LATEST STORIES

နိုဝင်ဘာ ၂၄၊ ၂၀၂၄။ (တနင်္ဂနွေ)

ရှမ်းမြောက်မှာတိုက်ပွဲဝင်နေတဲ့TLNAအဖွဲ့ဟာစစ်ကောင်စီနဲ့ဆွေးနွေးမယ်လို့ကြေညာလိုက်ပါတယ်။ကုန်စည်စီးဆင်းမှုပြတ်တောက်နေမှုတွေကြောင့်ထိုဒေသကပြည်သူတွေဒုက္ခရောက်နေတာရယ်၊​စစ်ကောင်စီရဲ့အရပ်သားပစ်မှတ်တွေကိုဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အပစ်မဲ့ပြည်သူတွေသေဆုံးနေရတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။​တကယ်လဲစစ်ကောင်စီဟာနေစဥ်ရက်ဆက်နီးပါးရှမ်းမြောက်ကမြို့ရွာတွေကိုလေကြောင်းကနေဗုံးကြဲနေတာပါ။စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုတွေကိုနိုင်ငံတကာကလဲမျက်ကွယ်ပြုထားကြတယ်။ TLNAကငြိမ်းချမ်း​​ရေးဆွေးနွေးမယ်လို့ပြောလိုက်တာကြောင့်တော်လှန်ရေးဟာရှမ်းမြောက်ကနေရှမ်းတောင်သို့မဟုတ်မြေပြန့်ကိုစီးဆင်းလာဖို့ခက်ခဲသွားပါပြီ။EAOတွေရဲ့တော်လှန်မှုတွေငြိမ်သက်သွားတာကြောင့်မြေပြန့်ကတော်လှန်ရေးအဖွဲ့တွေဟာကိုယ့်အားကိုယ်ကိုးရုန်းကန်ရတော့မှာပါ။​

Read moreDetails

နိုဝင်ဘာ ၂၃၊ ၂၀၂၄။ (စနေ)

ကန်တည်ပိုက်မြို့ကနေတရုတ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်ကဘေးမသီရန်မခအောင်စောင့်ရှောင်ကာ မူဆယ်မြို့ကိုပြန်ပို့ပေးခဲ့ပါတယ်။အရင်ကဆို တရုတ်ဟာသူ့ဘက်ခြမ်းကိုစစ်ဘေးရှောင်တွေရော၊မြန်မာစစ်သားတွေပါ အဝင်မခံပါဘူး။အခုတော့စစ်ရှုံးစစ်ကောင်စီတပ်သားတွေကို ကြည်ကြည်ဖြူဖြူလက်ခံတဲ့အပြင်ကောင်းမွန်စွာ ပြန်ပို့ပေးလိုက်သေးတယ်။ထိုတပ်အင်အားသုံးရာခန့်ကို စစ်ကောင်စီကမူဆယ်မြို့ခံစစ်အတွက် ပြန်အသုံးပြုနေပါတယ်။ ဒါ့အပြင်နယ်စပ်ဂိတ်တွေပိတ်ထားတဲ့တရုတ်ဟာ ဂိတ်အချို့ကိုကန့်သတ်ချက်တွေနဲ့ပြန်ဖွင့်ဖို့ အသံထွက်လာတယ်။ဘယ်ဂိတ်တွေပြန်ဖွင့်မလဲဆိုတာတော့ မသိသေးပါဘူး။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတာဟာနှစ်ဖက်လုံးမှာ အထိနာပါတယ်။ကိုယ့်ဘက်ကတောင့်ခံနိုင်ရင် သူ့ဘက်ကအလျော့ပေးရမှာပါ။

Read moreDetails

နိုဝင်ဘာ ၂၂၊ ၂၀၂၄။ (သောကြာ)

တရုတ်လုံခြုံရေးအမည်ခံလက်နက်ကိုင်တပ်တွေ မြန်မာပြည်ထဲဝင်လာမယ့်အရေးက ပေါ့သေးသေးတော့မဟုတ်ပါဘူး။မင်းအောင်လှိုင်ကတော့ တရုတ်တပ်တွေဖြစ်စေ၊ရုရှားတပ်တွေဖြစ်စေ ဘယ်သူပဲဝင်လာလာကြည်ကြည်ဖြူဖြူလက်ခံမှာပဲ။သူ့အတွက်က တစ်ချက်ခုတ်သုံးချက်လောက်ပြတ်နေတယ်လေ။တရုတ်အကျိုးစီးပွားလုပ်ငန်းကြီးတွေကို သူကာကွယ်ပေးစရာမလိုတော့ဘူး။ဒါ့အပြင်တော်လှန်ရေးတပ်တွေကို တရုတ်နဲ့ကောင်းကောင်းရန်တိုက်ပေးလို့ရသွားမယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကြည့်မယ်ဆိုရင်တော့ ဒီအရေးဟာအတော်ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရမယ့် ကိစ္စတစ်ခုဖြစ်လာမယ်။တရုတ်နဲ့ထိပ်တိုက်တွေ့လို့မရသလို ရှောင်ပေးပြန်ရင်လဲတရုတ်ကဝါးမြိုသွားမှာစိုးရိမ်ရပါတယ်။မင်းအောင်လှိိုင်အတွက်ကတော့ အာဏာကိုလက်မလွတ်ရရေး အရေးကြီးဆုံးဖြစ်တဲ့အတွက်နိုင်ငံဘာပဲဖြစ်နေပါစေ သူ့အတွက်အနေသာကြီးပါပဲ။တော်လှန်ရေးဟာ ဘေးကျပ်နံကျပ်အခြေအနေတွေတစ်ခုပြီးတစ်ခု ရင်ဆိုင်နေရပါတယ်။

Read moreDetails

နိုဝင်ဘာ ၂၁၊ ၂၀၂၄။ (ကြာသပတေး)

နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာရပ်တည်နေတဲ့ ရှမ်းမြောက်ကMNDAAနဲ့TNLAအဖွဲ့တွေကို ဖိအားပေးခြင်း၊စစ်ကောင်စီဘက်ကပြတ်ပြတ်သားသားရပ်တည်ကြောင်း ပြသလိုက်ခြင်း၊တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ပစ်ခြင်း၊MNDAAအဖွဲ့ခေါင်းဆောင်ကိုအကျယ်ချုပ်သဘောမျိုး ဖမ်းထားခြင်းစသဖြင့်နည်းမျိုးစုံနဲ့တော်လှန်ရေးကို နှောက်ယှက်နေတဲ့တရုတ်နိုင်ငံဟာ အခုတော့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာပြည်သူတရပ်လုံးကိုစော်ကားတဲ့လုပ်ရပ်တစ်ခု ထပ်မံကျူးလွန်တော့မှာပါ။ တရုတ်ဟာအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပေါင်းပြီးမြန်မာပြည်ထဲက သူတို့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ဆိုပြီး တရုတ်စစ်သားတွေကိုလုံခြုံရေးအဖွဲ့အမည်ခံပြီးစေလွတ်ဖို့ သဘောတူညီချက်ရထားတယ်။ဒီလဆန်း​ပိုင်းကမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုအစည်းအဝေးသွားတက်ခွင့်ရခဲ့တာ အားလုံးအသိပါ။ထိုအချိန်အတွင်းတရုတ်အာဏာပိုင်တွေနဲ့တွေ့ဆုံပြီး တရုတ်ကကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် မြန်မာပြည်ထဲကတရုတ်အကျိုးစီးပွားတွေကို...

