟာလေကြောင်းလိုင်းတွေရဲ့တရားဝင်ဈေးနှုန်းသာဖြစ်ပြီးရခိုင်ပြည်နယ်ထဲကထွက်ခွာလိုသူတွေများပြားလွန်းတာကြောင့်မှောင်ခိုဈေးကွက်မှာကျပ်၈သိန်းကနေ၁၀သိန်းအထိပေါက်နေတယ်။အခုလတ်တလောစစ်ကောင်စီကထုတ်ပြန်တဲ့စာအရရခိုင်ပြည်နယ်ကျောက်ဖြူမြို့ကနေအရပ်သားပြည်သူမည်သူမဆိုလေကြောင်းလမ်းကနေထွက်ခွာခွင့်မပြုတော့ပဲဝန်ထမ်းတွေ၊ကျန်းမာရေးမကောင်းသူတွေ၊ကျောင်းသားတွေကိုသာခွင့်ပြုတော့တယ်။ထိုသူတွေလေယာဉ်လက်မှတ်ဝယ်ယူရာမှာလဲထောက်ခံစာလိုအပ်သေးတယ်။ရခိုင်ပြည်သူတွေလွတ်လပ်စွာခရီးသွားလာခွင့်ကိုထပ်မံကန့်သတ်လိုက်တဲ့သဘောပဲ။ ဒီထက်ပိုဆိုးတာကရန်ကုန်ကနေရခိုင်ပြည်နယ်ကိုပြန်တဲ့ခရီးသွားတွေကိုစစ်ကောင်စီကလေဆိပ်မှာတင်ဖမ်းဆီးစစ်ဆေးနေတယ်။လေယာဉ်ပေါ်ကဆင်းဆင်းချင်းပဲလေဆိပ်အဆောက်အအုံထဲခေါ်ဆောင်သွားပြီးတချို့ရခိုင်လူငယ်တွေကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာရခိုင်မှာအေအေတပ်တော်ကိုစစ်ရှုံးနေတဲ့အတွက်ရှုံးမဲမဲပြီးရခိုင်ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတယ်။
Read moreDetailsစစ်မှုထမ်းဥပဒေထုတ်လိုက်တဲ့သတင်းကြောင့်ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာညဘက်လူအသွားအလာအတော်ကျဲပါးသွားတယ်။ပေါ်တာဆွဲတဲ့သတင်းတွေကကောလဟာလမှန်းမသိတကယ်မှန်းမသိထွက်နေတာကိုး။တာစီးပွားရေးမြို့တော်ရန်ကုန်မှာတောင်ရုံးတွေအလုပ်တွေရုံးဆင်းချိန်ပြောင်းလိုက်ပြီးဝန်ထမ်းတွေကိုအိမ်စောစောပေးပြန်ကြတယ်။ည၈နာရီနောက်ပိုင်းလောက်ဆိုအသွားအလာကျဲသွားပြီ။မန္တလေးမှာလဲထိုနည်းလည်းကောင်းပဲ။မြို့ထဲမှာရောမြို့သစ်ဘက်မှာပါည၇နာရီနောက်ပိုင်းဆိုရင်လူမရှိတော့ပါဘူး။ဘာတွေကလပ်တွေမှာတောင်လူသိပ်မလာကြတော့ဘူး။နေ့ဘက်တွေမှာလဲစစ်ကောင်စီကရဲတွေမော်တော်ပီကယ်တွေဒီရက်ပိုင်းအဖမ်းအဆီးကြမ်းနေတယ်။တွေ့သမျှဆိုင်ကယ်တွေကိုအကြောင်းမရှိအကြောင်းရှာဖမ်းဆီးငွေညှစ်နေကြတာပါပဲ။မန္တလေးမှာကဒုစရိုက်မှုတွေဆိုင်ကယ်လုယက်မှုတွေအစကတည်းကပေါနေတော့မြို့ခံတွေအပြင်သိပ်မထွက်ကြတော့ဘူး။လူတိုင်းဟာအပြင်မှာပုံမှန်သွားလာလှုပ်ရှားနေကြပေမယ့်စိုးရိမ်စိတ်တွေနဲ့မလုံခြုံတော့ပါဘူး။
Read moreDetailsကောလင်းမြို့ကိုစစ်ကောင်စီကသူတို့သိက္ခာပြန်ဆယ်ဖို့အတွက်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်ခဲ့တယ်ဆိုပေမယ့်ကိုယ့်ဘက်မှာလဲအားနည်းချက်တွေရှိခဲ့တယ်။အဓိကကတော့NUGပါပဲ။ကောလင်းမြို့ဟာNUGဦးဆောင်တဲ့တပ်ရင်းတွေသိမ်းပိုက်ထားပေမယ့်စစ်ကောင်စီကပြန်လည်မတိုက်ခိုက်ခင်မှာပြင်ဆင်မှုတွေအားနည်းခဲ့တယ်။မြို့ကိုသိမ်းပြီးကတည်းကစစ်ကောင်စီကတချိန်မှာပြန်တိုက်မယ်ဆိုတာသေချာနေတာပဲ။ဒါပေမယ့်လိုအပ်တဲ့လက်နက်ခဲယမ်းဖြည့်တင်းထားနိုင်မှုမှာအားနည်းခဲ့တယ်။ဒီကြားထဲစစ်ကောင်စီကအလုံးအရင်းနဲ့ဝင်လာချိန်မှာကျည်ပြတ်သွားတယ်ဆိုတဲ့သတင်းတွေထွက်လာသေးတယ်။ဒါ့အပြင်မြို့ကိုသိမ်းပြီးနောက်မြို့ပတ်ဝန်းကျင်ကိုနယ်မြေစိုးမိုးမှုတွေမလုပ်ပဲပစ်ထားခဲ့တယ်။ဒါ့ကြောင့်တကယ်တမ်းရင်ဆိုင်ရချိန်မှာစစ်ကောင်စီတပ်တွေဟာမြို့ထဲကိုရက်တိုတိုနဲ့ဝင်ရောက်ထိုးဖောက်နိုင်ခဲ့တယ်။စစ်ကောင်စီဟာကောလင်းမြို့ကိုဆယ်ရက်ကျော်ကြာသာတိုက်ယူခဲ့ရတာပဲ။NUGရဲ့တပ်တွေဟာကောလင်းလို့မြို့ကို၁၀ရက်ကျော်ကျော်သာခုခံနိုင်ခဲ့တယ်ဆိုတဲ့သဘောပါပဲ။မြို့မကျအောင်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မလုပ်ပဲလိုင်းပေါ်မှာလေကျယ်လိုက်သေးတယ်။အခုတော့သူတို့လေကျယ်ထားတဲ့ပထမဆုံးသောမြေပြင်နွေဦးဘဏ်ခွဲဟာလဲလေထဲမှာပဲအငွေ့ပြန်သွားခဲ့ပါပြီ။ထိုနွေဦးဘဏ်နဲ့ပတ်သက်တဲ့သတင်းတွေတောင်ပျောက်နေတာကြာပြီ။NUGဟာလိုင်းပေါ်မှာလေမကျယ်ပဲမြေပြင်မှာတော်လှန်ရေးကိုဖိဖိစီးစီးလုပ်တာပိုကောင်းလိမ့်မယ်။
Read moreDetailsစစ်ကိုင်းတိုင်း၊ကောလင်းမြို့ကိုစစ်ကောင်စီကအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီးနောက် ၁၂ ရက်မြောက်နေ့မှာ ကောလင်းမြို့ပေါ်ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်လိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက ခေတ္တဆုတ်ခွာပေးခဲ့ရကြောင်း သိရတယ်။ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ကောလင်း မြို့အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက် ၈...
Read moreDetailsစစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုထုတ်ပြန်လိုက်ပြီးဧပြီလနောက်ပိုင်းမှာစတင်စစ်သားစုဆောင်းမယ်လို့ပြောထားပေမယ့်လတ်တလောမှာနိုင်ငံတဝန်းလူငယ်တွေပျောက်ဆုံးမှုတွေ၊ပေါ်တာဆွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်နေတယ်။ဒီရက်ပိုင်းမြို့ကြီးတွေမှာလူပျောက်ကြော်ငြာတွေများလာတယ်။ပေါ်တာဆွဲကတော့နေ့ခင်းကြောင်တောင်အဝေးပြေးလိုင်းကားတွေပေါ်ထိဆွဲနေတယ်။မုံရွာမှာဆိုမန္တလေးလမ်းပေါ်မှာပြေးဆွဲနေတဲ့ကားလိုင်းတွေကိုစစ်တပ်ကတားဆီးပြီးလူငယ်လေးဆယ်ကျော်ထက်မနည်းဖမ်းဆီးသွားတယ်။မုံရွာမြို့ပေါ်မှာလဲအပြင်ထွက်တဲ့လူငယ်မှန်သမျှဖမ်းဆီးနေလို့ပြည်သူတွေစိုးရိမ်ထိန့်လန့်နေကြပြီးမြို့ပေါ်လမ်းတွေမှာအသွားအလာတွေမရှိတော့ပဲခြောက်ကပ်နေတယ်။ရန်ကုန်ကတောင်ဒဂုံမြို့နယ်မှာလဲစက်မှုဇုန်ထဲကအဆောင်တချို့မှလူငယ်တွေကိုစစ်တပ်၊ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ပါဝင်တဲ့အဖွဲ့ကလာရောကဖမ်းဆီးသွားတယ်။စစ်မှုထမ်းရမယ်ဆိုပြီးစစ်ကားတွေနဲ့ခေါ်သွားတာလို့သိရတယ်။ဒီရက်ပိုင်းလူငယ်တွေဟာအရင်လိုမလွတ်လပ်တော့ပဲကျီးလန့်စာစားနေနေကြရတယ်။ဘာလုပ်မှမသိကြဘူး။စစ်မှုထမ်းဥပဒေပေါ်ပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေကသူတို့ဆီလာဖို့ဖိတ်ခေါ်နေပေမယ့်အဲ့ဒါကလဲထင်သလောက်မလွယ်ဘူး။တော်လှန်ရေးအဖွဲ့တွေကတော့ဒီရက်ပိုင်းသူတို့ကိုလာရောက်ဆက်သွယ်တဲ့လူငယ်တွေအဆမတန်များပြားလာတယ်လို့ပြောနေကြတယ်။စစ်အုပ်စုကတော့အရင်လိုခိုးကြောင်းခိုးဝှက်မဟုတ်တော့ပဲပေါ်တင်ပေါ်တာဆွဲခွင့်လိုင်စင်ရသွားသလိုပဲ။
Read moreDetailsရခိုင်ပြည်နယ်ထဲပြင်းထန်စွာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့စစ်ရေယာဉ်အနည်းဆုံးငါးစီးခန့်ကိုနှစ်မြုပ်ပစ်လိုက်နိုင်ပါတယ်။ကျောက်တော်မြို့သိမ်းတိုက်ပွဲတွေအတွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ကျောက်တော်မြို့ကိုအေအေကအပြင်းအထန်တိုက်ခိုက်နေချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့မိသားစုဝင်တွေဟာရေကြောင့းကနေဆုတ်ခွာကြတယ်။ထိုဆုတ်ခွာမှုကိုစစ်ကောင်စီရေတပ်ကကမ်းထိုးရေယာဉ်တွေ၊သယ်ယူပို့ဆောင်ရေးရေယာဉ်တွေအသုံးပြုခဲ့တယ်။ဒါပေမယ့်အေအေကမနားတမ်းလိုက်လံတိုက်ခိုက်ခဲ့တာကြောင့်ထိုရေယာဉ်တွေနစ်မြုပ်ကုန်တယ်။ရေယာဉ်တွေတိုက်ခိုက်ခံရချိန်မှာအေအေဘက်ကလက်နက်ချခွင့်ပေးပေမယ့်စစ်ကောင်စီတပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်နေတာကြောင့်အေအေကကအပြီးသတ်ရှင်းလင်းတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေပါအားလုံးသေဆုံးကုန်တယ်။ဒါကိုပဲစစ်ကောင်စီဘက်ကမိသားစုတွေပါမကျန်သတ်ဖြတ်ခဲ့တယ်လို့သတင်းလွင့်သေးတယ်။တကယ်ကသူတို့ကိုလက်နက်ချခွင့်ပေးခဲ့ပေမယ့်ရူးမိုက်စွာပြန်လည်တိုက်ခိုက်နေလို့ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာပဲ။ကိုယ့်မိသားစုဝင်တွေကိုပါသေတွင်းထဲပို့တဲ့အထိဉာဏ်နည်းလွန်းတယ်။အေအေဘက်ကရေနစ်နေတဲ့စစ်ကောင်စီသားတွေကိုတောင်စက်လှေတွေနဲ့ကယ်ဆယ်ပေးခဲ့သေးတယ်။ ထိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကစစ်ရေယာဉ်တွေကိုနှစ်မြုပ်ပစ်နိုင်တာကတော့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းဒါပထမဦးဆုံးပဲ။စစ်တပ်ဘက်ကရခိုင်ပြည်နယ်ထဲမှာအေအေကိုကြည်းရေလေပူးပေါင်းတိုက်ခိုက်နိုင်တဲ့အခွင့်အရေးမျိုးရရှိခဲ့ပေမယ့်လက်ရှိအချိန်မှာတော့အရှုံးကြီးရှုံးလျက်ရှိနေတယ်။
Read moreDetailsစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ သူတို့နေရာဖယ်ပေးရမှာ စိုးရိမ်တာကြောင့်တစ်တိုင်းတစ်ပြည်လုံးကိုဆွဲချလိုက်ခြင်းဖြစ်ပါတယ်။ထိုဥပဒေကိုအရင်စစ်အစိုးရလက်ထက်ထဲကရေးဆွဲထားတယ်ဆိုပေမယ့်ပြည်ပကျူးကျော်စစ်ပွဲအတွက်ပါ။အခုတိုင်းရင်းသားပြည်သူတွေနဲ့ စစ်ဆင်ရတဲ့ပြည်တွင်းစစ်ဖြစ်နေချိန်မှာလုပ်လိုက်တော့ ထောက်ခံမှုနည်းပြီး အခက်အခဲတွေနဲ့ သေချာပေါက်တွေ့မှာပဲ။သေချာတာကတော့လူငယ်တွေအကုန် နိုင်ငံခြားထွက်ပြေးကြတော့မယ်။ ငယ်ရွယ်သူလုပ်သားအင်အားဆုံးရှုံးပြီးလုပ်ငန်းတွေပြဿနာတက်လာမယ်။ဆိုးကျိုးတွေကပြောရင်တော့အများကြီးပါပဲ။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောဆိုချက်အရစစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇...
Read moreDetailsအာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု မနေ့ညက ကြေညာလိုက်ပါတယ်။ ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ...
Read moreDetailsမကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာမှာအသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမား နှစ်ဦးကိုအများပြည်သူမြင်ကွင်းတွင်လွန်ခဲ့သောသုံးလခန့်ကမီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယိုတစ်ခုယခုသီတင်းပတ်အတွင်းလူမှုကွန်ရက်မှာပျံ့နှံ့လာတယ်။ဗီဒီယိုထဲမှာသူတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာပါ။ထိုလူငယ်များကိုအရှင်လတ်လတ်မီးရှို့မသတ်မီညှဉ်းပန်းနှိပ်စက်ထားသေးတယ်။ပြီးတော့သူတို့ရဲ့ခြေ၊ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သစ်ပင်တပင်သို့ ဆွဲခေါ်သွားတယ်။သစ်ပင်မှာတွဲလောင်းချပြီးဓာတ်ဆီလောင်းကာမီးရှို့လိုက်တယ်။သူတို့ကိုအများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်တာပါ။ထိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရွာမှ...
Read moreDetailsတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့စစ်ကိုင်းတိုင်းကောလင်းမြို့ကိုစစ်ကောင်စီတပ်တွေကပြန်သိမ်းနိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်လာနေပါတယ်။ဒီနေ့နဲ့ဆိုရင်ခြောက်ရက်မြောက်နေ့ကိုရောက်ရှိလာပါပြီ။စစ်ကောင်စီတပ်ကကောလင်းမြို့ကိုစစ်ကြောင်း၆ခုထပ်မနည်းခွဲပြီးတိုက်ခိုက်နေတယ်။ကောလင်းမြို့တောင်ဘက်ကန့်ဘလူမြို့ဘက်ကအဓိကစစ်ကြောင်းထိုးနေပြီးမြောက်ဘက်ဝန်းသိုမြို့ဘက်ကလဲစစ်ကြောင်းတွေခွဲထွက်ထားတယ်။ဒါ့အပြင်ကောလင်းမြို့အရှေ့ဘက်မှာလဲရှိသေးတယ်။ထိုကဲ့သို့ညှပ်တိုက်ရန်ကြိုးစားနေပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်မြို့နားကိုတော့မကပ်နိုင်သေးပါဘူး။ဒါကြောင့်မြို့အနီးဝန်းကျင်ရှိရွာတွေကိုဆက်တိုက်မီးရှို့ဖျက်စီးနေတယ်လို့သိရတယ်။ကောလင်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှာထောင်ထဲကခေါ်လာတဲ့စစ်သားဟောင်းတွေနဲ့ပျူစောထီးတွေအများအပြားပါဝင်လာတယ်။ထောင်ထွက်တွေကိုလွတ်ငြိမ်းခွင့်ပေးမယ်လို့လဲမက်လုံးပေးထားသေးတယ်။ စစ်ကောင်စီဟာရခိုင်နဲ့ရှမ်းမြောက်မှာအရှုံးကြီးရှုံးနေတဲ့အချိန်မှာသူတို့တပ်တွေစိတ်ဓာတ်မြင့်တင်ဖို့နဲ့သိက္ခာဆည်ဖို့အတွက်NUGသိမ်းပိုက်ထားတဲ့ကောလင်းမြို့ကိုမရမကတိုက်ခိုက်သိမ်းပိုက်မယ့်ပုံစံမှာတော့ရှိတယ်။ရှမ်းမြောက်နဲ့ရခိုင်ကလက်လွတ်လိုက်ရတဲ့မြို့တွေကိုသူတို့ပြန်လည်သိမ်းပိုက်ဖို့လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ဘူးလေ။
Read moreDetailsYou can copy without credits to our site. We Need Freedom.