Read moreDetails

နိုဝင်ဘာ ၂၀၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်၊KIAထိန်းချုပ်နယ်​​​မြေအတွင်းကျန်ရှိနေတဲ့ တစ်ခုတည်းသောနယ်စပ်ကုန်သွယ်ရေးစခန်းမြို့​ဖြစ်တဲ့ ကန်တည်ပိုက်မြို့ကိုKIAကဒီနေ့မှာပဲအပြီးသတ် သိမ်းပိုက်လိုက်ပါ​တယ်။မနက်အစောပိုင်းကမြို့ကိုစတင်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ညနေစောင်းမှာရရှိခဲ့တာဖြစ်ပါတယ်။ထိုမြို့ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ တရုတ်နိုင်ငံဘက်ထွက်​ပြေးသွားကြတယ်။ထိုမြို့ကိုKIAအနေနဲ့အရင်ကတည်းက အလွယ်တကူသိမ်းပိုက်လို့ရပေမယ့်တရုတ်က မသိမ်းဖို့ဖိအားပေးနေတာကြောင့်ကြန့်ကြာနေတာပါ။အခုလဲတရုတ်ဖိအားတွေကြားကပဲ ကန်တည်ပိုက်မြို့ကိုသိမ်းပိုက်ပြီးKIAအနေနဲ့ တရုတ်ဖိအားတွေကို ဂရုမစိုက်ကြောင်းပြသလိုက်တာပါပဲ။ ​ထိုမြို့ဟာတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်တဲ့ ၈၈ခုမြောက်မြို့ဖြစ်လာတယ်။ရှမ်းမြောက်မှာတိုက်ပွဲတွေအောက်တိုဘာလဆန်းကတည်းက အရှိန်သေးသွားပြီးနောက်ပိုင်းမြို့တွေကို KIAကပဲတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်နေတာပါ။​ဒါ့အပြင်ဒီလထဲမှာလဲရခိုင်ပြည်နယ်က အမ်း၊တောင်ဂုတ်နဲ့မောင်တောမြို့တွေထဲက တစ်မြို့လောက်လွတ်မြောက်လာဖို့မျှော်လင့်ရတယ်။

Read moreDetails

နိုဝင်ဘာ ၁၉၊ ၂၀၂၄။ (အင်္ဂါ)​

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာတော်လှန်ရေးတပ်တွေ ပြန်ဆုတ်သွားပေမယ့်စစ်ကောင်စီဘက်က ဆက်လက်ယုတ်မာသောင်းကျန်းနေဆဲပါ။ပုလဲမြို့နယ်ထဲလေကြောင်းကနေ ရဟတ်ယာဥ်နဲ့စစ်ကူလာချပေးတဲ့အဖွဲ့ဟာဘုတလင်မြို့နယ်ထဲမှာ ခေါင်းဖြတ်လူသတ်မီးရှို့ခဲ့တဲ့ဘီလူးစစ်ကြောင်းဖြစ်ပါတယ်။ထိုစစ်ကြောင်းဟာရောက်ရောက်ချင်းပဲ မြို့မြောက်ပိုင်းရှိအလယ်ဘုံရွာကို မီးရှို့​ဖျက်စီးခဲ့တယ်။ပြီးနောက်မြို့အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီးထွက်ပြေးနေရတယ်။ နောက်ရက်တွေမှာတော့စစ်သူပုန်တွေဟာ ပုလဲမြို့ပေါ်ကပြည်သူတွေရဲ့အိမ်တွေကို တအိမ်ဆင်းတအိမ်တက်ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်စီးနေပါတယ်။မြို့ပေါ်ကအိမ်တွေအတော်များများလဲ ပျက်စီးသွားပါပြီ။စစ်သူပုန်တွေဟာ သူတို့ကိုတော်လှန်တိုက်ခိုက်နေတဲ့ဒေသတိုင်းကို အရင်လိုပဲမြေလှန်စနစ်နဲ့ဖျက်စီးနေတာပါ။ တကယ်တော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မိုင်၃၀ခန့်သာဝေးတဲ့ ပုလဲမြို့လိုဒေသမှာမြို့သိမ်းတိုက်ပွဲတွေမဆင်နွဲသင့်သေးကြောင်း မကြာခဏပြောခဲ့ပါတယ်။သိမ်းနိုင်လဲထိန်းနိုင်ဖို့မသေချာလို့ပါ။ထိုဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်မယ့်...

Read moreDetails

နွေဦးတော်လှန်ရေးအတွက် အချက်ပေး ခေါင်းလောင်းသံ

စစ်အာဏာရှင်ချုပ်ငြိမ်းရေး နွေဦးတော်လှန်ရေး ၄နှစ် ကာလ ယနေ့အချိန်သည် စစ်ရေးအောင်မြင်မှု အမြင့်မားဆုံးအချိန် ဟု ပြောနိုင်ပါသည်။ ဩဂုတ်လ ၃ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်ပိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်အောင်နိုင်ခြင်းသည် တော်လှန်ရေး၏ အကြီးမားဆုံး...

Read moreDetails

နိုဝင်ဘာ ၁၈၊ ၂၀၂၄။ (တနင်္လာ)​

နွေဦးတော်လှန်ရေးကတော့ စစ်ကောင်စီကိုလောက်ပဲမဟုတ်ပဲ တရုတ်ကိုပါ ရင်ဆိုင်နေရပါပြီ။ MNDAA ခေါင်းဆောင် ဖုန်းတာရွှင်ကိုပါ အကျယ်ချုပ် ဖမ်းထားပြီး လားရှိုးကို ပြန်ပေးဖို့အတွက် အကြပ်ကိုင်နေတယ်ဆိုတာ အတော်လေး မိုက်ရိုင်းလွန်းတယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်တွေအတွက် တကယ့်ကို ကျဥ်းထဲကြပ်ထဲအချိန်ကာလ ရောက်နေပြီဖြစ်တယ်။ တရုတ်ဟာလည်း စစ်ကောင်စီလိုပဲ...

Read moreDetails

နိုဝင်ဘာ ၁၇၊ ၂၀၂၄။ (တနင်္ဂနွေ)​

MNDAAအဖွဲ့ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်ဘက်ကဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။သူဟာပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်နိုင်ငံမှာတရုတ်အထူးကိုယ်စားလှယ်နဲ့ သွားရောက်တွေ့ဆုံပြီးနောက်ပိုင်းကိုးကန့်ဘက်ကို ပြန်မရောက်လာတော့ပါဘူး။ကိုးကန့်တပ်တွေကိုအတင်းအကြပ်ဖိအားပေးနေ​တဲ့ တရုတ်ဟာ ကိုးကန့်တပ်ခေါင်းဆောင်ကိုဖမ်းဆီးထားပြီး လားရှိုးကိုစစ်ကောင်စီကိုပြန်ပေးဖို့ အကြပ်ကိုင်နေပါတယ်။ကိုးကန့်တပ်တွေဘက်ကတော့ ဘယ်လိုအ​ခြေအနေမျိုးဖြစ်စေလားရှိုးက ဆုတ်ခွာမပေးဘူးလို့ပြောထားတယ်။ဒါပေမယ့်လဲ သူတို့ခေါင်းဆောင်အသက်အန္တရာယ်ရှိနိုင်တာကြောင့် လားရှိုးကဆုတ်ခွာသွားတာမျိုးလဲဖြစ်နိုင်ပါတယ်။လားရှိုးက MNDAAတို့ဆုတ်ပေးလိုက်ရင် ပြင်ဦးလွင်လားရှိုးလမ်းပေါ်ကTLNAသိမ်းပိုက်ထားတဲ့ နောင်ချို၊ကျောက်မဲ၊သီပေါမြို့တို့ကိုTLNAကပါဆုတ်ပေးရမှာပါ။အခြေအနေတွေက ထင်သလောက်မလွယ်ပါဘူး။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ​တော့ စောင့်ကြည့်ရမှာပဲ။

Read moreDetails

နိုဝင်ဘာ ၁၆၊ ၂၀၂၄။ (စနေ)​

ချင်းပြည်နယ်မင်းတပ်နဲ့ဖလမ်းမြို့မှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်ဆဲပါ။ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ခြောက်ဆယ်ရာခိုင်နှုန်းအထိထိန်းချုပ်နိုင်ပြီးလို့သိရတယ်။စစ်ကောင်စီကတော့ မြို့ပေါ်ကအိမ်တွေကိုမီးလိုက်ရှို့နေပါတယ်။ ရခိုင်ပပြည်နယ်အမ်းမြို့မှာလဲ AAတပ်တော်ကစစ်ကူလာပို့တဲ့စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်။ထိုရဟတ်ယာဥ်ဟာပျက်ကျမသွားပေမယ့် မကွေးတိုင်းထဲကတစ်နေရာမှာအရေးပေါ်ဆင်းသက်ခဲ့ရတယ်။အမ်းမြို့ထဲမှာတော့စစ်ဌာနချုပ်ကို အဓိကထောက်ပို့ပေးနေတဲ့တပ်ကို အေအေကသိမ်းလိုက်နိုင်ပါပြီ။အခြားဒေသတွေမှာတော့ တိုက်ပွဲတွေငြိမ်သက်သလောက်ဖြစ်နေပါတယ်။

Read moreDetails
Page 36 of 233 1 35 36 37 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist